ကွန်မြူနတီဒိုင်းပွဲပြီးနောက် စွပ်စွဲမှုတွေကို ဖြေရှင်းလာရတဲ့ မန်စီးတီးနည်းပြ

မန်စီးတီးဟာစနေနေ့တုန်းကKing Power တွင်လီဗာပူးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ကွန်မြူနတီ

ဒိုင်းဒုတိယဆုတံဆိပ်ကိုလက်ခံရယူရန်ငြင်းဆိုခဲ့ကြောင်းစွပ်စွဲပြောဆိုခံနေရပါတယ်။ဒါပေမဲ့နည်း

ပြပက်ဂွါဒီယိုလာကတော့ယင်းစွပ်စွဲမှုကိုငြင်းဆိုသွားပါတယ်။ဂွါဒီယိုလာဦးဆောင်တဲ့ပရီးမီးယား

လိဂ်ချန်ပီယံလိဂ်ဟာလီဗာပူးကိုရှုံးနိမ့်ကာကွန်မြူနတီဒိုင်းတွင်နှစ်နှစ်ဆက်ရှုံးနိမ့်ခဲ့ပါတယ်။လီဗာ

ပူးဟာထရန်းအလက်ဇန္ဒားအာနိုး၊မိုဟာမက်ဆာလက်နှင့်ဒါဝင်နူနက်ဇ်တို့ရဲ့ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး

၂၀၀၆ခုနှစ်နောက်ပိုင်းပထမဆုံးကွန်မြူနတီဒိုင်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းလီဗာပူး

ကစားသမားတို့အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။မန်စီးတီးကစားသမားများကတော့လီဗာ

ပူးအသင်းကွန်မြူနတီဒိုင်းကိုင်မြှောက်နေချိန်တွင်လက်ခုပ်တီးဂုဏ်ပြုမှုပင်မပြုလုပ်ဘဲဥမင်လှိုဏ်

ခေါင်းသို့ဆင်းသွားခဲ့ကြပါတယ်။ဒါကြောင့်လည်းပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်ဂွါဒီယိုလာဟာ

ကွန်မြူနတီဒိုင်းဒုတိယဆုတံဆိပ်လက်ခံရန်ငြင်းခဲ့သလားလို့မေးမြန်းခံခဲ့ရပါတယ်။အင်တာဗျူး

သူက “မင်းရဲ့ကစားသမားတွေဆုတံဆိပ်မရယူခဲ့ဘူး။ သူတို့က ဆုတံဆိပ်ကိုလက်မခံတာ”လို့ပြော

ဆိုခဲ့ပါတယ်။ချက်ချင်းပင်ဂွါဒီယိုလာက” ကျွန်တော်တို့ဆုတံဆိပ်တွေကိုလက်ခံပါတယ်”လို့ပြော

ကြားခဲ့ပါတယ်။မန်စီးတီးဟာဒုတိယဆုနှင့်ပတ်သက်ပြီးအငြင်းပွားစရာဖြစ်တာပထမဆုံးအကြိမ်

မဟုတ်ပါဘူး။ဂွါဒီယိုလာဟာပြီးခဲ့တဲ့နှစ်မေလတုန်းကချဲလ်ဆီးကိုချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်

ပြီးနောက်ချန်ပီယံလိဂ်ဒုတိယဆုကိုနမ်းနေမှုအတွက်လှောင်ပြောင်ခြင်းခံခဲ့ရဖူးပါတယ်။

မန္စီးတီးဟာစေနေန႔တုန္းကKing Power တြင္လီဗာပူးကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ကြန္ျမဴနတီ

ဒိုင္းဒုတိယဆုတံဆိပ္ကိုလက္ခံရယူရန္ျငင္းဆိုခဲ့ေၾကာင္းစြပ္စြဲေျပာဆိုခံေနရပါတယ္။ဒါေပမဲ့နည္း

ျပပက္ဂြါဒီယိုလာကေတာ့ယင္းစြပ္စြဲမႈကိုျငင္းဆိုသြားပါတယ္။ဂြါဒီယိုလာဦးေဆာင္တဲ့ပရီးမီးယား

လိဂ္ခ်န္ပီယံလိဂ္ဟာလီဗာပူးကိုရႈံးနိမ့္ကာကြန္ျမဴနတီဒိုင္းတြင္ႏွစ္ႏွစ္ဆက္ရႈံးနိမ့္ခဲ့ပါတယ္။လီဗာ

ပူးဟာထရန္းအလက္ဇႏၵားအာႏိုး၊မိုဟာမက္ဆာလက္ႏွင့္ဒါဝင္ႏူနက္ဇ္တို႔ရဲ႕ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီး

၂၀၀၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးကြန္ျမဴနတီဒိုင္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္လည္းလီဗာပူး

ကစားသမားတို႔အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။မန္စီးတီးကစားသမားမ်ားကေတာ့လီဗာ

ပူးအသင္းကြန္ျမဴနတီဒိုင္းကိုင္ေျမႇာက္ေနခ်ိန္တြင္လက္ခုပ္တီးဂုဏ္ျပဳမႈပင္မျပဳလုပ္ဘဲဥမင္လႈိဏ္

ေခါင္းသို႔ဆင္းသြားခဲ့ၾကပါတယ္။ဒါေၾကာင့္လည္းပြဲၿပီးသတင္းစာရွင္းလင္းပြဲတြင္ဂြါဒီယိုလာဟာ

ကြန္ျမဴနတီဒိုင္းဒုတိယဆုတံဆိပ္လက္ခံရန္ျငင္းခဲ့သလားလို႔ေမးျမန္းခံခဲ့ရပါတယ္။အင္တာဗ်ဴး

သူက “မင္းရဲ႕ကစားသမားေတြဆုတံဆိပ္မရယူခဲ့ဘူး။ သူတို႔က ဆုတံဆိပ္ကိုလက္မခံတာ”လို႔ေျပာ

ဆိုခဲ့ပါတယ္။ခ်က္ခ်င္းပင္ဂြါဒီယိုလာက” ကြၽန္ေတာ္တို႔ဆုတံဆိပ္ေတြကိုလက္ခံပါတယ္”လို႔ေျပာ

ၾကားခဲ့ပါတယ္။မန္စီးတီးဟာဒုတိယဆုႏွင့္ပတ္သက္ၿပီးအျငင္းပြားစရာျဖစ္တာပထမဆုံးအႀကိမ္

မဟုတ္ပါဘူး။ဂြါဒီယိုလာဟာၿပီးခဲ့တဲ့ႏွစ္ေမလတုန္းကခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္

ၿပီးေနာက္ခ်န္ပီယံလိဂ္ဒုတိယဆုကိုနမ္းေနမႈအတြက္ေလွာင္ေျပာင္ျခင္းခံခဲ့ရဖူးပါတယ္။