
အက်ဖ်အေကတနင်္ဂနွေနေ့တုန်းကမန်စီးတီးကိုလီဗာပူးအနိုင်ရရှိတဲ့ပွဲစဉ်တွင် မီးရှူးများ၊မီးခိုးဗုံးများ
ပစ်ဖောက်မှုအတွက်လီဗာပူးပရိသတ်များကိုအရေးယူသွားမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။
လီဗာပူးကမန်စီးတီးကို၃-၁ဖြင့်အနိုင်ရရှိတဲ့ King Power ပွဲစဉ်တွင်လီဗာပူးပရိသတ်များဟာအက်ဖ်
အေကတားမြစ်တဲ့စည်းမျဉ်းများကိုချိုးဖောက်ခဲ့ပါတယ်။လီဗာပူးပရိသတ်များရဲ့မီးရှူးနှင့်မီးခုံးဗုံးပစ်
ဖောက်မှုကြောင့်ကွင်းတစ်ခုလုံးမီးခိုးများပြည့်နှက်နေပြီး ရုပ်သံမှကြည့်ရှုရသူများအဆင်မပြေဖြစ်ခဲ့
ကြပါတယ်။အက်ဖ်အေဟာကွင်းအတွင်းမီးရှူးဖောက်ခြင်း၊မီးခုံးဗုံးခွဲခြင်းအပြင်ကွင်းအတွင်းဝင်
ရောက်ခြင်းတို့အပေါ်ပြင်းထန်စွာအရေးယူမယ်လို့ကြေညာပြီး ရက်အနည်းငယ်အကြာတွင် အထက်
ပါအဖြစ်အပျက်ကြုံလာရတာလည်းဖြစ်ပါတယ်။အထက်ပါအပြုအမူပြုလုပ်တဲ့ပရိသတ်ဟာပွဲကြည့်
ခွင့်ပိတ်ပင်ခံရမှာဖြစ်ပြီး ရဲစခန်းတွင်အမှုဖွင့်ခံရပါမယ်။ပွဲကြည့်ခွင့်ပိတ်ခံရမှုဘယ်လောက်ကျခံရ
မယ်ဆိုတာကိုတော့မဆုံးဖြတ်ရသေးပါဘူး။ဒါပေမဲ့တစ်နှစ်အထိပိတ်ပင်နိုင်ပါတယ်။အက်ဖ်အေ
ဟာလီဗာပူးပရိသတ်များရဲ့လုပ်ဆောင်မှုကိုစီစီတီဗွီမှတ်တမ်းများဖြင့်စစ်ဆေးအရေးယူမှုပြုလုပ်
သွားပါလိမ့်မယ်။
အက္ဖ္ေအကတနဂၤေႏြေန႔တုန္းကမန္စီးတီးကိုလီဗာပူးအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ မီးရႉးမ်ား၊မီးခိုးဗုံးမ်ား
ပစ္ေဖာက္မႈအတြက္လီဗာပူးပရိသတ္မ်ားကိုအေရးယူသြားမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
လီဗာပူးကမန္စီးတီးကို၃-၁ျဖင့္အႏိုင္ရရွိတဲ့ King Power ပြဲစဥ္တြင္လီဗာပူးပရိသတ္မ်ားဟာအက္ဖ္
ေအကတားျမစ္တဲ့စည္းမ်ဥ္းမ်ားကိုခ်ိဳးေဖာက္ခဲ့ပါတယ္။လီဗာပူးပရိသတ္မ်ားရဲ႕မီးရႉးႏွင့္မီးခုံးဗုံးပစ္
ေဖာက္မႈေၾကာင့္ကြင္းတစ္ခုလုံးမီးခိုးမ်ားျပည့္ႏွက္ေနၿပီး ႐ုပ္သံမွၾကည့္ရႈရသူမ်ားအဆင္မေျပျဖစ္ခဲ့
ၾကပါတယ္။အက္ဖ္ေအဟာကြင္းအတြင္းမီးရႉးေဖာက္ျခင္း၊မီးခုံးဗုံးခြဲျခင္းအျပင္ကြင္းအတြင္းဝင္
ေရာက္ျခင္းတို႔အေပၚျပင္းထန္စြာအေရးယူမယ္လို႔ေၾကညာၿပီး ရက္အနည္းငယ္အၾကာတြင္ အထက္
ပါအျဖစ္အပ်က္ႀကဳံလာရတာလည္းျဖစ္ပါတယ္။အထက္ပါအျပဳအမူျပဳလုပ္တဲ့ပရိသတ္ဟာပြဲၾကည့္
ခြင့္ပိတ္ပင္ခံရမွာျဖစ္ၿပီး ရဲစခန္းတြင္အမႈဖြင့္ခံရပါမယ္။ပြဲၾကည့္ခြင့္ပိတ္ခံရမႈဘယ္ေလာက္က်ခံရ
မယ္ဆိုတာကိုေတာ့မဆုံးျဖတ္ရေသးပါဘူး။ဒါေပမဲ့တစ္ႏွစ္အထိပိတ္ပင္ႏိုင္ပါတယ္။အက္ဖ္ေအ
ဟာလီဗာပူးပရိသတ္မ်ားရဲ႕လုပ္ေဆာင္မႈကိုစီစီတီဗြီမွတ္တမ္းမ်ားျဖင့္စစ္ေဆးအေရးယူမႈျပဳလုပ္
သြားပါလိမ့္မယ္။