ကွင်းလယ်အင်အားကို တိုးမြှင့်ဖို့ရာအတွက် အတိတ်ဟောင်းတစ်ခုကိုပြန်လည်တူးဆွလာတဲ့ အဲရစ်တန်ဟန့်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟန့်ဟာ သူ့ရဲ့ ကွင်းလယ်အင်အားကို တိုးမြှင့်

ဖို့ရာအတွက် လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ယူရီ တိုင်လီမန်းစ်ကို ခေါ်

ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းရဲ့ အခြေအနေကို ပြန်လည်အသက်သွင်းလိုက်ကြောင်း သိရပါတယ်။

တိုင်လီမန်းစ်ဟာ လက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်

ပြီး၊ သူ့အနေနဲ့လည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါ

တယ်။ ကာလဈေးကွက်တန်ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူလို့ရနိုင်မယ့် တိုင်လီမန်းစ်ကို မြောက်

လန်ဒန်ပြိုင်ဘက်တွေဖြစ်ကြတဲ့ အာဆင်နယ်အသင်းနဲ့ တော့တင်ဟန်ဟော့စပါးအသင်းတို့က

လည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။ဒါပေမယ့် စပါးအသင်းဟာ ဘစ်ဆူးမားကို တူညီတဲ့

တန်ကြေးပမာဏလောက်နဲ့ ခေါ်ယူခဲ့ပြီး အာဆင်နယ်အသင်းကလည်း အခြားပစ်မှတ်ကစား

သမားတွေကိုသာ ဦးစားပေးကြိုးစားနေပြီး တိုင်လီမန်းစ်ကို နွေအ‌ပြောင်းအရွှေ့ဈေးကွက်ရဲ့

နောက်ဆုံးအချိန်ရောက်မှသာ ကြိုးပမ်းသွားဖွယ်ရှိတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာလည်း

အဲရစ် တန်ဟန့်ကိုနည်းပြသစ်အဖြစ် မခန့်အပ်မီမှာ ဘယ်လ်ဂျီယံအသင်းရဲ့ လက်ရွေးစင်က

စားသမား တိုင်လီမန်းစ်ကို ခေါ်ယူဖို့ချိတ်ဆက်တာမျိုးတွေ ရှိခဲ့ပေမယ့်၊ တန်ဟန့် နည်းပြဖြစ်

လာချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယောင်းကိုသာ အ

ဓိကထားခေါ်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် တိုင်လီမန်းစ်နဲ့ မန်ယူရဲ့ သတင်းတွေဟာ တိတ်

ဆိတ်သွားခဲ့ပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ တိုင်လီမန်းစ်ဟာ ယူနိုက်တက်အသင်းရဲ့

ပစ်မှတ်စာရင်းထဲကို ပြန်လည်ပါဝင်လာပြီဖြစ်ကြောင်းနဲ့ တန်ဟန့်ဟာ ကစားသမားဖြစ်သူ

ကို စိတ်ဝင်စားနေကြောင်း နာမည်ကြီး The Times သတင်းဌာနက ဖော်ပြပါတယ်။ မန်ယူ

အသင်းဟာ ဒီယောင်းကို ပေါင် ၅၆ သန်းနဲ့ သဘောတူညီမှုရဖို့ အလွန်နီးစပ်နေပြီဖြစ်ပေမယ့်

တန်ဟန့်ဟာ ဒုတိယကွင်းလယ်ကစားသမားတစ်ဦး အမြဲလိုချင်ခဲ့တာ ဖြစ်ပါတယ်။ တန်ဟန့်

အနေနဲ့သာ တိုင်လီမန်းစ်ကို ခေါ်ယူသွားမယ်ဆိုရင် ကွင်းလယ်ခံစစ်ပိုင်းကို အဓိကထားတာ

ဝန်ယူသွားရဖို့ရှိပြီး နီမန်ာဂျာ မာတစ်ရဲ့ နေရာကို အစားဝင်ရောက်ရမာဖြစ်ပါတယ်။ ဒီယောင်း

းကိုတော့ ပေါ့ဘာရဲ့ နေရာအစားထိုးဖို့အတွက် တန်ဟန့်က စဉ်းစားနေပါတယ်။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟန႔္ဟာ သူ႔ရဲ႕ ကြင္းလယ္အင္အားကို တိုးျမႇင့္

ဖို႔ရာအတြက္ လက္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ယူရီ တိုင္လီမန္းစ္ကို ေခၚ

ယူဖို႔ စိတ္ဝင္စားခဲ့တဲ့ အသင္းရဲ႕ အေျခအေနကို ျပန္လည္အသက္သြင္းလိုက္ေၾကာင္း သိရပါတယ္။

တိုင္လီမန္းစ္ဟာ လက္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ရွိေတာ့တာျဖစ္

ၿပီး၊ သူ႔အေနနဲ႔လည္း စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားခဲ့ပါ

တယ္။ ကာလေဈးကြက္တန္ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေခၚယူလို႔ရႏိုင္မယ့္ တိုင္လီမန္းစ္ကို ေျမာက္

လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ အာဆင္နယ္အသင္းနဲ႔ ေတာ့တင္ဟန္ေဟာ့စပါးအသင္းတို႔က

လည္း ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ဖူးပါတယ္။ဒါေပမယ့္ စပါးအသင္းဟာ ဘစ္ဆူးမားကို တူညီတဲ့

တန္ေၾကးပမာဏေလာက္နဲ႔ ေခၚယူခဲ့ၿပီး အာဆင္နယ္အသင္းကလည္း အျခားပစ္မွတ္ကစား

သမားေတြကိုသာ ဦးစားေပးႀကိဳးစားေနၿပီး တိုင္လီမန္းစ္ကို ေႏြအ‌ေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕

ေနာက္ဆုံးအခ်ိန္ေရာက္မွသာ ႀကိဳးပမ္းသြားဖြယ္ရွိတာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာလည္း

အဲရစ္ တန္ဟန႔္ကိုနည္းျပသစ္အျဖစ္ မခန႔္အပ္မီမွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ လက္ေ႐ြးစင္က

စားသမား တိုင္လီမန္းစ္ကို ေခၚယူဖို႔ခ်ိတ္ဆက္တာမ်ိဳးေတြ ရွိခဲ့ေပမယ့္၊ တန္ဟန႔္ နည္းျပျဖစ္

လာခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစားသမား ဖရန္ကီ ဒီေယာင္းကိုသာ အ

ဓိကထားေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ တိုင္လီမန္းစ္နဲ႔ မန္ယူရဲ႕ သတင္းေတြဟာ တိတ္

ဆိတ္သြားခဲ့ပါတယ္။ဒါေပမယ့္ အခုခ်ိန္မွာေတာ့ တိုင္လီမန္းစ္ဟာ ယူႏိုက္တက္အသင္းရဲ႕

ပစ္မွတ္စာရင္းထဲကို ျပန္လည္ပါဝင္လာၿပီျဖစ္ေၾကာင္းနဲ႔ တန္ဟန႔္ဟာ ကစားသမားျဖစ္သူ

ကို စိတ္ဝင္စားေနေၾကာင္း နာမည္ႀကီး The Times သတင္းဌာနက ေဖာ္ျပပါတယ္။ မန္ယူ

အသင္းဟာ ဒီေယာင္းကို ေပါင္ ၅၆ သန္းနဲ႔ သေဘာတူညီမႈရဖို႔ အလြန္နီးစပ္ေနၿပီျဖစ္ေပမယ့္

တန္ဟန႔္ဟာ ဒုတိယကြင္းလယ္ကစားသမားတစ္ဦး အၿမဲလိုခ်င္ခဲ့တာ ျဖစ္ပါတယ္။ တန္ဟန႔္

အေနနဲ႔သာ တိုင္လီမန္းစ္ကို ေခၚယူသြားမယ္ဆိုရင္ ကြင္းလယ္ခံစစ္ပိုင္းကို အဓိကထားတာ

ဝန္ယူသြားရဖို႔ရွိၿပီး နီမန္ာဂ်ာ မာတစ္ရဲ႕ ေနရာကို အစားဝင္ေရာက္ရမာျဖစ္ပါတယ္။ ဒီေယာင္း

းကိုေတာ့ ေပါ့ဘာရဲ႕ ေနရာအစားထိုးဖို႔အတြက္ တန္ဟန႔္က စဥ္းစားေနပါတယ္။