ကြီးကျယ်ခမ်းနားတဲ့ ဂေါင်းကြီးကိုအရံခုံထိုင်ခိုင်းထားတဲ့အပေါ် နားမလည်နိုင်ကြောင်းရင်ဖွင့်လိုက်တဲ့ အသင်းဖော်နောက်ခံလူ

ယူနိုက်တက်အသင်းဖော် နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်က မက်ဂွိုင်းရားနဲ့ပတ်သက်လို့ ဝေဖန်

နေကြတဲ့သူတွေကို ပြစ်တင်ဝေဖန်လိုက်ပြီး မက်ဂွိုင်းရားဟာ ထိပ်တန်းနောက်ခံလူတယောက်

ဖြစ်နေပြီးသားလို့ တုံ့ပြန်လာပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကစားသမားဘဝမှာ အများကြီး စွမ်းဆောင်

ပြထားတာကြောင့် မက်ဂွိုင်းရားလိုမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုလာပါတယ်။ဘရန်ဒန်ဝီလီယံစ်

က “မက်ဂွိုင်းရားက ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်စေ ရာ

နှုန်းပြည့် ပေးဆပ်နေပါတယ်။ အပြင်လူတွေ ပြောတဲ့စကားတွေကို ကျနော်တို့ ဂရုမစိုက်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျနော်ပြောသလိုပဲ အတွင်းပိုင်းကအမြင်တွေက အရေးကြီးဆုံးဖြစ်တာ

ကြောင့်ပါ။ လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြရင်တောင် တွစ်တာပေါ်က ငကြောင်အချို့က ပွဲ

ထွက်ခွင့်မပေးသင့်ဘူး ပြောနေတာပါ”“အဲ့ဒီလိုပြောနေတဲ့သူတွေက ဘယ်သူတွေလဲ။ ကျနော်ဖြင့်

နားတောင်မလည်နိုင်ပါဘူး။ မက်ဂွိုင်းရားက ထိပ်တန်းကစားသမား၊ ထိပ်တန်းအသင်းခေါင်းဆောင်

တယောက်ပါ။ မက်ဂွိုင်းရားက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ဆက်

လက်ဖြတ်သန်းနေဦးမှာပါ။ သူက ကျောက်တုံးတွေ အဆင့်ဆင့်တင်ထားတဲ့ အပေါ်မှာရှိနေပါတယ်”

“သူတက်လှမ်းချင်တဲ့ ထိပ်တန်းနေရာကို သူ သွားနိုင်ပါလိမ့်မယ်။ သူက ယူနိုက်တက်အသင်းခေါင်း

ဆောင်လည်းဖြစ်နေပါပြီ။ မက်ဂွိုင်းရား စွမ်းဆောင်ပြခဲ့သလိုမျိုး တနေနေ့မှာ ကျနော်လည်း စွမ်း

ဆောင်ပြနိုင်ဖို့ အိပ်မက်မက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ရာသီ

တည်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။အသင်းဖော်အချင်း

ချင်းကြားမှာတောင် မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချဖို့ တောင်းဆိုမှုတွေ

ရှိခဲ့တာပါ။ ဒီရာသီမှာတော့ မက်ဂွိုင်းရားက ပုံမှန်ပွဲထွက်ခွင့်တနေရာကို ဆုံးရှုံးလိုက်ရပြီလည်းဖြစ်

ပါတယ်။ လက်ရှိနည်းပြ တန်ဟက်ခ်ဟာ ဗဟိုနောက်ခံလူနေရာအတွက် ဗာရန်း၊ လီဆန်ဒရိုမာတီ

နက်ဇ်တို့ကိုသာ အရေးကြီးတဲ့ပွဲတွေမှာ ဦးစားပေး အသုံးပြုလျက်ရှိနေပါတယ်။

ယူႏိုက္တက္အသင္းေဖာ္ ေနာက္ခံလူ ဘရန္ဒန္ဝီလီယံစ္က မက္ဂြိဳင္းရားနဲ႔ပတ္သက္လို႔ ေဝဖန္

ေနၾကတဲ့သူေတြကို ျပစ္တင္ေဝဖန္လိုက္ၿပီး မက္ဂြိဳင္းရားဟာ ထိပ္တန္းေနာက္ခံလူတေယာက္

ျဖစ္ေနၿပီးသားလို႔ တုံ႔ျပန္လာပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ကစားသမားဘဝမွာ အမ်ားႀကီး စြမ္းေဆာင္

ျပထားတာေၾကာင့္ မက္ဂြိဳင္းရားလိုမ်ိဳး ျဖစ္ခ်င္ေၾကာင္းလည္း ဆိုလာပါတယ္။ဘရန္ဒန္ဝီလီယံစ္

က “မက္ဂြိဳင္းရားက ပြဲထြက္ခြင့္ရသည္ျဖစ္ေစ၊ မရဘူးျဖစ္ေစ၊ ေလ့က်င့္ေရးကြင္းမွာပဲျဖစ္ေစ ရာ

ႏႈန္းျပည့္ ေပးဆပ္ေနပါတယ္။ အျပင္လူေတြ ေျပာတဲ့စကားေတြကို က်ေနာ္တို႔ ဂ႐ုမစိုက္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္ေျပာသလိုပဲ အတြင္းပိုင္းကအျမင္ေတြက အေရးႀကီးဆုံးျဖစ္တာ

ေၾကာင့္ပါ။ ေလ့က်င့္ေရးကြင္းမွာ ပုံစံေကာင္းျပရင္ေတာင္ တြစ္တာေပၚက ငေၾကာင္အခ်ိဳ႕က ပြဲ

ထြက္ခြင့္မေပးသင့္ဘူး ေျပာေနတာပါ”“အဲ့ဒီလိုေျပာေနတဲ့သူေတြက ဘယ္သူေတြလဲ။ က်ေနာ္ျဖင့္

နားေတာင္မလည္ႏိုင္ပါဘူး။ မက္ဂြိဳင္းရားက ထိပ္တန္းကစားသမား၊ ထိပ္တန္းအသင္းေခါင္းေဆာင္

တေယာက္ပါ။ မက္ဂြိဳင္းရားက ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားဘဝကို ျဖတ္သန္းခဲ့ၿပီး ဆက္

လက္ျဖတ္သန္းေနဦးမွာပါ။ သူက ေက်ာက္တုံးေတြ အဆင့္ဆင့္တင္ထားတဲ့ အေပၚမွာရွိေနပါတယ္”

“သူတက္လွမ္းခ်င္တဲ့ ထိပ္တန္းေနရာကို သူ သြားႏိုင္ပါလိမ့္မယ္။ သူက ယူႏိုက္တက္အသင္းေခါင္း

ေဆာင္လည္းျဖစ္ေနပါၿပီ။ မက္ဂြိဳင္းရား စြမ္းေဆာင္ျပခဲ့သလိုမ်ိဳး တေနေန႔မွာ က်ေနာ္လည္း စြမ္း

ေဆာင္ျပႏိုင္ဖို႔ အိပ္မက္မက္ေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ မက္ဂြိဳင္းရားဟာ ၿပီးခဲ့တဲ့ရာသီ

တည္းက ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ကစားသမားတေယာက္ျဖစ္ပါတယ္။အသင္းေဖာ္အခ်င္း

ခ်င္းၾကားမွာေတာင္ မက္ဂြိဳင္းရားကို အသင္းေခါင္းေဆာင္အျဖစ္ကေန ျဖဳတ္ခ်ဖို႔ ေတာင္းဆိုမႈေတြ

ရွိခဲ့တာပါ။ ဒီရာသီမွာေတာ့ မက္ဂြိဳင္းရားက ပုံမွန္ပြဲထြက္ခြင့္တေနရာကို ဆုံးရႈံးလိုက္ရၿပီလည္းျဖစ္

ပါတယ္။ လက္ရွိနည္းျပ တန္ဟက္ခ္ဟာ ဗဟိုေနာက္ခံလူေနရာအတြက္ ဗာရန္း၊ လီဆန္ဒ႐ိုမာတီ

နက္ဇ္တို႔ကိုသာ အေရးႀကီးတဲ့ပြဲေတြမွာ ဦးစားေပး အသုံးျပဳလ်က္ရွိေနပါတယ္။