ကျိန်စာဆိုးလက်ချက်နဲ့ အသင်းဟောင်းဆီပြန်လည်ထွက်သွားခဲ့ရတဲ့ ချဲလ်ဆီးရဲ့ကျောနံပတ်(၉)ပိုင်ရှင်

ဘယ်လ်ဂျီယံနာမည်ကျော်တိုက်စစ်မှူးလူကာကူကတော့ ချယ်လ်ဆီးအသင်းမှာနှစ်ရှည်လများ

ကြာမြင့်နေတဲ့ ကျောနံပါတ်(၉)ကျိန်စာဆိုးကို မကျော်ဖြတ်နိုင်ခဲ့ဘဲအခုဆိုရင် (၁)ရာသီအကြာ

မှာပဲ အသင်းဟောင်းအင်တာမီလန်ကိုအငှားနဲ့ပြန်လည်ပြောင်းရွှေ့ခဲ့ရပြီဖြစ်ပါတယ်။ ချယ်လ်

ဆီးအသင်းဟာပြီးခဲ့တဲ့ရာသီအစက လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၉၇.၅)

သန်းနဲ့ခေါ်ယူခဲ့ပြီး တိုက်စစ်မှာ အားထားရမယ့်သူဖြစ်လာမယ်လို့မျှော်လင့်တကြီးဖြစ်ခဲ့ပေမယ့်

လူကာကူဟာ သူ့ရှေ့က နံပါတ်(၉)ကျိန်စာသင့်ခဲ့ရတဲ့ကစားသမားတွေအတိုင်းပဲ စိတ်ပျက်စရာ

အနေအထားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လူကာကူဟာ ရာသီအစပိုင်းမှာဂိုးတွေဆက်တိုက်သွင်း

ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာနဲ့ရင်ဆိုင်ခဲ့ရသလို သူ့ရဲ့နှုတ်မစောင့်စည်းမှုကြောင့်လည်း

ပွဲကစားခွင့်ပျောက်ဆုံးရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး ပြိုင်ပွဲစုံ(၄၄)ပွဲမှာ(၁၅)ဂိုးသာသွင်းယူ

နိုင်ခဲ့ပါတယ်။ လူကာကူမတိုင်ခင်က နံပါတ်(၉)ဝတ်ဆင်ခဲ့သူ အင်္ဂလန်တိုက်စစ်မှူးအေဘရာဟမ်

ဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်တာကြောင့် ပြီးခဲ့တဲ့ရာသီအစက ရိုးမားအသင်းဆီ

ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ကျောနံပါတ်(၉)ကျိန်စာဆိုးသင့်ခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ ဟီဂွါအင်၊

မိုရာတာ၊ ဖယ်လ်ကာအို၊တောရက်စ်စတဲ့ နာမည်ကျော်တွေပါဝင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာဂိုး

သွင်းစက်ဖြစ်ခဲ့တဲ့ ဟီဂွါအင်နဲ့မိုရာတာတို့ဟာ ချယ်လ်ဆီးအသင်းမှာ(၅)ဂိုး၊ (၁၅)ဂိုးသာသွင်း

ယူနိုင်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ကျိန်စာသင့်ခဲ့ရတဲ့သူတွေထဲမှာ အထင်ရှားဆုံးက

တော့ တောရက်စ်ဖြစ်ပြီးလီဗာပူးလ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီး

ကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အတွင်းစုစုပေါင်း(၄၅)ဂိုးသာသွင်း

ယူနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ လူကာကူမရှိတော့တဲ့အတွက် နံပါတ်(၉)က ပိုင်ရှင်မဲဖြစ်

နေပြီး အဲဒီကျိန်စာသင့်နံပါတ်ကို ဘယ်သူဝတ်ဆင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

ဘယ္လ္ဂ်ီယံနာမည္ေက်ာ္တိုက္စစ္မႉးလူကာကူကေတာ့ ခ်ယ္လ္ဆီးအသင္းမွာႏွစ္ရွည္လမ်ား

ၾကာျမင့္ေနတဲ့ ေက်ာနံပါတ္(၉)က်ိန္စာဆိုးကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲအခုဆိုရင္ (၁)ရာသီအၾကာ

မွာပဲ အသင္းေဟာင္းအင္တာမီလန္ကိုအငွားနဲ႔ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ရၿပီျဖစ္ပါတယ္။ ခ်ယ္လ္

ဆီးအသင္းဟာၿပီးခဲ့တဲ့ရာသီအစက လူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၉၇.၅)

သန္းနဲ႔ေခၚယူခဲ့ၿပီး တိုက္စစ္မွာ အားထားရမယ့္သူျဖစ္လာမယ္လို႔ေမွ်ာ္လင့္တႀကီးျဖစ္ခဲ့ေပမယ့္

လူကာကူဟာ သူ႔ေရွ႕က နံပါတ္(၉)က်ိန္စာသင့္ခဲ့ရတဲ့ကစားသမားေတြအတိုင္းပဲ စိတ္ပ်က္စရာ

အေနအထားေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ လူကာကူဟာ ရာသီအစပိုင္းမွာဂိုးေတြဆက္တိုက္သြင္း

ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒဏ္ရာနဲ႔ရင္ဆိုင္ခဲ့ရသလို သူ႔ရဲ႕ႏႈတ္မေစာင့္စည္းမႈေၾကာင့္လည္း

ပြဲကစားခြင့္ေပ်ာက္ဆုံးရတဲ့အထိ အေျခအေနဆိုး႐ြားခဲ့ၿပီး ၿပိဳင္ပြဲစုံ(၄၄)ပြဲမွာ(၁၅)ဂိုးသာသြင္းယူ

ႏိုင္ခဲ့ပါတယ္။ လူကာကူမတိုင္ခင္က နံပါတ္(၉)ဝတ္ဆင္ခဲ့သူ အဂၤလန္တိုက္စစ္မႉးေအဘရာဟမ္

ဟာ ခ်ယ္လ္ဆီးအသင္းမွာ ေျခစြမ္းမျပႏိုင္တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီအစက ႐ိုးမားအသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့ၿပီး စီးရီးေအမွာ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ေက်ာနံပါတ္(၉)က်ိန္စာဆိုးသင့္ခဲ့တဲ့ တိုက္စစ္မႉးေတြထဲမွာ ဟီဂြါအင္၊

မိုရာတာ၊ ဖယ္လ္ကာအို၊ေတာရက္စ္စတဲ့ နာမည္ေက်ာ္ေတြပါဝင္ခဲ့ၿပီး စီးရီးေအၿပိဳင္ပြဲမွာဂိုး

သြင္းစက္ျဖစ္ခဲ့တဲ့ ဟီဂြါအင္နဲ႔မိုရာတာတို႔ဟာ ခ်ယ္လ္ဆီးအသင္းမွာ(၅)ဂိုး၊ (၁၅)ဂိုးသာသြင္း

ယူႏိုင္တဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။က်ိန္စာသင့္ခဲ့ရတဲ့သူေတြထဲမွာ အထင္ရွားဆုံးက

ေတာ့ ေတာရက္စ္ျဖစ္ၿပီးလီဗာပူးလ္အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ေပမယ့္ ခ်ယ္လ္ဆီး

ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း ၂၀၁၁ ကေန ၂၀၁၅ ခုႏွစ္အတြင္းစုစုေပါင္း(၄၅)ဂိုးသာသြင္း

ယူႏိုင္ခဲ့ပါတယ္။ အခုအခ်ိန္မွာ လူကာကူမရွိေတာ့တဲ့အတြက္ နံပါတ္(၉)က ပိုင္ရွင္မဲျဖစ္

ေနၿပီး အဲဒီက်ိန္စာသင့္နံပါတ္ကို ဘယ္သူဝတ္ဆင္ဦးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ . . .