ကိုယ့်ကိုယ်ကိုယ်မျက်နှာသာပေးတဲ့အနေဖြင့် ရော်နယ်ဒိုအားကစားသမားဘဝမှအနားယူရန်ပြောကြားလိုက်တဲ့ ကာဆာနို

အန်တိုနီယိုကာဆာနိုကခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ကိုယ့်ကိုယ်ကိုယ်မျက်နှာသာပေးတဲ့အနေဖြင့်

ကစားသမားဘဝမှအနားယူလိုက်ရန်ပြောကြားလာပါတယ်။ရိုးမား၊ရီးရဲလ်မက်ဒရစ်၊အေစီမီလန်၊ပါးမားတို့

တွင်ကစားစဉ်တုန်းကဂိုးပေါင်းတစ်ရာကျော်သွင်းခဲ့ဖူးတဲ့ အီတလီလက်ရွေးစင်ဟောင်းကာဆာနိုဟာယခင်

တုန်းကလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုမကြာခဏဝေဖန်မှုများပြုလုပ်လာခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်

တုန်းကလည်းကာဆာနိုက “သူကအခြားသူတွေဂိုးသွင်းတာကိုဂရုမစိုက်ဘူး။သူဂိုးသွင်းဖို့အတွက်သက်

သက်ရှင်သန်နေတဲ့သူပါ။ဘောလုံးအတွက်ရှင်သန်နေတာမဟုတ်ပါဘူး။ကိုယ်ပိုင်ရည်မှန်းချက်တွေအတွက်

ရှင်သန်နေတယ်ဆိုတာရှင်းရှင်းလေးပါ”လို့ပြောကြားသွားပါတယ်။ဒါ့အပြင်သူဟာပြီးခဲ့တဲ့အောက်တိုဘာ

လတုန်းကလည်းခရစ္စတီယာနိုရော်နယ်ဒိုမှာဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားမဟုတ်

ကြောင်းနှင့်သူ့ထက်ပိုကောင်းတဲ့ကစားသမားများအဖြစ်မက်ဆီ၊မာရာဒိုနာ၊ခရိုက်ဖ်၊ရော်နယ်ဒိုတို့ရှိနေ

သေးကြောင်းလည်းပြောကြားခဲ့ဖူးပါတယ်။ယခုလည်းကာဆာနိုက “ဒီတစ်ကြိမ်မှာတော့ခရစ္စတီယာနို

အနေနဲ့သူ့ကိုယ်သူချစ်သင့်တယ်။ကိုယ့်ကိုယ်ကိုယ်မျက်နှာသာပေးသင့်တယ်။အဆင့်တစ်ဆင့်သို့သူမ

ရောက်နိုင်တော့ဘူးဆိုတာနားလည်ရပါမယ်။ပြီးရင်အနားယူရပါမယ်။သူကအားလုံးရယူထားပြီးပါပြီ။

အခုအနားယူရဖို့အချိန်ရောက်လာပြီ။CR7 ကိုအများကြီးလေးစားပါတယ်။သူ့ကိုကစားသမားတစ်ဦးအ

နေနဲ့မကြိုက်ဘူး။မက်ဆီကမာရာဒိုနာနဲ့တူတယ်။အသက်၁၄နှစ်အရွယ်မှာပဲအာဂျင်တီးနားကိုစွန့်ခွာခဲ့

ရတယ်။ကြံ့ခိုင်မှုပြဿနာတွေနဲ့ကြုံခဲ့ရတယ်။အများကြီးပေးဆပ်ခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

အန္တိုနီယိုကာဆာႏိုကခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ကိုယ့္ကိုယ္ကိုယ္မ်က္ႏွာသာေပးတဲ့အေနျဖင့္

ကစားသမားဘဝမွအနားယူလိုက္ရန္ေျပာၾကားလာပါတယ္။႐ိုးမား၊ရီးရဲလ္မက္ဒရစ္၊ေအစီမီလန္၊ပါးမားတို႔

တြင္ကစားစဥ္တုန္းကဂိုးေပါင္းတစ္ရာေက်ာ္သြင္းခဲ့ဖူးတဲ့ အီတလီလက္ေ႐ြးစင္ေဟာင္းကာဆာႏိုဟာယခင္

တုန္းကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုမၾကာခဏေဝဖန္မႈမ်ားျပဳလုပ္လာခဲ့သူျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္

တုန္းကလည္းကာဆာႏိုက “သူကအျခားသူေတြဂိုးသြင္းတာကိုဂ႐ုမစိုက္ဘူး။သူဂိုးသြင္းဖို႔အတြက္သက္

သက္ရွင္သန္ေနတဲ့သူပါ။ေဘာလုံးအတြက္ရွင္သန္ေနတာမဟုတ္ပါဘူး။ကိုယ္ပိုင္ရည္မွန္းခ်က္ေတြအတြက္

ရွင္သန္ေနတယ္ဆိုတာရွင္းရွင္းေလးပါ”လို႔ေျပာၾကားသြားပါတယ္။ဒါ့အျပင္သူဟာၿပီးခဲ့တဲ့ေအာက္တိုဘာ

လတုန္းကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားမဟုတ္

ေၾကာင္းႏွင့္သူ႔ထက္ပိုေကာင္းတဲ့ကစားသမားမ်ားအျဖစ္မက္ဆီ၊မာရာဒိုနာ၊ခ႐ိုက္ဖ္၊ေရာ္နယ္ဒိုတို႔ရွိေန

ေသးေၾကာင္းလည္းေျပာၾကားခဲ့ဖူးပါတယ္။ယခုလည္းကာဆာႏိုက “ဒီတစ္ႀကိမ္မွာေတာ့ခရစၥတီယာႏို

အေနနဲ႔သူ႔ကိုယ္သူခ်စ္သင့္တယ္။ကိုယ့္ကိုယ္ကိုယ္မ်က္ႏွာသာေပးသင့္တယ္။အဆင့္တစ္ဆင့္သို႔သူမ

ေရာက္ႏိုင္ေတာ့ဘူးဆိုတာနားလည္ရပါမယ္။ၿပီးရင္အနားယူရပါမယ္။သူကအားလုံးရယူထားၿပီးပါၿပီ။

အခုအနားယူရဖို႔အခ်ိန္ေရာက္လာၿပီ။CR7 ကိုအမ်ားႀကီးေလးစားပါတယ္။သူ႔ကိုကစားသမားတစ္ဦးအ

ေနနဲ႔မႀကိဳက္ဘူး။မက္ဆီကမာရာဒိုနာနဲ႔တူတယ္။အသက္၁၄ႏွစ္အ႐ြယ္မွာပဲအာဂ်င္တီးနားကိုစြန႔္ခြာခဲ့

ရတယ္။ႀကံ့ခိုင္မႈျပႆနာေတြနဲ႔ႀကဳံခဲ့ရတယ္။အမ်ားႀကီးေပးဆပ္ခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။