ကိုဗစ်နှိပ်စက်ချက်ကြောင့် ဘရက်စ်နဲ့ပွဲမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းမပေးနိုင်ခဲ့တဲ့ မက်ဆီ
PSG အသင်းရဲ့အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ ကိုဗစ်ရောဂါကနေပြန်လည်
သက်သာကောင်းမွန်လာပြီဖြစ်ပေမယ့် ဒီတစ်ပတ်ကစားမယ့် ဘရက်စ်နဲ့ပြင်သစ်လီဂူးပွဲမှာတော့
ပါဝင်နိုင်ဖို့မရှိပါဘူး။အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆောင်းရာ
သီအားလပ်ရက် အာဂျင်တီးနားနိုင်ငံကို ခဏပြန်အနားယူချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာဖြစ်
ပြီးသူနဲ့အတူ ကလပ်အသင်းဖော် အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဟွမ်ဘားနက်၊ ဆာဂျီယိုရီ
ကို၊ ဘစ်တူမာဇာလာတို့ အားလုံးခရစ္စမတ်ကာလမှာ ကိုဗစ်ရောဂါအသီးသီးကူးစက်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ပိုချက်တီနိုရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးကတော့ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကနေ ရာနှုန်းပြည့်
သက်သာကောင်းမွန်လာပြီလို့ မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ မက်ဆီအပါ
အဝင် ကစားသမား(၄)ဦးဟာ ပြီးခဲ့တဲ့တစ်ပတ်က,ကစားခဲ့တဲ့ ဗန်းနက်စ်၊ လိုင်ယွန်တို့နဲ့ပွဲတွေကို လွဲ
ချော်ခဲ့ပြီးစနေညမှာကစားမယ့် ဘရက်စ်နဲ့ပွဲမှာတော့ မက်ဆီပါဝင်ကစားနိုင်ဖို့ ပရိသတ်တွေက မျှော်
လင့်တကြီးဖြစ်နေကြတာပါ။ဒါပေမဲ့လည်း ESPN Argentina သတင်းဌာနက မက်ဆီဟာ ကိုဗစ်ရော
ဂါကနေ ရာနှုန်းပြည့်ကင်းစင်ပျောက်ကင်းဖို့အတွက်အနားယူရမှာဖြစ်တာကြောင့် ဘရက်စ်နဲ့ပွဲမှာပါ
ဝင်နိုင်မှာမဟုတ်ဘူးလို့ အခိုင်အမာဖော်ပြခဲ့ပါတယ်။အခုဇန်နဝါရီလကုန်ကျရင် အာဂျင်တီးနားအသင်း
ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားရမှာဖြစ်ပေမယ့်မက်ဆီကတော့ နိုင်ငံအသင်းမှာပါဝင်ကစား
ဖို့မရှိဘဲ ကလပ်အသင်းအတွက် အာရုံစိုက်ကစားပေးသွားဖို့ရှိနေပါတယ်။အာဂျင်တီးနားအသင်းဟာ
ချီလီ၊ ကိုလံဘီယာတို့နဲ့ကစားရမှာဖြစ်ပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်လို့ ရလဒ်က
အရေးမကြီးတော့ပါဘူး။
အရေးမကြီးတော့ပါဘူး။