
အဲဗာတန်ဟာအသင်းကိုကိုင်တွယ်လာတာတစ်နှစ်တောင်မကြာသေးတဲ့ ဖရန့်လမ်းပတ်ကိုရာထူးမှထုတ်
ပယ်လာပါတယ်။အဲဗာတန်ဟာစနေနေ့တုန်းကနောက်ဆုံးပရီးမီးယားလိဂ်ပွဲ၁၂ပွဲတွင်၉ပွဲမြောက်အရှုံးအ
ဖြစ်ဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီးနောက်လမ်းပတ်ကိုထုတ်ပယ်ရန်ဆုံးဖြတ်လာတာဖြစ်ပါတယ်။လမ်းပတ်ဦး
ဆောင်ခဲ့တဲ့အဲဗာတန်ဟာပရီးမီးယားလိဂ်ပွဲ၂၀ကစားပြီးအချိန်တွင်ရမှတ်၁၅မှတ်တည်းသာရရှိထားပြီး
ဆောက်သမ်တန်ကိုဂိုးကွာခြားချက်ဖြင့်အသာရကာအဆင့်၁၉နေရာမှာရပ်တည်နေပါတယ်။အသက်
၄၄နှစ်ရှိအင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာ၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းကရာဖေးလ်ဘင်နီ
တက်ဇ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးအဲဗာတန်ကိုတန်းမဆင်းရအောင်ဦးဆောင်နိုင်ခဲ့ပါ
တယ်။ဒါပေမဲ့အဲဗာတန်ဟာရလဒ်ဆိုးရွားနေမှုနဲ့အတူငါးနှစ်အတွင်းခြောက်ယောက်မြောက်နည်းပြအဖြစ်
ဖရန့်လမ်းပတ်ကိုထုတ်ပယ်လာပြီဖြစ်ပါတယ်။လက်ရှိအချိန်တွင်အဲဗာတန်နည်းပြရာထူးအတွက်ရေပန်း
အစားဆုံးအဖြစ်လိဒ်နည်းပြဟောင်းမာဆယ်လိုဘီရဲလ်ဆာဖြစ်နေပါတယ်။အဲဗာတန်ဘုတ်အဖွဲ့ဟာမာ
ဆယ်လိုဘီရဲလ်ဆာအားခန့်အပ်ရန်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ပါတယ်။ဒါ့အပြင်အဲဗာတန်ဟာနည်းပြ
ရာထူးအတွက် ဒီစီယူနိုက်တက်နည်းပြဝိန်းရွန်းနီ၊ဘန်လေနည်းပြဟောင်းရှောင်ဒိုက်ချီတို့လည်းလျာထား
စာရင်းမှာပါဝင်နေပါတယ်။လက်ရှိအချိန်တွင်အဲဗာတန်အသင်းကိုယာယီနည်းပြအဖြစ်ပေါလ်တိုင်နှင့်လေ
တန်ဘိန်းစ်တို့ကတာဝန်ယူလေ့ကျင့်ပေးနေပါတယ်။
အဲဗာတန္ဟာအသင္းကိုကိုင္တြယ္လာတာတစ္ႏွစ္ေတာင္မၾကာေသးတဲ့ ဖရန႔္လမ္းပတ္ကိုရာထူးမွထုတ္
ပယ္လာပါတယ္။အဲဗာတန္ဟာစေနေန႔တုန္းကေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ၁၂ပြဲတြင္၉ပြဲေျမာက္အရႈံးအ
ျဖစ္ဝက္စ္ဟမ္းကိုရႈံးနိမ့္ၿပီးေနာက္လမ္းပတ္ကိုထုတ္ပယ္ရန္ဆုံးျဖတ္လာတာျဖစ္ပါတယ္။လမ္းပတ္ဦး
ေဆာင္ခဲ့တဲ့အဲဗာတန္ဟာပရီးမီးယားလိဂ္ပြဲ၂၀ကစားၿပီးအခ်ိန္တြင္ရမွတ္၁၅မွတ္တည္းသာရရွိထားၿပီး
ေဆာက္သမ္တန္ကိုဂိုးကြာျခားခ်က္ျဖင့္အသာရကာအဆင့္၁၉ေနရာမွာရပ္တည္ေနပါတယ္။အသက္
၄၄ႏွစ္ရွိအဂၤလန္ကြင္းလယ္ကစားသမားေဟာင္းဟာ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းကရာေဖးလ္ဘင္နီ
တက္ဇ္ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီးအဲဗာတန္ကိုတန္းမဆင္းရေအာင္ဦးေဆာင္ႏိုင္ခဲ့ပါ
တယ္။ဒါေပမဲ့အဲဗာတန္ဟာရလဒ္ဆိုး႐ြားေနမႈနဲ႔အတူငါးႏွစ္အတြင္းေျခာက္ေယာက္ေျမာက္နည္းျပအျဖစ္
ဖရန႔္လမ္းပတ္ကိုထုတ္ပယ္လာၿပီျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္အဲဗာတန္နည္းျပရာထူးအတြက္ေရပန္း
အစားဆုံးအျဖစ္လိဒ္နည္းျပေဟာင္းမာဆယ္လိုဘီရဲလ္ဆာျဖစ္ေနပါတယ္။အဲဗာတန္ဘုတ္အဖြဲ႕ဟာမာ
ဆယ္လိုဘီရဲလ္ဆာအားခန႔္အပ္ရန္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ပါတယ္။ဒါ့အျပင္အဲဗာတန္ဟာနည္းျပ
ရာထူးအတြက္ ဒီစီယူႏိုက္တက္နည္းျပဝိန္း႐ြန္းနီ၊ဘန္ေလနည္းျပေဟာင္းေရွာင္ဒိုက္ခ်ီတို႔လည္းလ်ာထား
စာရင္းမွာပါဝင္ေနပါတယ္။လက္ရွိအခ်ိန္တြင္အဲဗာတန္အသင္းကိုယာယီနည္းျပအျဖစ္ေပါလ္တိုင္ႏွင့္ေလ
တန္ဘိန္းစ္တို႔ကတာဝန္ယူေလ့က်င့္ေပးေနပါတယ္။