
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြ စတိဗ် ကူးပါးကသူ့ရဲ့ အသင်းအနေနဲ့ FA ဖလားပြိုင်ပွဲမကန်ရ
တော့တာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ကျော့ကစားရမယ့်ကာရာဘောင်းဖလားဆီမီးဖိုင်
နယ်ပွဲစဉ်မှာ အားသာချက်ရှိနေတယ်လို့ယုံကြည်နေပါတယ်။ မန်ယူအသင်းနဲ့ ဖောရက်စ်တို့ဟာ ဆီမီးဖိုင်
နယ်ပထမအကျော့ကို ဗုဒ္ဓဟူးနေ့ညမှာ ကစားသွားမာဖြစ်ပြီး၊တစ်ပတ်အကြာမှာတော့ ဒုတိယအကျော့ကို
အိုးထရက်ဖို့ဒ်ကွင်းမှာကစားသွားမာ ဖြစ်ပါတယ်။ ထိုပွဲစဉ်နှစ်ပွဲအကြား နော်တင်ဟမ်ဖောရက်စ်အသင်းက
ပွဲကန်စရာမရှိတာကြောင့် နားရက်ရရှိပေမယ့်ယူနိုက်တက်အသင်းကတော့ ရီးဒင်းအသင်းနဲ့ FA ဖလား
စတုတ္ထအဆင့်ကို ကစားသွားရမာဖြစ်တာကြောင့် ကူးပါးကရလဒ်ကောင်းရဖို့ မျှော်လင့်နေပါတယ်။ “ ဆီး
မီးဖိုင်နယ်အဆင့်ကိုရောက်ဖို့ဆိုတာ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး၊ကစားခဲ့ရတဲ့ ပွဲစဉ်တိုင်းကို
ကောင်းကောင်းကစားပြီးအနိုင်ရချင်တဲ့ အခြားပွဲစဉ်တွေလိုမျိုးပဲ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ ကံမ
ကောာင်းစွာနဲ့ ကျွန်တော်တို့FA ဖလားကနေ ထွက်လိုက်ရပြီ၊ အဲ့ဒါအတွက် ကျွန်တော်တို့အရမ်းဂုဏ်ယူမ
နေပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်နှစ်ပတ်နားတဲ့အချိန်မှာ ဒီနှစ်ပွဲက ကျရောက်နေတယ်။ဒီပွဲတွေအ
တွက် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့နဲ့လုံလောက်တဲ့ အနားယူချိန်တို့ ရှိနေပါတယ်။ ဒီနှစ်ပွဲက
တကယ့်အချိန်ကောင်းတစ်ခုမှာ ရောက်ရှိလာတာပါ။အဲ့ဒါက ဆီမီးဖိုင်နယ်ဖြစ်တယ်။ ကျွန်တော်တို့ အဲ့ဒါ
ကိုသေသေချာချာကောင်းကောင်း အာရုံစိုက်ချင်တယ် ”“ မန်ယူအသင်းနဲ့ နှစ်ကျော့ကစားရမာဆိုတော့
အရမ်းခက်ခဲပါလိမ့်မယ်၊ဒါပေမယ့် အဲ့ဒီပွဲမှာ နောင်တမရတဲ့သူက ကျွန်တော်တို့ ဖြစ်ချင်တယ်။ဒါပေါ့ ယူ
နိုက်တက်ကို ကျွန်တော်တို့ လေးစားပါတယ်၊သူတို့က အရမ်းအန္တရာယ်ရှိတဲ့အသင်းပါ။ ဒါပေမယ့် ဒီပွဲမှာ
ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်တယ်လို့ယုံကြည်ထားရပါမယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ေနာ္တင္ဟမ္ေဖာရက္စ္အသင္းရဲ႕ နည္းျပ စတိဗ္ ကူးပါးကသူ႔ရဲ႕ အသင္းအေနနဲ႔ FA ဖလားၿပိဳင္ပြဲမကန္ရ
ေတာ့တာေၾကာင့္မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ႏွစ္ေက်ာ့ကစားရမယ့္ကာရာေဘာင္းဖလားဆီမီးဖိုင္
နယ္ပြဲစဥ္မွာ အားသာခ်က္ရွိေနတယ္လို႔ယုံၾကည္ေနပါတယ္။ မန္ယူအသင္းနဲ႔ ေဖာရက္စ္တို႔ဟာ ဆီမီးဖိုင္
နယ္ပထမအေက်ာ့ကို ဗုဒၶဟူးေန႔ညမွာ ကစားသြားမာျဖစ္ၿပီး၊တစ္ပတ္အၾကာမွာေတာ့ ဒုတိယအေက်ာ့ကို
အိုးထရက္ဖို႔ဒ္ကြင္းမွာကစားသြားမာ ျဖစ္ပါတယ္။ ထိုပြဲစဥ္ႏွစ္ပြဲအၾကား ေနာ္တင္ဟမ္ေဖာရက္စ္အသင္းက
ပြဲကန္စရာမရွိတာေၾကာင့္ နားရက္ရရွိေပမယ့္ယူႏိုက္တက္အသင္းကေတာ့ ရီးဒင္းအသင္းနဲ႔ FA ဖလား
စတုတၳအဆင့္ကို ကစားသြားရမာျဖစ္တာေၾကာင့္ ကူးပါးကရလဒ္ေကာင္းရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ “ ဆီး
မီးဖိုင္နယ္အဆင့္ကိုေရာက္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အတြက္ မလြယ္ကူပါဘူး၊ကစားခဲ့ရတဲ့ ပြဲစဥ္တိုင္းကို
ေကာင္းေကာင္းကစားၿပီးအႏိုင္ရခ်င္တဲ့ အျခားပြဲစဥ္ေတြလိုမ်ိဳးပဲ ကြၽန္ေတာ္တို႔ႀကိဳးစားခဲ့ပါတယ္။ ကံမ
ေကာာင္းစြာနဲ႔ ကြၽန္ေတာ္တို႔FA ဖလားကေန ထြက္လိုက္ရၿပီ၊ အဲ့ဒါအတြက္ ကြၽန္ေတာ္တို႔အရမ္းဂုဏ္ယူမ
ေနပါဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္ႏွစ္ပတ္နားတဲ့အခ်ိန္မွာ ဒီႏွစ္ပြဲက က်ေရာက္ေနတယ္။ဒီပြဲေတြအ
တြက္ အဆင္သင့္ျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ဖို႔နဲ႔လုံေလာက္တဲ့ အနားယူခ်ိန္တို႔ ရွိေနပါတယ္။ ဒီႏွစ္ပြဲက
တကယ့္အခ်ိန္ေကာင္းတစ္ခုမွာ ေရာက္ရွိလာတာပါ။အဲ့ဒါက ဆီမီးဖိုင္နယ္ျဖစ္တယ္။ ကြၽန္ေတာ္တို႔ အဲ့ဒါ
ကိုေသေသခ်ာခ်ာေကာင္းေကာင္း အာ႐ုံစိုက္ခ်င္တယ္ ”“ မန္ယူအသင္းနဲ႔ ႏွစ္ေက်ာ့ကစားရမာဆိုေတာ့
အရမ္းခက္ခဲပါလိမ့္မယ္၊ဒါေပမယ့္ အဲ့ဒီပြဲမွာ ေနာင္တမရတဲ့သူက ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တယ္။ဒါေပါ့ ယူ
ႏိုက္တက္ကို ကြၽန္ေတာ္တို႔ ေလးစားပါတယ္၊သူတို႔က အရမ္းအႏၲရာယ္ရွိတဲ့အသင္းပါ။ ဒါေပမယ့္ ဒီပြဲမွာ
ကြၽန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္တယ္လို႔ယုံၾကည္ထားရပါမယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။