
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဟောင်း ပေါလ်ပါကာကလက်ရှိပုံစံအရ နယူးကာဆယ်ယူ
နိုက်တက်အသင်းဟာ မန်ယူအသင်းထက်ပိုကောင်းတယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာပါတယ်။ နှစ်
သင်းစလုံးဟာကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ အနိုင်ရရှိထားပြီး၊ဖိုင်နယ်
အဆင့်မှာ တွေ့ဆုံဖို့ ရာခိုင်နှုန်းများနေတာဖြစ်ပါတယ်။အကယ်၍သာ ထိုအတိုင်းဖြစ်လာခဲ့မယ်ဆိုရင်
တော့ မန်ယူအသင်းဟာ၂၀၁၇ ခုနှစ်တည်းက ဖလားခမ်းခြောက်မှုကို အဆုံးသတ်ဖို့ကြိုးစားလာမာဖြစ်
သလို၊နယူးကာဆယ်အသင်းကလည်း ၁၉၅၅ ခုနှစ်တည်းက ဖလားမရတော့တာဖြစ်တာကြောင့်အကြိတ်
အနယ်ရှိတဲ့ ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်းနှစ်သင်းစလုံးဟာ ရမှတ်
၃၉ မှတ်စီနဲ့ ဂိုးကွာခြားချက်အရ အပေါ်အောက်ရပ်တည်နေပါတယ်။ဒါပေမယ့် ပါကာကတော့ နယူးကာ
ဆယ်အသင်းက ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။“ မန်ယူအသင်းနဲ့ နယူးကာဆယ်ယူနိုက်တက်
အသင်းတို့က ဖိုင်နယ်မှာတွေ့ကြပြီးတော့၊အဲ့ဒါက မန်ယူအသင်းအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်
မယ်လို့ ကျွန်တော် ထင်တယ် ”“ ကာရာဘောင်းဖလားရဖို့ မန်ယူအသင်း ရေပန်းစားနေတယ်ဆိုတာအ
သင်းရဲ့ သမိုင်းကြောင်းကြောင့်ပါ။ မီဒီယာတွေက မန်ယူအသင်းအနေနဲ့ဒီဖလားကို ရသင့်တယ်ဆိုပြီး
ပြောနေကြပေမယ့်၊ တကယ်တမ်းကျတော့သူတို့နှစ်သင်းရဲ့ ပုံစံကို ကြည့်လိုက်မယ်ဆိုရင် နယူးကာဆယ်
အသင်းကပိုကောင်းတဲ့အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်း ဂိုးပေးရတာကရှားပြီးတော့၊ သူတို့က
ဘယ်တော့မှ မရှုံးပါဘူး။ အင်္ဂလန်မှာရှိတဲ့ ဘယ်အသင်းအတွက်မဆိုသူတို့က အရမ်းခက်ခဲတဲ့အသင်းဖြစ်
ပါတယ်။ ဒါပေမယ့် ဒါပေါ့၊မန်ယူအသင်းကလည်း ပွဲကို အနိုင်ရနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့အတောင့်
တင်းဆုံးလူစာရင်းနဲ့တော့ ကစားသင့်တယ်။ဒီဆုဖလားက မန်ယူအသင်းကို ပြန်လည်နိုးထလာစေပြီး၊
စိတ်ဓါတ်တက်ကြွလာစေမာဖြစ်တာကြောင့် အဲရစ် တန်ဟန့်က ဒီဖလားကို လိုအပ်နေပါတယ် ” လို့ ဆိုခဲ့
ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ခံစစ္ကစားသမားေဟာင္း ေပါလ္ပါကာကလက္ရွိပုံစံအရ နယူးကာဆယ္ယူ
ႏိုက္တက္အသင္းဟာ မန္ယူအသင္းထက္ပိုေကာင္းတယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုလာပါတယ္။ ႏွစ္
သင္းစလုံးဟာကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ေတြမွာ အႏိုင္ရရွိထားၿပီး၊ဖိုင္နယ္
အဆင့္မွာ ေတြ႕ဆုံဖို႔ ရာခိုင္ႏႈန္းမ်ားေနတာျဖစ္ပါတယ္။အကယ္၍သာ ထိုအတိုင္းျဖစ္လာခဲ့မယ္ဆိုရင္
ေတာ့ မန္ယူအသင္းဟာ၂၀၁၇ ခုႏွစ္တည္းက ဖလားခမ္းေျခာက္မႈကို အဆုံးသတ္ဖို႔ႀကိဳးစားလာမာျဖစ္
သလို၊နယူးကာဆယ္အသင္းကလည္း ၁၉၅၅ ခုႏွစ္တည္းက ဖလားမရေတာ့တာျဖစ္တာေၾကာင့္အႀကိတ္
အနယ္ရွိတဲ့ ပြဲစဥ္ျဖစ္လာႏိုင္ပါတယ္။ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္းႏွစ္သင္းစလုံးဟာ ရမွတ္
၃၉ မွတ္စီနဲ႔ ဂိုးကြာျခားခ်က္အရ အေပၚေအာက္ရပ္တည္ေနပါတယ္။ဒါေပမယ့္ ပါကာကေတာ့ နယူးကာ
ဆယ္အသင္းက ပိုေကာင္းတယ္လို႔ ယုံၾကည္ေနပါတယ္။“ မန္ယူအသင္းနဲ႔ နယူးကာဆယ္ယူႏိုက္တက္
အသင္းတို႔က ဖိုင္နယ္မွာေတြ႕ၾကၿပီးေတာ့၊အဲ့ဒါက မန္ယူအသင္းအတြက္ ခက္ခဲတဲ့ပြဲတစ္ပြဲ ျဖစ္လာလိမ့္
မယ္လို႔ ကြၽန္ေတာ္ ထင္တယ္ ”“ ကာရာေဘာင္းဖလားရဖို႔ မန္ယူအသင္း ေရပန္းစားေနတယ္ဆိုတာအ
သင္းရဲ႕ သမိုင္းေၾကာင္းေၾကာင့္ပါ။ မီဒီယာေတြက မန္ယူအသင္းအေနနဲ႔ဒီဖလားကို ရသင့္တယ္ဆိုၿပီး
ေျပာေနၾကေပမယ့္၊ တကယ္တမ္းက်ေတာ့သူတို႔ႏွစ္သင္းရဲ႕ ပုံစံကို ၾကည့္လိုက္မယ္ဆိုရင္ နယူးကာဆယ္
အသင္းကပိုေကာင္းတဲ့အသင္းျဖစ္ပါတယ္။ နယူးကာဆယ္အသင္း ဂိုးေပးရတာကရွားၿပီးေတာ့၊ သူတို႔က
ဘယ္ေတာ့မွ မရႈံးပါဘူး။ အဂၤလန္မွာရွိတဲ့ ဘယ္အသင္းအတြက္မဆိုသူတို႔က အရမ္းခက္ခဲတဲ့အသင္းျဖစ္
ပါတယ္။ ဒါေပမယ့္ ဒါေပါ့၊မန္ယူအသင္းကလည္း ပြဲကို အႏိုင္ရႏိုင္ပါတယ္၊ ဒါေပမယ့္ သူတို႔ရဲ႕အေတာင့္
တင္းဆုံးလူစာရင္းနဲ႔ေတာ့ ကစားသင့္တယ္။ဒီဆုဖလားက မန္ယူအသင္းကို ျပန္လည္ႏိုးထလာေစၿပီး၊
စိတ္ဓါတ္တက္ႂကြလာေစမာျဖစ္တာေၾကာင့္ အဲရစ္ တန္ဟန႔္က ဒီဖလားကို လိုအပ္ေနပါတယ္ ” လို႔ ဆိုခဲ့
ပါတယ္။