ကာရစ်ရဲ့ပထမဆုံးပွဲစဉ်မှာ မန်ယူအသင်းဘယ်လိုလူစာရင်းနဲ့ပွဲထွက်လာမှာလဲ?

မန်ယူအသင်းဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ပထမဆုံးပွဲအဖြစ် ဒီကနေ့ညမှာ ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်အုပ်စုအဆင့် အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်တုန်းက ကစားသမားတွေကိုနေရာအလိုက်အံဝင်အောင်အသုံးမချနိုင်လို့ ဝေဖန်ခံခဲ့ရတာကြောင့် ကာရစ်လက်ထက်မှာ မန်ယူရဲ့ပွဲထွက်စာရင်းဘယ်လိုရှိမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

မန်ယူဟာနောက်တစ်ဆင့်ကိုမတက်နိုင်သေးတဲ့အပြင် ဗာရန်းနဲ့ပေါ့ဂ်ဘာတို့ဒဏ်ရာကြောင့်မပါနိုင်၊ ဂရင်းဝုဒ်ကလည်းကိုဗစ်ကြောင့် သီးသန့်နေရတဲ့အချိန်ဖြစ်နေလို့ လူအင်အားအသုံးပြုဖို့ကလည်း ကာရစ်အတွက်အနည်းငယ်အကန့်အသတ်ရှိနေပါတယ်။

ဒါကြောင့် မန်ချက်စတာမြို့အခြေစိုက် manchestereveningnews သတင်းစာကြီးက ကျွမ်းကျင်သူ ၃ ဦးခန့်မှန်းထားတဲ့ ကာရစ်ရဲ့ဖြစ်နိုင်ဖွယ်လူစာရင်း ၃ ခုကိုဖော်ပြပေးလိုက်ပါတယ်။

၄-၃-၃(လုခ်ဟက်စ်)

+မန်ယူကိုတစ်ရာသီလုံးလေ့ကျင့်ခန်းတွေကြီးကြပ်ခဲ့တဲ့ ကာရစ်ကြောင့်ကျန်တာထူးခြားစွာပြောစရာမရှိဘူး။ အမှားတွေလုပ်နေတဲ့ မက်ဂွိုင်းယားတစ်ယောက် သတင်းစာရှင်းလင်းပွဲတက်ခဲ့လို့ ဒီပွဲမှာသူပါမှာကျိန်းသေဘဲ။ ကျွန်တော့်ရဲ့ရွေးချယ်မှုမှာအငြင်းပွားစရာတော့ရှိနေပြီး လင်ဒီလော့ဖ်နေရာမှာ ဘိုင်လီ၊ ဝမ်ဘစ်ဆာကာနေရာမှာ ဒါလော့တ်တို့ ပွဲထွက်လာမယ်။ တွန်မီနေးရဲ့လုပ်အားနှုန်းပြင်းထန်ပုံဟာအငြင်းပွားစရာမရှိပေမယ့် ဒီလုပ်အားနှုန်းကြီးက ဝက်ဖို့ဒ်နဲ့ပွဲမှာအရေးမပါခဲ့ဘူး။ ဒါကြောင့် ဗန်ဒီဘိခ်ကိုနေရာပေးဖို့လိုတယ်။

တောင်ပံနှစ်ဖက်မှာ ဆန်ချိုနဲ့ လင်ဂတ်တို့ကိုဦးစားပေးရမယ်။ ရက်ရှ်ဖို့ဒ်ဟာ အရင်ပွဲမှာထင်သလောက်မလုပ်ပြနိုင်လို့ လင်ဂတ်ကိုအခွင့်အရေးပေးလိမ့်မယ်။ အထောင်မှာတော့ စီရော်နယ်ဒိုဘဲ။

၄-၃-၃(တိုင်ရွန်မာရှယ်)

+ပရိသတ်တွေကတော့ အပြောင်းအလဲတွေကိုမြင်လိုပေမယ့် ကာရစ်လက်ထက်ပထမဆုံးပွဲမှာဒါကိုတွေ့မြင်ရဖို့ သိပ်မရှိဘူး။ ဆိုးလ်ရှားဟာ ကစားသမားတွေကိုအခွင့်အရေးပေးဖို့နှေးကွေးပြီး သုံးတဲ့သူတွေကိုဘဲ ခြေစွမ်းပြဖို့တိုက်တွန်းလေ့ရှိတယ်။ ဒါကြောင့် ခံစစ်ပိုင်းမှာ ဘာအပြောင်းအလဲမှမရှိနိုင်ဘဲ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဘစ်ဆာကာနဲ့ လုခ်ရှော တို့ဘဲလာလိမ့်မယ်။ ကွင်းလယ်မှာတော့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ၄၅ မိနစ်အတွင်းအများကြီးလုပ်ပြသွားတဲ့ ဗန်ဒီဘိခ်ကိုအခွင့်အရေးပေးလိမ့်မယ်။ ဘရာဇီးကနေပြန်လာလို့ ခရီးရှည်နှင်လာရတဲ့ဖရက်ဒ်က ပြန်လည်လန်းဆန်းပြီဖြစ်လို့ သူလည်းပွဲထွက်လိမ့်မယ်။ နောက်တစ်ယောက်ကတော့ ဖာနန်ဒက်စ်ပေါ့။

တိုက်စစ်မှာ စီရော်နယ်ဒိုကိုတော့ ကာရစ်ငြင်းပယ်လို့မရဘူး။ ဝက်ဖို့ဒ်နဲ့ပွဲမှာခြေစွမ်းမပြနိုင်ပေမယ့် ရက်ရှ်ဖို့ဒ်ပွဲထွက်ဦးမှာဖြစ်ပြီး ဆန်ချိုလည်းပါလာလိမ့်မယ်။

၄-၃-၃(ရစ်ချ်ဖေး)

+ကာရစ်က အသင်းကိုစီမံခန့်ခွဲခွင့်လိုင်စင်ရသွားပေမယ့် အပြောင်းအလဲတွေကိုချက်ချင်းပြုလုပ်ဖို့အခွင့်အရေးမရှိသေးဘူး။ ဒါကြောင့် ခံစစ်ကမပြောင်းလဲတဲ့ပုံစံဖြစ်တဲ့ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ လုခ်ရှောဘဲ။ ဘိုင်လီကိုအခွင့်အရေးပေးသင့်ပေမယ့် အသင်းခေါင်းဆောင်ကြီးကိုပစ်ပယ်နိုင်တဲ့အထိတော့ ကာရစ်လုပ်မှာမဟုတ်ဘူး။ ကွင်းလယ်မှာဗန်ဒီဘိခ်အခွင့်အရေးရသင့်လို့ ဖာနန်ဒက်စ်ကိုအရန်ပို့ထားလိမ့်မယ်။ ကျန်တဲ့နှစ်ယောက်ကတော့ တွန်မီနေးနဲ့ ဖရက်ဒ်ပေါ့။ ဗီလာရီးရဲလ်နဲ့ပွဲမျိုးမှာ သူတို့နှစ်ယောက်ရဲ့လုပ်အားနှုန်းကအရေးကြီးတယ်မဟုတ်လား။ တိုက်စစ်အထောင်မှာတော့ စီရော်နယ်ဒိုပေါ့။ တောင်ပံတွေမှာတော့ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်အစားအခွင့်အရေးရသင့်နေတဲ့ လင်ဂတ် တို့ပွဲထွက်လာလိမ့်မယ်။

zawgyi

ကာရစ္ရဲ႕ပထမဆုံးပြဲစဥ္မွာ မန္ယူအသင္းဘယ္လိုလူစာရင္းနဲ႔ပြဲထြက္လာမွာလဲ?

မန္ယူအသင္းဟာ ယာယီနည္းျပမိုက္ကယ္ကာရစ္ရဲ႕ပထမဆုံးပြဲအျဖစ္ ဒီကေန႔ညမွာ ဗီလာရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အေဝးကြင္းပြဲကစားရမွာျဖစ္ပါတယ္။ ဆိုးလ္ရွားလက္ထက္တုန္းက ကစားသမားေတြကိုေနရာအလိုက္အံဝင္ေအာင္အသုံးမခ်ႏိုင္လို႔ ေဝဖန္ခံခဲ့ရတာေၾကာင့္ ကာရစ္လက္ထက္မွာ မန္ယူရဲ႕ပြဲထြက္စာရင္းဘယ္လိုရွိမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

မန္ယူဟာေနာက္တစ္ဆင့္ကိုမတက္ႏိုင္ေသးတဲ့အျပင္ ဗာရန္းနဲ႔ေပါ့ဂ္ဘာတို႔ဒဏ္ရာေၾကာင့္မပါႏိုင္၊ ဂရင္းဝုဒ္ကလည္းကိုဗစ္ေၾကာင့္ သီးသန႔္ေနရတဲ့အခ်ိန္ျဖစ္ေနလို႔ လူအင္အားအသုံးျပဳဖို႔ကလည္း ကာရစ္အတြက္အနည္းငယ္အကန႔္အသတ္ရွိေနပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာၿမိဳ႕အေျခစိုက္ manchestereveningnews သတင္းစာႀကီးက ကြၽမ္းက်င္သူ ၃ ဦးခန႔္မွန္းထားတဲ့ ကာရစ္ရဲ႕ျဖစ္ႏိုင္ဖြယ္လူစာရင္း ၃ ခုကိုေဖာ္ျပေပးလိုက္ပါတယ္

၄-၃-၃(လုခ္ဟက္စ္)
+မန္ယူကိုတစ္ရာသီလုံးေလ့က်င့္ခန္းေတြႀကီးၾကပ္ခဲ့တဲ့ ကာရစ္ေၾကာင့္က်န္တာထူးျခားစြာေျပာစရာမရွိဘူး။ အမွားေတြလုပ္ေနတဲ့ မက္ဂြိဳင္းယားတစ္ေယာက္ သတင္းစာရွင္းလင္းပြဲတက္ခဲ့လို႔ ဒီပြဲမွာသူပါမွာက်ိန္းေသဘဲ။ ကြၽန္ေတာ့္ရဲ႕ေ႐ြးခ်ယ္မႈမွာအျငင္းပြားစရာေတာ့ရွိေနၿပီး လင္ဒီေလာ့ဖ္ေနရာမွာ ဘိုင္လီ၊ ဝမ္ဘစ္ဆာကာေနရာမွာ ဒါေလာ့တ္တို႔ ပြဲထြက္လာမယ္။ တြန္မီေနးရဲ႕လုပ္အားႏႈန္းျပင္းထန္ပုံဟာအျငင္းပြားစရာမရွိေပမယ့္ ဒီလုပ္အားႏႈန္းႀကီးက ဝက္ဖို႔ဒ္နဲ႔ပြဲမွာအေရးမပါခဲ့ဘူး။ ဒါေၾကာင့္ ဗန္ဒီဘိခ္ကိုေနရာေပးဖို႔လိုတယ္။

ေတာင္ပံႏွစ္ဖက္မွာ ဆန္ခ်ိဳနဲ႔ လင္ဂတ္တို႔ကိုဦးစားေပးရမယ္။ ရက္ရွ္ဖို႔ဒ္ဟာ အရင္ပြဲမွာထင္သေလာက္မလုပ္ျပႏိုင္လို႔ လင္ဂတ္ကိုအခြင့္အေရးေပးလိမ့္မယ္။ အေထာင္မွာေတာ့ စီေရာ္နယ္ဒိုဘဲ။

၄-၃-၃(တိုင္႐ြန္မာရွယ္)

+ပရိသတ္ေတြကေတာ့ အေျပာင္းအလဲေတြကိုျမင္လိုေပမယ့္ ကာရစ္လက္ထက္ပထမဆုံးပြဲမွာဒါကိုေတြ႕ျမင္ရဖို႔ သိပ္မရွိဘူး။ ဆိုးလ္ရွားဟာ ကစားသမားေတြကိုအခြင့္အေရးေပးဖို႔ေႏွးေကြးၿပီး သုံးတဲ့သူေတြကိုဘဲ ေျခစြမ္းျပဖို႔တိုက္တြန္းေလ့ရွိတယ္။ ဒါေၾကာင့္ ခံစစ္ပိုင္းမွာ ဘာအေျပာင္းအလဲမွမရွိႏိုင္ဘဲ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ ဘစ္ဆာကာနဲ႔ လုခ္ေရွာ တို႔ဘဲလာလိမ့္မယ္။ ကြင္းလယ္မွာေတာ့ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ၄၅ မိနစ္အတြင္းအမ်ားႀကီးလုပ္ျပသြားတဲ့ ဗန္ဒီဘိခ္ကိုအခြင့္အေရးေပးလိမ့္မယ္။ ဘရာဇီးကေနျပန္လာလို႔ ခရီးရွည္ႏွင္လာရတဲ့ဖရက္ဒ္က ျပန္လည္လန္းဆန္းၿပီျဖစ္လို႔ သူလည္းပြဲထြက္လိမ့္မယ္။ ေနာက္တစ္ေယာက္ကေတာ့ ဖာနန္ဒက္စ္ေပါ့။

တိုက္စစ္မွာ စီေရာ္နယ္ဒိုကိုေတာ့ ကာရစ္ျငင္းပယ္လို႔မရဘူး။ ဝက္ဖို႔ဒ္နဲ႔ပြဲမွာေျခစြမ္းမျပႏိုင္ေပမယ့္ ရက္ရွ္ဖို႔ဒ္ပြဲထြက္ဦးမွာျဖစ္ၿပီး ဆန္ခ်ိဳလည္းပါလာလိမ့္မယ္။

၄-၃-၃(ရစ္ခ်္ေဖး)

+ကာရစ္က အသင္းကိုစီမံခန႔္ခြဲခြင့္လိုင္စင္ရသြားေပမယ့္ အေျပာင္းအလဲေတြကိုခ်က္ခ်င္းျပဳလုပ္ဖို႔အခြင့္အေရးမရွိေသးဘူး။ ဒါေၾကာင့္ ခံစစ္ကမေျပာင္းလဲတဲ့ပုံစံျဖစ္တဲ့ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာဘဲ။ ဘိုင္လီကိုအခြင့္အေရးေပးသင့္ေပမယ့္ အသင္းေခါင္းေဆာင္ႀကီးကိုပစ္ပယ္ႏိုင္တဲ့အထိေတာ့ ကာရစ္လုပ္မွာမဟုတ္ဘူး။ ကြင္းလယ္မွာဗန္ဒီဘိခ္အခြင့္အေရးရသင့္လို႔ ဖာနန္ဒက္စ္ကိုအရန္ပို႔ထားလိမ့္မယ္။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ တြန္မီေနးနဲ႔ ဖရက္ဒ္ေပါ့။ ဗီလာရီးရဲလ္နဲ႔ပြဲမ်ိဳးမွာ သူတို႔ႏွစ္ေယာက္ရဲ႕လုပ္အားႏႈန္းကအေရးႀကီးတယ္မဟုတ္လား။ တိုက္စစ္အေထာင္မွာေတာ့ စီေရာ္နယ္ဒိုေပါ့။ ေတာင္ပံေတြမွာေတာ့ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္အစားအခြင့္အေရးရသင့္ေနတဲ့ လင္ဂတ္ တို႔ပြဲထြက္လာလိမ့္မယ္။