
ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်ယူနိုက်တက်စီနီယာကစားသမားနှစ်ဦးအချင်းများမှုနဲ့အတူ ယူနိုက်
တက်ရဲ့ရာသီကအဆိုးရွားဆုံးအခြေအနေမျိုးနဲ့ပိတ်သိမ်းရဖို့ရှိနေပြီဖြစ်ပါတယ်။ ယူနိုက်တက်စီနီယာ
ကစားသမားနှစ်ဦးတို့ဟာကြာသပတေးနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်အချင်းများခဲ့ကြတာဖြစ်
ပါတယ်။ယူနိုက်တက်ကစားသမားနှစ်ဦးတို့ဟာအချင်းများခဲ့ကြပေမဲ့ကစားဖော်များကဝင်ရောက်ဖြေ
ဖျန်မှုပြုလုပ်ခဲ့ရပါတယ်။ ယူနိုက်တက်နည်းပြရန်းနစ်ခ်ကယင်းအချင်းများမှုကြောင့်ကစားသမားအား
လုံးကိုအဝတ်အစားလဲခန်းသို့ဝင်ရန်အမိန့်ပေးခဲ့ရပါတယ်။ ယူနိုက်တက်နည်းပြရန်းနစ်ခ်ဟာစနေနေ့
တုန်းကဘရိုက်တန်ကို၄-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ယခုအပတ်တွင်ပွဲကစားရန်မရှိမှုနဲ့အတူကစားသမား
များကိုလေးရက်အထိအနားပေးခဲ့ပြီးပြန်လည်လေ့ကျင့်ခန်းဆင်းချိန်တွင်အချင်းမှုဖြစ်ခဲ့တာလည်းဖြစ်
ပါတယ်။
ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္ယူႏိုက္တက္စီနီယာကစားသမားႏွစ္ဦးအခ်င္းမ်ားမႈနဲ႔အတူ ယူႏိုက္
တက္ရဲ႕ရာသီကအဆိုး႐ြားဆုံးအေျခအေနမ်ိဳးနဲ႔ပိတ္သိမ္းရဖို႔ရွိေနၿပီျဖစ္ပါတယ္။ ယူႏိုက္တက္စီနီယာ
ကစားသမားႏွစ္ဦးတို႔ဟာၾကာသပေတးေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္အခ်င္းမ်ားခဲ့ၾကတာျဖစ္
ပါတယ္။ယူႏိုက္တက္ကစားသမားႏွစ္ဦးတို႔ဟာအခ်င္းမ်ားခဲ့ၾကေပမဲ့ကစားေဖာ္မ်ားကဝင္ေရာက္ေျဖ
ဖ်န္မႈျပဳလုပ္ခဲ့ရပါတယ္။ ယူႏိုက္တက္နည္းျပရန္းနစ္ခ္ကယင္းအခ်င္းမ်ားမႈေၾကာင့္ကစားသမားအား
လုံးကိုအဝတ္အစားလဲခန္းသို႔ဝင္ရန္အမိန႔္ေပးခဲ့ရပါတယ္။ ယူႏိုက္တက္နည္းျပရန္းနစ္ခ္ဟာစေနေန႔
တုန္းကဘ႐ိုက္တန္ကို၄-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ယခုအပတ္တြင္ပြဲကစားရန္မရွိမႈနဲ႔အတူကစားသမား
မ်ားကိုေလးရက္အထိအနားေပးခဲ့ၿပီးျပန္လည္ေလ့က်င့္ခန္းဆင္းခ်ိန္တြင္အခ်င္းမႈျဖစ္ခဲ့တာလည္းျဖစ္
ပါတယ္။