
မားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့်ဂျာဒွန်ဆန်ချိုတို့ဟာကမ္ဘာ့ဖလားအသည်းကွဲမှုနှင့်ကြုံတွေ့ရနိုင်ကြောင်းသတိ
ပေးမှုရရှိလာကြပြီဖြစ်ပါတယ်။အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကမန်ချက်စတာယူနိုက်တက်စ
တားနှစ်ဦးကိုအင်္ဂလန်ရဲ့ကာတာကမ္ဘာ့ဖလားအစီအစဉ်တွင်ထည့်သွင်းထားခြင်းမရှိကြောင်းနှင့်၎င်း
တို့အနေဖြင့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်နိုင်ရန်အကြီးအကျယ်ကြိုးပမ်းရမည်ဖြစ်
ကြောင်းသတိပေးလာပါတယ်။ရပ်ရှ်ဖို့ဒ်နှင့်ဆန်ချိုတို့ဟာပြီးခဲ့တဲ့နွေရာသီတုန်းကယူရို၂၀၂၀ပြိုင်
ပွဲတွင်အင်္ဂလန်နှင့်အတူပါဝင်ခဲ့ကြပေမဲ့လည်းအိုးထရက်ဖို့ဒ်တွင်ဆိုးရွားတဲ့ရာသီတစ်ခုကြုံတွေ့ရ
ပါတယ်။ဆောက်ဂိတ်က “သူတို့အနေနဲ့ကမ္ဘာ့လားဖလားလူစာရင်းမှာပါဝင်ဖို့အများကြီးလုပ်ရ
မယ်”လို့ပြောကြားသွားပါတယ်။အင်္ဂလန်ဟာယနေ့ညတွင် Molineuxတွင်ဟန်ဂေရီကိုယူအီး
အက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။အင်္ဂလန်အသင်းလူစာရင်းတွင်ယူနိုက်
တက်အသင်းမှဟယ်ရီမက်ဂွိုင်းယားတစ်ဦးတည်းသာပါဝင်ပါတယ်။ဘယ်နောက်ခံလူလုခ်ရှော
မှာအင်္ဂလန်အသင်းတွင်ရွေးချယ်ခံရပေမဲ့ဒဏ်ရာကြောင့်နုတ်ထွက်ခဲ့ရပါတယ်။အင်္ဂလန်နည်းပြ
ဆောက်ဂိတ်ဟာဆန်ချိုနှင့်ရပ်ရှ်ဖို့ဒ်တို့အတွက်တံခါးဖွင့်ပေးထားတုန်းဖြစ်ပါတယ်။၎င်းတို့အနေ
ဖြင့်ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ရဲ့လက်အောက်တွင်အကောင်းဆုံးပုံစံပြန်ရလာလျှင်
အင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခံရရန်သေချာနေပါတယ်။
မားကပ္စ္ရပ္ရွ္ဖို႔ဒ္ႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔ဟာကမာၻ႔ဖလားအသည္းကြဲမႈႏွင့္ႀကဳံေတြ႕ရႏိုင္ေၾကာင္းသတိ
ေပးမႈရရွိလာၾကၿပီျဖစ္ပါတယ္။အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကမန္ခ်က္စတာယူႏိုက္တက္စ
တားႏွစ္ဦးကိုအဂၤလန္ရဲ႕ကာတာကမာၻ႔ဖလားအစီအစဥ္တြင္ထည့္သြင္းထားျခင္းမရွိေၾကာင္းႏွင့္၎
တို႔အေနျဖင့္အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ႏိုင္ရန္အႀကီးအက်ယ္ႀကိဳးပမ္းရမည္ျဖစ္
ေၾကာင္းသတိေပးလာပါတယ္။ရပ္ရွ္ဖို႔ဒ္ႏွင့္ဆန္ခ်ိဳတို႔ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္
ပြဲတြင္အဂၤလန္ႏွင့္အတူပါဝင္ခဲ့ၾကေပမဲ့လည္းအိုးထရက္ဖို႔ဒ္တြင္ဆိုး႐ြားတဲ့ရာသီတစ္ခုႀကဳံေတြ႕ရ
ပါတယ္။ေဆာက္ဂိတ္က “သူတို႔အေနနဲ႔ကမာၻ႔လားဖလားလူစာရင္းမွာပါဝင္ဖို႔အမ်ားႀကီးလုပ္ရ
မယ္”လို႔ေျပာၾကားသြားပါတယ္။အဂၤလန္ဟာယေန႔ညတြင္ Molineuxတြင္ဟန္ေဂရီကိုယူအီး
အက္ဖ္ေအေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။အဂၤလန္အသင္းလူစာရင္းတြင္ယူႏိုက္
တက္အသင္းမွဟယ္ရီမက္ဂြိဳင္းယားတစ္ဦးတည္းသာပါဝင္ပါတယ္။ဘယ္ေနာက္ခံလူလုခ္ေရွာ
မွာအဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ခံရေပမဲ့ဒဏ္ရာေၾကာင့္ႏုတ္ထြက္ခဲ့ရပါတယ္။အဂၤလန္နည္းျပ
ေဆာက္ဂိတ္ဟာဆန္ခ်ိဳႏွင့္ရပ္ရွ္ဖို႔ဒ္တို႔အတြက္တံခါးဖြင့္ေပးထားတုန္းျဖစ္ပါတယ္။၎တို႔အေန
ျဖင့္ယူႏိုက္တက္နည္းျပသစ္အဲရစ္တန္ဟက္ရဲ႕လက္ေအာက္တြင္အေကာင္းဆုံးပုံစံျပန္ရလာလွ်င္
အဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ခံရရန္ေသခ်ာေနပါတယ္။