ကလော့ပ်ရဲ့ အာဖရိကဖလားမှတ်ချက်ကြောင့် လီဗာပူးမှ မာနေးလွင့်ထွက်သွားခဲ့ရကြောင်း ဆင်ကလဲယားဝေဖန်

အင်္ဂလန်ဘောလုံးလောကရဲ့ ကစားသမားဟောင်းတယောက်ဖြစ်တဲ့ ထရီဗာဆင်ကလဲယားက

လီဗာပူးနည်းပြ ကလော့ပ်ရဲ့ အာဖရိကဖလားပြိုင်ပွဲအပေါ် ချိုးနှိမ်ပြောကြားမှုက မာနေးကို လီ

ဗာပူးကနေ ထွက်ခွာသွားစေတယ်လို့ ဝေဖန်သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီဝက်မှာ ကျင်း

ပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲကို ကလော့ပ်က သေးငယ်တဲ့ပြိုင်ပွဲတပွဲအဖြစ် ဝေဖန်ခဲ့တာပါ။

ကလော့ပ်ရဲ့ ဒီပြောစကားတွေကို ဆီနီဂေါနည်းပြ အလူးဆစ်ဆီက ပြန်လည်တုံ့ပြန်ခဲ့ပြီး ကလော့ပ်

ကတော့ ဒါမျိုး မရည်ရွယ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီအာဖရိကဖလားပြိုင်ပွဲအတွက်

လီဗာပူးက ဆာလာ၊ မာနေး၊ ကီတာတို့ကို လက်ရွေးစင်တွေအတွက် စေလွှတ်ခဲ့ရပါတယ်။ ဒီ

အကြောင်းနဲ့ပတ်သက်လို့ ဆင်ကလဲယားက “အဓိက,က ကလော့ပ်အနေနဲ့ အာဖရိကဖလား

ပြိုင်ပွဲကို ချိုးနှိမ်ပြောဆိုလိုက်တာကြောင့် မာနေးကို လက်လွှတ်ရတာပါ”“ကျနော်ကတော့ ဒါ

ကို အဓိကကျတဲ့ အကြောင်းပြချက်လို့ ယူဆပါတယ်။ မာနေးရဲ့ လက်ရွေးစင်နည်းပြ အလူးဆစ်

ဆီကပါ ကလော့ပ်ကို ပြန်လည်တုံ့ပြန်ခဲ့ရတာပါ။ မာနေးက ဆီနီဂေါမှာ စံပြပုဂ္ဂိုလ်တယောက်

ပါ။ သူက ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်လုပ်ပေးပြီး သူ့မွေးရပ်မြေအတွက် အရာအားလုံး

ကို လုပ်ပေးနေတာပါ။ ဒီတော့ မာနေးကိုယ်တိုင်ကလည်း ဘာစဥ်းစားမလဲ”“ခင်ဗျားတို့သိပါ

တယ်။ ငါ ဒီအသင်းကနေ ထွက်ရမယ်လို့ပဲ မာနေးက စဥ်းစားမှာပေါ့။ သူက လီဗာပူးမှာ အချိန်

ကောင်းကို ဖြတ်သန်းခဲ့ပြီး အသင်းရဲ့ ဂန္တဝင်လည်းဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေအပြီး

မှာ သူ ဆက်ကစားချင်မယ်လို့ ကျနော်တော့ မထင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အဂၤလန္ေဘာလုံးေလာကရဲ႕ ကစားသမားေဟာင္းတေယာက္ျဖစ္တဲ့ ထရီဗာဆင္ကလဲယားက

လီဗာပူးနည္းျပ ကေလာ့ပ္ရဲ႕ အာဖရိကဖလားၿပိဳင္ပြဲအေပၚ ခ်ိဳးႏွိမ္ေျပာၾကားမႈက မာေနးကို လီ

ဗာပူးကေန ထြက္ခြာသြားေစတယ္လို႔ ေဝဖန္သုံးသပ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီဝက္မွာ က်င္း

ပခဲ့တဲ့ အာဖရိကဖလားၿပိဳင္ပြဲကို ကေလာ့ပ္က ေသးငယ္တဲ့ၿပိဳင္ပြဲတပြဲအျဖစ္ ေဝဖန္ခဲ့တာပါ။

ကေလာ့ပ္ရဲ႕ ဒီေျပာစကားေတြကို ဆီနီေဂါနည္းျပ အလူးဆစ္ဆီက ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ကေလာ့ပ္

ကေတာ့ ဒါမ်ိဳး မရည္႐ြယ္ေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ အဲ့ဒီအာဖရိကဖလားၿပိဳင္ပြဲအတြက္

လီဗာပူးက ဆာလာ၊ မာေနး၊ ကီတာတို႔ကို လက္ေ႐ြးစင္ေတြအတြက္ ေစလႊတ္ခဲ့ရပါတယ္။ ဒီ

အေၾကာင္းနဲ႔ပတ္သက္လို႔ ဆင္ကလဲယားက “အဓိက,က ကေလာ့ပ္အေနနဲ႔ အာဖရိကဖလား

ၿပိဳင္ပြဲကို ခ်ိဳးႏွိမ္ေျပာဆိုလိုက္တာေၾကာင့္ မာေနးကို လက္လႊတ္ရတာပါ”“က်ေနာ္ကေတာ့ ဒါ

ကို အဓိကက်တဲ့ အေၾကာင္းျပခ်က္လို႔ ယူဆပါတယ္။ မာေနးရဲ႕ လက္ေ႐ြးစင္နည္းျပ အလူးဆစ္

ဆီကပါ ကေလာ့ပ္ကို ျပန္လည္တုံ႔ျပန္ခဲ့ရတာပါ။ မာေနးက ဆီနီေဂါမွာ စံျပပုဂၢိဳလ္တေယာက္

ပါ။ သူက ေဆး႐ုံေတြ၊ ေက်ာင္းေတြ ေဆာက္လုပ္ေပးၿပီး သူ႔ေမြးရပ္ေျမအတြက္ အရာအားလုံး

ကို လုပ္ေပးေနတာပါ။ ဒီေတာ့ မာေနးကိုယ္တိုင္ကလည္း ဘာစဥ္းစားမလဲ”“ခင္ဗ်ားတို႔သိပါ

တယ္။ ငါ ဒီအသင္းကေန ထြက္ရမယ္လို႔ပဲ မာေနးက စဥ္းစားမွာေပါ့။ သူက လီဗာပူးမွာ အခ်ိန္

ေကာင္းကို ျဖတ္သန္းခဲ့ၿပီး အသင္းရဲ႕ ဂႏၲဝင္လည္းျဖစ္ေနပါၿပီ။ ဒါေပမယ့္ ဒီလိုျဖစ္ရပ္ေတြအၿပီး

မွာ သူ ဆက္ကစားခ်င္မယ္လို႔ က်ေနာ္ေတာ့ မထင္ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။