ကလပ်အသင်းပိုင်ရှင်တွေ အကြီးအကျယ် စိတ်ဆင်းရဲ သွားရစေမယ့် ဘဘဝင်းရဲ့ ကမ္ဘာ့ဖလား ကျင်းပရေး အစီအစဉ်အသစ်

ဥရောပကလပ်များဟာဖီဖာရဲ့၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုကန့်ကွက်လာကြပါတယ်

ဖီဖာဥက္ကဌဂျီယန်နီအင်ဖာတီနိုဟာ၂၀၂၆ခုနှစ်ကနေဒါ၊မက္ကဆီနှင့်အမေရိကန်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားပြိုင်ပွဲအား၂နှစ်၁ကြိမ်ကျင်းပရန်စီစဉ်နေပါတယ်

ကမ္ဘာ့ဖလားပြိုင်ပွဲအား၂ကြိမ်၁ကြိမ်ကျင်းပရေးအစီအစဉ်ကိုဖီဖာရဲ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအာစင်ဝင်းဂါးလည်းနောက်ကွယ်မှပါဝင်လှုပ်ရှားလာတာဖြစ်ပါတယ်။

ဒါပေမယ့်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့အေဂျက်စ်၊ပီအက်စ်ဂျီအပြင် ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်ကလည်းကန့်ကွက်နေပါတယ်။

အေဂျက်စ်အမှုဆောင်ချုပ်ဗန်ဒါးဆားက “ကလပ်တွေကတော့ဒီအစီအစဉ်ကိုလက်မခံပါဘူး

အဓိပ္ပါယ်မရှိတဲ့စိတ်ကူးပါ

ဆန့်ကျင်သူတွေအများကြီးပါ

ဒါကြီးကအားလုံးကိုပြောင်းလဲသွားစေမယ့်အရာပါ

ဘောလုံးမှာကလပ်ကပဲဦးစားပေးပါ

ကျွန်တော်တို့အနေနဲ့ကစားသမားတွေအတွက်ဦးစားပေးရပါမယ်

လိဂ်ကလည်းဒီအတိုင်းပဲမြင်မှာပါ”လို့ပြောကြားခဲ့ပါတယ်

ဒါ့အပြင်ဥရောပကလပ်များအဖွဲ့ချုပ်ဥက္ကဌသစ်နက်စ်ဆာအယ်လ်ခီလိုင်ဖီကလည်း “နှစ်နှစ်ကမ္ဘာ့ဖလားတစ်ကြိမ်ကျင်းပရေးကဖြစ်လာမှာမဟုတ်ပါဘူး

ကလပ်တွေကတော့ရှင်းပါတယ်

ဒါနဲ့ပတ်သက်ပြီးလုံးဝကန့်ကွက်ပါတယ်”လို့ပြောကြားသွားပါတယ်

ဖီဖာဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပမှုကြောင့်ဝင်ငွေပိုမိုကောင်းလာကာဘောလုံးလောကတိုးတက်ရေးအတွက်ငွေများစွာပိုမိုရရှိလာမယ်လို့ယုံကြည်နေပါတယ်

တစ်ဖက်တွင်ကလပ်များကလည်းကစားသမားများမှာပွဲဆက်များမှုကြောင့်မကျင်းပသင့်လို့ယုံကြည်နေပါတယ်

ZawGyi

ဝင်းဂါးရဲ့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအစီအစဉ်ကို ကလပ်များ ဝေဖန်

















munitedfannewss