ကလပ်နှစ်ခုတို့တန်းတက်ခဲ့ရခြင်းကို အကြီးအကျယ် အံ့ဩတုန်လှုပ်နေတဲ့ ဘရာဇီးဂန္တဝင်

ဘရာဇီးနှင့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရော်နယ်ဒိုဟာငါးလအတွင်းတွင်သူပိုင်ဆိုင်တဲ့ကလပ်နှစ်ခုတို့တန်း

တက်ခဲ့ရပြီးနောက်ဘောလုံးလောကရဲ့အံ့ဩသင့်ဖွယ်ကောင်းမွန်မှုအပေါ် တုန်လှုပ်လျက်ရှိနေပါ

တယ်။ဘရာဇီးနှင့်အတူ၁၉၉၄နှင့်၂၀၀၂ခုနှစ်တို့တွင်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့အသက်၄၆နှစ်ရှိတိုက်

စစ်မှူးဟာစပိန်ကလပ်ဗယ်လာဒိုးလစ်နှင့်မွေးရပ်မြေဘရာဇီးကလပ်ခရူဇီယိုတို့ကိုပိုင်ဆိုင်ထားပါ

တယ်။ရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်တုန်းကဗယ်လာဒိုးလစ်ရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာ

ဖြစ်ပြီး၂၀၂၀-၂၁ရာသီတုန်းကလာလီဂါ၂သို့တန်းဆင်းခဲ့ရပါတယ်။ဒါပေမဲ့၎င်းတို့ဟာပြီးခဲ့တဲ့ရာသီ

တွင်လာလီဂါ၂ တွင်အဆင့်၂နေရာတွင်ရပ်တည်ပြီးနောက်လာလီဂါသို့ပြန်တန်းတက်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာဗယ်လာဒိုးလစ်အသင်းတန်းတက်ခဲ့ရပြီးနောက်သူကတိအတိုင်းမိုင်၂၈၀ခရီးကိုစက်

ဘီးစီးခဲ့ရသူလည်းဖြစ်ပါတယ်။ဘာစီလိုနာ၊အင်တာမီလန်နှင့်အေစီမီလန်တိုက်စစ်မှူးဟောင်းဟာ

၁၉၉၃ခုနှစ်တုန်းကကစားသမားဘဝစတင်ခဲ့တဲ့ခရူဇီယိုအသင်းကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

သူဟာဒီဇင်ဘာလတုန်းကဘရာဇီးစီးရီးဘီကလပ်ရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကိုပေါင်၅၂.၂သန်းဖြင့်

ဝယ်ယူခဲ့ပါတယ်။သူဟာခရူဇီယိုရှယ်ယာများကိုဝယ်ယူပြီးနောက်ချက်ချင်းပင်နည်းပြလူဇင်ဘာဂို

နှင့်နည်းပြအဖွဲ့ဝင်များကိုထုတ်ပယ်ခဲ့ပါတယ်။သူ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပါတယ်။ခရူဇီယိုဟာယ

နေ့အစောပိုင်းတုန်းကဗာစကိုဒဂါးမားကို၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်စီးရီးအေသို့တက်လှမ်းရန်

သေချာသွားခဲ့ပြီဖြစ်ပါတယ်။၂၀၂၂ရာသီကုန်ဆုံးရန်၇ပွဲသာကစားရန်လိုတော့တဲ့အချိန်တွင်ခရူဇီယို

ဟာဒုတိယနေရာမှဂရီမီယိုကို၁၅မှတ်ဖြတ်ထားသလိုပဥ္စမနေရာမှလွန်ဒရီနာကိုလည်းရမှတ်၂၃မှတ်

ဖြတ်ထားပါတယ်။သူဟာဗာစကိုဒဂါးမားကိုအနိုင်ရတဲ့ပွဲမှာ Mineiro Stadium သို့သွားရောက်ကြည့်

ရှုခဲ့ရပြီးတန်းတက်ရန်သေချာသွားခဲ့မှုအတွက်အလွန်ပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။ရော်နယ်ဒိုက

“တကယ့်ကိုအချိုပေါ်သကာလောင်းပါ။ဒီအောင်ပွဲရဖို့အကြီးအကျယ်အလုပ်လုပ်ခဲ့ကြတယ်။ဒီည

ကတော့စပါယ်ရှယ်ညပါ။ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်တွေ၊အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုဂုဏ်ပြု

ပါတယ်။ပြီးတော့သုံးနှစ်နီးပါးနာကျင်မှုခံစားခဲ့ရတဲ့ပရိသတ်တွေအတွက်ပါ။ဒီနေ့ကအောင်မြင်တဲ့နေ့

ပါ။ပရိသတ်တွေရဲ့အားပေးမှုအတွက်ကျေးဇူးတင်တယ်။နောက်ရက်အနည်းငယ်လောက်အောင်ပွဲ

ခံပြီးရင်နောက်နှစ်အတွက်တွေးကြစို့”လို့ပြောကြားသွားပါတယ်။

ဘရာဇီးႏွင့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေရာ္နယ္ဒိုဟာငါးလအတြင္းတြင္သူပိုင္ဆိုင္တဲ့ကလပ္ႏွစ္ခုတို႔တန္း

တက္ခဲ့ရၿပီးေနာက္ေဘာလုံးေလာကရဲ႕အံ့ဩသင့္ဖြယ္ေကာင္းမြန္မႈအေပၚ တုန္လႈပ္လ်က္ရွိေနပါ

တယ္။ဘရာဇီးႏွင့္အတူ၁၉၉၄ႏွင့္၂၀၀၂ခုႏွစ္တို႔တြင္ကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့အသက္၄၆ႏွစ္ရွိတိုက္

စစ္မႉးဟာစပိန္ကလပ္ဗယ္လာဒိုးလစ္ႏွင့္ေမြးရပ္ေျမဘရာဇီးကလပ္ခ႐ူဇီယိုတို႔ကိုပိုင္ဆိုင္ထားပါ

တယ္။ေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္တုန္းကဗယ္လာဒိုးလစ္ရဲ႕ရွယ္ယာ၅၁ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့တာ

ျဖစ္ၿပီး၂၀၂၀-၂၁ရာသီတုန္းကလာလီဂါ၂သို႔တန္းဆင္းခဲ့ရပါတယ္။ဒါေပမဲ့၎တို႔ဟာၿပီးခဲ့တဲ့ရာသီ

တြင္လာလီဂါ၂ တြင္အဆင့္၂ေနရာတြင္ရပ္တည္ၿပီးေနာက္လာလီဂါသို႔ျပန္တန္းတက္ႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာဗယ္လာဒိုးလစ္အသင္းတန္းတက္ခဲ့ရၿပီးေနာက္သူကတိအတိုင္းမိုင္၂၈၀ခရီးကိုစက္

ဘီးစီးခဲ့ရသူလည္းျဖစ္ပါတယ္။ဘာစီလိုနာ၊အင္တာမီလန္ႏွင့္ေအစီမီလန္တိုက္စစ္မႉးေဟာင္းဟာ

၁၉၉၃ခုႏွစ္တုန္းကကစားသမားဘဝစတင္ခဲ့တဲ့ခ႐ူဇီယိုအသင္းကိုလည္းပိုင္ဆိုင္သူျဖစ္ပါတယ္။

သူဟာဒီဇင္ဘာလတုန္းကဘရာဇီးစီးရီးဘီကလပ္ရဲ႕ရွယ္ယာ၅၁ရာခိုင္ႏႈန္းကိုေပါင္၅၂.၂သန္းျဖင့္

ဝယ္ယူခဲ့ပါတယ္။သူဟာခ႐ူဇီယိုရွယ္ယာမ်ားကိုဝယ္ယူၿပီးေနာက္ခ်က္ခ်င္းပင္နည္းျပလူဇင္ဘာဂို

ႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုထုတ္ပယ္ခဲ့ပါတယ္။သူ႔ဆုံးျဖတ္ခ်က္ကမွန္ကန္ခဲ့ပါတယ္။ခ႐ူဇီယိုဟာယ

ေန႔အေစာပိုင္းတုန္းကဗာစကိုဒဂါးမားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္စီးရီးေအသို႔တက္လွမ္းရန္

ေသခ်ာသြားခဲ့ၿပီျဖစ္ပါတယ္။၂၀၂၂ရာသီကုန္ဆုံးရန္၇ပြဲသာကစားရန္လိုေတာ့တဲ့အခ်ိန္တြင္ခ႐ူဇီယို

ဟာဒုတိယေနရာမွဂရီမီယိုကို၁၅မွတ္ျဖတ္ထားသလိုပၪၥမေနရာမွလြန္ဒရီနာကိုလည္းရမွတ္၂၃မွတ္

ျဖတ္ထားပါတယ္။သူဟာဗာစကိုဒဂါးမားကိုအႏိုင္ရတဲ့ပြဲမွာ Mineiro Stadium သို႔သြားေရာက္ၾကည့္

ရႈခဲ့ရၿပီးတန္းတက္ရန္ေသခ်ာသြားခဲ့မႈအတြက္အလြန္ေပ်ာ္႐ႊင္ေနခဲ့တာေတြ႕ရပါတယ္။ေရာ္နယ္ဒိုက

“တကယ့္ကိုအခ်ိဳေပၚသကာေလာင္းပါ။ဒီေအာင္ပြဲရဖို႔အႀကီးအက်ယ္အလုပ္လုပ္ခဲ့ၾကတယ္။ဒီည

ကေတာ့စပါယ္ရွယ္ညပါ။ကစားသမားေတြ၊နည္းျပအဖြဲ႕ဝင္ေတြ၊အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြကိုဂုဏ္ျပဳ

ပါတယ္။ၿပီးေတာ့သုံးႏွစ္နီးပါးနာက်င္မႈခံစားခဲ့ရတဲ့ပရိသတ္ေတြအတြက္ပါ။ဒီေန႔ကေအာင္ျမင္တဲ့ေန႔

ပါ။ပရိသတ္ေတြရဲ႕အားေပးမႈအတြက္ေက်းဇူးတင္တယ္။ေနာက္ရက္အနည္းငယ္ေလာက္ေအာင္ပြဲ

ခံၿပီးရင္ေနာက္ႏွစ္အတြက္ေတြးၾကစို႔”လို႔ေျပာၾကားသြားပါတယ္။