ကမ္ဘာ့ဖလားအဖွင့်ပွဲတွေတိုင်း ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ချေဖျက်နိုင်ခဲ့ပြီဖြစ်တဲ့ ပေါ်တူဂီ

ဂါနာကို (၃-၂)နဲ့ အနိုင်ယူခဲ့တဲ့ပွဲရလဒ်ကြောင့် ပေါ်တူဂီတို့ဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲတွေတိုင်း ရလဒ်မ

ကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ချေဖျက်နိုင်ခဲ့ပါပြီ။ရော်နယ်ဒိုအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို

(၅)ကြိမ် ဝင်ရောက် ဆင်နွဲပြီး (၅)ကြိမ်လုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးသော ဘောလုံးသမားအဖြစ် စံ

ချိန်ကောင်းတစ်ခုရရှိလာခဲ့သလို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူ

အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ဒီပွဲမှာ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ ဒီရာသီတစ်လျှောက်

လုံး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ဂျာအိုဖိလစ်တို့ကို ပွဲထွက်လူစာရင်းမှာထည့်သွင်းလာ

ခဲ့ပါတယ်။ဂါနာကတော့ အီနာကီဝီလီယံဦးဆောင်တဲ့ တိုက်စစ်၊ ပါတေးဦးဆောင်တဲ့ကွင်းလယ်တွေနဲ့ ပွဲ

ထွက်လာခဲ့တာဖြစ်ပြီးခံစစ် ၅ယောက်အထိထားကစားသွားခဲ့တာဖြစ်တယ်။ ပွဲချိန် ၁၀ မိနစ်ကျော်မှာတော့

ကွင်းလယ်ကိုစိုးမိုးကစားနေတဲ့ပေါ်တူဂီတွေအခွင့်အရေးစရခဲ့ပါတယ်။ရော်နယ်ဒိုဟာ အပိုင်ကန်သွင်းခွင့်

ရဖို့အခွင့်အရေးကောင်းရရှိခဲ့ပေမဲ့  ဘောလုံးနဲ့ပထမထိချက်မှာအကောင်းဆုံးမထိန်းချုပ်နိုင်ခဲ့တဲ့အတွက်

ဂါနာဂိုးသမားဇီဂီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ဆက်တိုက်ဆိုသလို ခေါင်းတိုက်ခွင့်ရခဲ့ပြန်ပေမဲ့ လေပေါ်

ခုန်တက်မှာ ရော်နယ်ဒိုရဲ့အနေအထားအံကျမဖြစ်ခဲ့တာကြောင့်ပေါ်တူဂီအဖွင့်ဂိုးရနိုင်တဲ့အခွင့်အရေးဆုံး

ရှုံးခဲ့ပြန်ပါတယ်။ ဂါနာရဲ့တန်ပြန်တိုက်စစ်တွေဟာ ပထမပိုင်းတစ်လျှောက်လုံးအလုပ်မဖြစ်ခဲ့ပါဘူး။တစ်

ဖက်မှာတော့ ဘာနာဒိုဆေးလ်ဗားဟာ ရော်နယ်ဒို၊ ဂျာအိုဖိလစ်တို့နဲ့ချိတ်ဆက်ကစားလို့ရတဲ့ အနေအ

ထားမရှိခဲ့လို့မန်စီးတီးကွင်းလယ်လူရဲ့ခြေစွမ်းကပုံမှန်အောက်ရောက်နေခဲ့ပါတယ်။ပွဲချိန် ၆၅မိနစ် အ

ရောက်မှာတော့ ရော်နယ်ဒိုကြောင့် ပေါ်တူဂီတို့ ပင်နယ်တီအခွင့်အရေးရခဲ့ပြီးသူကိုယ်တိုင်ကအမှားမရှိ

အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီရဲ့ ဦးဆောင်ဂိုးက ၈မိနစ်သာခံခဲ့ပြီးနောက်ခံလူတွေတားဆီးပုံအား

နည်းချက်ကတစ်ဆင့် အာယူးက ဂါနာအတွက်ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ပွဲကပိုမြိုင်သွားခဲ့ပြီး ၇၈ မိ

နစ်အရောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကို ဂျာအိုဖိလစ်ကအဆုံးသတ်ပြီးပေါ်တူဂီကိုပြန်လည်

ဦးဆောင်စေခဲ့ပါတယ်။နောက်ထပ် ၂မိနစ်အကြာမှာတော့ လူစားဝင်လာတဲ့တိုက်စစ်မှူးလီယာအိုကပေါ်

တူဂီအတွက် တတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုလည်း ဖာနန်ဒက်စ်ကဖန်တီးပေးခဲ့တာပါ။ပွဲချိန် ၈၉မိနစ်

မှာတော့ လူစားဝင်လာတဲ့ ဘူကာရီက ဂါနာအတွက်ဒုတိယဂိုးသွင်းနိုင်ခဲ့လို့ ပွဲပြီးခါနီးမှာပိုပြီးအကြိတ်

အနယ်ရှိခဲ့ပြီးနောက်ထပ်အခွင့်အရေးတွေရနိုင်လောက်တဲ့ အနေအထားဖြစ်ပေမဲ့ ပေါ်တူဂီက ၃-၂ ဆိုတဲ့

အနိုင်ရလဒ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဂါနာကို (၃-၂)နဲ႔ အႏိုင္ယူခဲ့တဲ့ပြဲရလဒ္ေၾကာင့္ ေပၚတူဂီတို႔ဟာ ကမာၻ႔ဖလား အဖြင့္ပြဲေတြတိုင္း ရလဒ္မ

ေကာင္းတတ္တဲ့ အစဥ္အလာဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ပါၿပီ။ေရာ္နယ္ဒိုအတြက္လည္း ကမာၻ႔ဖလားၿပိဳင္ပြဲကို

(၅)ႀကိမ္ ဝင္ေရာက္ ဆင္ႏြဲၿပီး (၅)ႀကိမ္လုံး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ပထမဆုံးေသာ ေဘာလုံးသမားအျဖစ္ စံ

ခ်ိန္ေကာင္းတစ္ခုရရွိလာခဲ့သလို ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္ဒုတိယအသက္အႀကီးဆုံး ဂိုးသြင္းသူ

အျဖစ္လည္းမွတ္တမ္းဝင္ခဲ့ပါတယ္။ဒီပြဲမွာ ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ ဒီရာသီတစ္ေလွ်ာက္

လုံး ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ေရာ္နယ္ဒိုနဲ႔ဂ်ာအိုဖိလစ္တို႔ကို ပြဲထြက္လူစာရင္းမွာထည့္သြင္းလာ

ခဲ့ပါတယ္။ဂါနာကေတာ့ အီနာကီဝီလီယံဦးေဆာင္တဲ့ တိုက္စစ္၊ ပါေတးဦးေဆာင္တဲ့ကြင္းလယ္ေတြနဲ႔ ပြဲ

ထြက္လာခဲ့တာျဖစ္ၿပီးခံစစ္ ၅ေယာက္အထိထားကစားသြားခဲ့တာျဖစ္တယ္။ ပြဲခ်ိန္ ၁၀ မိနစ္ေက်ာ္မွာေတာ့

ကြင္းလယ္ကိုစိုးမိုးကစားေနတဲ့ေပၚတူဂီေတြအခြင့္အေရးစရခဲ့ပါတယ္။ေရာ္နယ္ဒိုဟာ အပိုင္ကန္သြင္းခြင့္

ရဖို႔အခြင့္အေရးေကာင္းရရွိခဲ့ေပမဲ့  ေဘာလုံးနဲ႔ပထမထိခ်က္မွာအေကာင္းဆုံးမထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အတြက္

ဂါနာဂိုးသမားဇီဂီ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ဆက္တိုက္ဆိုသလို ေခါင္းတိုက္ခြင့္ရခဲ့ျပန္ေပမဲ့ ေလေပၚ

ခုန္တက္မွာ ေရာ္နယ္ဒိုရဲ႕အေနအထားအံက်မျဖစ္ခဲ့တာေၾကာင့္ေပၚတူဂီအဖြင့္ဂိုးရႏိုင္တဲ့အခြင့္အေရးဆုံး

ရႈံးခဲ့ျပန္ပါတယ္။ ဂါနာရဲ႕တန္ျပန္တိုက္စစ္ေတြဟာ ပထမပိုင္းတစ္ေလွ်ာက္လုံးအလုပ္မျဖစ္ခဲ့ပါဘူး။တစ္

ဖက္မွာေတာ့ ဘာနာဒိုေဆးလ္ဗားဟာ ေရာ္နယ္ဒို၊ ဂ်ာအိုဖိလစ္တို႔နဲ႔ခ်ိတ္ဆက္ကစားလို႔ရတဲ့ အေနအ

ထားမရွိခဲ့လို႔မန္စီးတီးကြင္းလယ္လူရဲ႕ေျခစြမ္းကပုံမွန္ေအာက္ေရာက္ေနခဲ့ပါတယ္။ပြဲခ်ိန္ ၆၅မိနစ္ အ

ေရာက္မွာေတာ့ ေရာ္နယ္ဒိုေၾကာင့္ ေပၚတူဂီတို႔ ပင္နယ္တီအခြင့္အေရးရခဲ့ၿပီးသူကိုယ္တိုင္ကအမွားမရွိ

အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီရဲ႕ ဦးေဆာင္ဂိုးက ၈မိနစ္သာခံခဲ့ၿပီးေနာက္ခံလူေတြတားဆီးပုံအား

နည္းခ်က္ကတစ္ဆင့္ အာယူးက ဂါနာအတြက္ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။ပြဲကပိုၿမိဳင္သြားခဲ့ၿပီး ၇၈ မိ

နစ္အေရာက္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈကို ဂ်ာအိုဖိလစ္ကအဆုံးသတ္ၿပီးေပၚတူဂီကိုျပန္လည္

ဦးေဆာင္ေစခဲ့ပါတယ္။ေနာက္ထပ္ ၂မိနစ္အၾကာမွာေတာ့ လူစားဝင္လာတဲ့တိုက္စစ္မႉးလီယာအိုကေပၚ

တူဂီအတြက္ တတိယဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုလည္း ဖာနန္ဒက္စ္ကဖန္တီးေပးခဲ့တာပါ။ပြဲခ်ိန္ ၈၉မိနစ္

မွာေတာ့ လူစားဝင္လာတဲ့ ဘူကာရီက ဂါနာအတြက္ဒုတိယဂိုးသြင္းႏိုင္ခဲ့လို႔ ပြဲၿပီးခါနီးမွာပိုၿပီးအႀကိတ္

အနယ္ရွိခဲ့ၿပီးေနာက္ထပ္အခြင့္အေရးေတြရႏိုင္ေလာက္တဲ့ အေနအထားျဖစ္ေပမဲ့ ေပၚတူဂီက ၃-၂ ဆိုတဲ့

အႏိုင္ရလဒ္ကိုအေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။