
ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ်Al-Nassrသို့ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိပြီးနောက်
အားကစားသမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။စူပါစတားဟာပြီးခဲ့
တဲ့အပတ်တုန်းကမန်ချက်စတာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့
သူဖြစ်ပါတယ်။ဒါပေမဲ့ယခုအခါမှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassrသို့တစ်နှစ်လုပ်ခပေါင်၁၇၃
သန်းတန် ၂နှစ်ခွဲစာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း Marca သတင်းစာကဖော်ပြ
လာပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတုန်းက ဆော်ဒီကလပ် Al-Nassr ရဲ့ပြိုင်ဘက် Al-Hilal
ထံမှတစ်ပတ်လုပ်ခပေါင်၃သန်းတန်စာချုပ်ဖြင့်ကမ်းလှမ်းခြင်းခံခဲ့ရပေမဲ့ပယ်ချခဲ့ပါတယ်။ယခုအခါမှာတော့
Al-Hilal ရဲ့ပြိုင်ဘက် Al-Nassr က Al-Hilal ကိုကျော်ဖြတ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေသဘော
တူညီမှုရရှိသွားပြီဖြစ်ပါတယ်။Al-Nassr ကိုရိုးမား၊လိုင်ယွန်နှင့်မာဆေးလ်နည်းပြဟောင်းရူဒီဂါစီယာကကိုင်
တွယ်နေပြီး Saudi Pro League တွင်ဇယားထိပ်ဆုံးမှ Al-Shabab နောက်သုံးမှတ်အကွာဖြင့်ဒုတိယနေရာ
မှာရပ်နေပါတယ်။Al-Nassr ဟာကမ္ဘာ့ဖလားအပြီးပထမဆုံးလိဂ်ပွဲအဖြစ် ဗိုလ်လုပွဲမတိုင်မီ၂ရက်အလိုဒီ
ဇင်ဘာလ၁၆ရက်နေ့တွင်ကစားရပါမယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဒီဇင်ဘာလအတွင်းတွင်အ
နားယူပြီးဇန်နဝါရီလတွင်မှ Al-Nassr သို့ပြောင်းရွှေ့လာဖို့ရှိပါတယ်။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္Al-Nassrသို႔ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိၿပီးေနာက္
အားကစားသမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။စူပါစတားဟာၿပီးခဲ့
တဲ့အပတ္တုန္းကမန္ခ်က္စတာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့
သူျဖစ္ပါတယ္။ဒါေပမဲ့ယခုအခါမွာေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al-Nassrသို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃
သန္းတန္ ၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း Marca သတင္းစာကေဖာ္ျပ
လာပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီတုန္းက ေဆာ္ဒီကလပ္ Al-Nassr ရဲ႕ၿပိဳင္ဘက္ Al-Hilal
ထံမွတစ္ပတ္လုပ္ခေပါင္၃သန္းတန္စာခ်ဳပ္ျဖင့္ကမ္းလွမ္းျခင္းခံခဲ့ရေပမဲ့ပယ္ခ်ခဲ့ပါတယ္။ယခုအခါမွာေတာ့
Al-Hilal ရဲ႕ၿပိဳင္ဘက္ Al-Nassr က Al-Hilal ကိုေက်ာ္ျဖတ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရသေဘာ
တူညီမႈရရွိသြားၿပီျဖစ္ပါတယ္။Al-Nassr ကို႐ိုးမား၊လိုင္ယြန္ႏွင့္မာေဆးလ္နည္းျပေဟာင္း႐ူဒီဂါစီယာကကိုင္
တြယ္ေနၿပီး Saudi Pro League တြင္ဇယားထိပ္ဆုံးမွ Al-Shabab ေနာက္သုံးမွတ္အကြာျဖင့္ဒုတိယေနရာ
မွာရပ္ေနပါတယ္။Al-Nassr ဟာကမာၻ႔ဖလားအၿပီးပထမဆုံးလိဂ္ပြဲအျဖစ္ ဗိုလ္လုပြဲမတိုင္မီ၂ရက္အလိုဒီ
ဇင္ဘာလ၁၆ရက္ေန႔တြင္ကစားရပါမယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒီဇင္ဘာလအတြင္းတြင္အ
နားယူၿပီးဇန္နဝါရီလတြင္မွ Al-Nassr သို႔ေျပာင္းေ႐ႊ႕လာဖို႔ရွိပါတယ္။