ကမ္ဘာ့ဖလားမစတင်မီအသင်းကြီးခြောက်သင်း ထိပ်တိုက်မတွေ့စေရေး ပရီးမီးယားလိဂ်ကိုတောင်းဆိုလိုက်တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားမစတင်မီရက်သတ္တပတ်တွင် ပရီးမီးယားလိဂ်ရဲ့Big

Six ကလပ်များအကြားထိပ်တိုက်တွေ့ဆုံတဲ့ပွဲမရှိစေရေး ပွဲစဉ်ရေးဆွဲရန်ပရီးမီးယားလိဂ်ကိုတောင်

းဆိုထားကြောင်းသိရပါတယ်။၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ၂၁ရက်နေ့မှာစ

တင်မှာဖြစ်ပြီးကမ္ဘာ့ဖလားသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ဆောင်းရာသီတွင်ကျင်းပလာမှာ

လည်းဖြစ်ပါတယ်။ယင်းသို့ပုံမှန်မဟုတ်တဲ့အချိန်တွင်ကမ္ဘာ့ဖလားပြိုင်ပွဲကိုကျင်းပလာမှာဖြစ်လို့

ဥရောပတလွှားရှိဘောလုံးပွဲစဉ်များကိုလည်းအပြောင်းအလဲပြုလုပ်ရေးဆွဲလာရပါတယ်။ပရီးမီး

ယားလိဂ်ဟာရာသီဝက်အားလပ်ရက်ခြောက်ပတ်ကျော်အထိလုပ်ဆောင်ရေးဆွဲလာရပါတယ်။

ရာသီဝက်မတိုင်မီပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်များကိုနိုဝင်ဘာလ၁၂ရက်နေ့နှင့်နိုဝင်ဘာလ၁၃

ရက်နေ့တို့တွင်ကစားပါမယ်။အင်္ဂလန်ဟာကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ်အီရန်နှင့်ပွဲစဉ်ကိုပ

ရီးမီးယားလိဂ်ရာသီဝက်နောက်ဆုံးပွဲအပြီးရှစ်ရက်အကြာတွင်ကစားရပါမယ်။အင်္ဂလန်နည်းပြ

ဆောက်ဂိတ်ဟာပြင်ဆင်မှုအလွန်နည်းပါးပြီးအလျှင်အမြန်ကစားရမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်

ကစားသမားများအပေါ်စိုးရိမ်လျက်ရှိနေပါတယ်။ESPN ရဲ့ဖော်ပြချက်အရအက်ဖ်အေဟာကမ္ဘာ့ဖ

လားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲတွင် Big Six ကလပ်များဖြစ်ကြတဲ့မန်စီးတီး၊လီဗာ

ပူး၊ချဲလ်ဆီး၊ယူနိုက်တက်၊အာဆင်နယ်၊စပါးစ်တို့အကြားထိပ်တိုက်တွေ့ဆုံတဲ့ပွဲမရှိအောင်ရေးဆွဲ

 

ပေးရန်တောင်းဆိုထားပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်များကို၁၉၉၂ခုနှစ်မှစတင်ကာဒီဂျစ်တယ်ကုမ္ပ

ဏီတစ်ခုဖြစ်တဲ့ Atos ရဲ့စနစ်ဖြင့်ကျပန်းရေးဆွဲလာတာဖြစ်ပါတယ်ဒါပေမဲ့၎င်းတို့ဟာ အိမ်ကွင်းနှစ်

ပွဲဆက်၊အဝေးကွင်းနှစ်ပွဲဆက်မကျရေး၊တစ်မြို့တည်းမှကလပ်များတစ်နေ့တည်းတွင်အတူမက

စားရေးစတဲ့ Golden Rules များသုံးကာရေးဆွဲလာပါတယ်။ယခုအခါအက်ဖ်အေရဲ့တောင်းဆိုမှုအ

ရပရီးမီးယားလိဂ်ဟာပရီးမီးယားလိဂ်ပွဲစဉ်ရေးဆွဲရာမှာ Big Six ကလပ်များ ရာသီဝက်နောက်ဆုံး

ပွဲစဉ်တွင်ထိပ်တိုက်တွေ့ဆုံမှုမရှိရန်ရေးဆွဲလာရတော့မှာဖြစ်ပါတယ်။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကမာၻ႔ဖလားမစတင္မီရက္သတၱပတ္တြင္ ပရီးမီးယားလိဂ္ရဲ႕Big

Six ကလပ္မ်ားအၾကားထိပ္တိုက္ေတြ႕ဆုံတဲ့ပြဲမရွိေစေရး ပြဲစဥ္ေရးဆြဲရန္ပရီးမီးယားလိဂ္ကိုေတာင္

းဆိုထားေၾကာင္းသိရပါတယ္။၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို ႏိုဝင္ဘာလ၂၁ရက္ေန႔မွာစ

တင္မွာျဖစ္ၿပီးကမာၻ႔ဖလားသမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ေဆာင္းရာသီတြင္က်င္းပလာမွာ

လည္းျဖစ္ပါတယ္။ယင္းသို႔ပုံမွန္မဟုတ္တဲ့အခ်ိန္တြင္ကမာၻ႔ဖလားၿပိဳင္ပြဲကိုက်င္းပလာမွာျဖစ္လို႔

ဥေရာပတလႊားရွိေဘာလုံးပြဲစဥ္မ်ားကိုလည္းအေျပာင္းအလဲျပဳလုပ္ေရးဆြဲလာရပါတယ္။ပရီးမီး

ယားလိဂ္ဟာရာသီဝက္အားလပ္ရက္ေျခာက္ပတ္ေက်ာ္အထိလုပ္ေဆာင္ေရးဆြဲလာရပါတယ္။

ရာသီဝက္မတိုင္မီပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္မ်ားကိုႏိုဝင္ဘာလ၁၂ရက္ေန႔ႏွင့္ႏိုဝင္ဘာလ၁၃

ရက္ေန႔တို႔တြင္ကစားပါမယ္။အဂၤလန္ဟာကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္အီရန္ႏွင့္ပြဲစဥ္ကိုပ

ရီးမီးယားလိဂ္ရာသီဝက္ေနာက္ဆုံးပြဲအၿပီးရွစ္ရက္အၾကာတြင္ကစားရပါမယ္။အဂၤလန္နည္းျပ

ေဆာက္ဂိတ္ဟာျပင္ဆင္မႈအလြန္နည္းပါးၿပီးအလွ်င္အျမန္ကစားရမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္

ကစားသမားမ်ားအေပၚစိုးရိမ္လ်က္ရွိေနပါတယ္။ESPN ရဲ႕ေဖာ္ျပခ်က္အရအက္ဖ္ေအဟာကမာၻ႔ဖ

လားၿပိဳင္ပြဲမတိုင္မီ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲတြင္ Big Six ကလပ္မ်ားျဖစ္ၾကတဲ့မန္စီးတီး၊လီဗာ

ပူး၊ခ်ဲလ္ဆီး၊ယူႏိုက္တက္၊အာဆင္နယ္၊စပါးစ္တို႔အၾကားထိပ္တိုက္ေတြ႕ဆုံတဲ့ပြဲမရွိေအာင္ေရးဆြဲ

ေပးရန္ေတာင္းဆိုထားပါတယ္။ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကို၁၉၉၂ခုႏွစ္မွစတင္ကာဒီဂ်စ္တယ္ကုမၸ

ဏီတစ္ခုျဖစ္တဲ့ Atos ရဲ႕စနစ္ျဖင့္က်ပန္းေရးဆြဲလာတာျဖစ္ပါတယ္ဒါေပမဲ့၎တို႔ဟာ အိမ္ကြင္းႏွစ္

ပြဲဆက္၊အေဝးကြင္းႏွစ္ပြဲဆက္မက်ေရး၊တစ္ၿမိဳ႕တည္းမွကလပ္မ်ားတစ္ေန႔တည္းတြင္အတူမက

စားေရးစတဲ့ Golden Rules မ်ားသုံးကာေရးဆြဲလာပါတယ္။ယခုအခါအက္ဖ္ေအရဲ႕ေတာင္းဆိုမႈအ

ရပရီးမီးယားလိဂ္ဟာပရီးမီးယားလိဂ္ပြဲစဥ္ေရးဆြဲရာမွာ Big Six ကလပ္မ်ား ရာသီဝက္ေနာက္ဆုံး

ပြဲစဥ္တြင္ထိပ္တိုက္ေတြ႕ဆုံမႈမရွိရန္ေရးဆြဲလာရေတာ့မွာျဖစ္ပါတယ္။