ကမ္ဘာ့ဖလားကွင်းများအတွင်းဖွင့်ထားတဲ့အဲယားကွန်းများကြောင့် အရံခုံထိုင်နေခဲ့ရတဲ့အဖြစ်ကိုပြောလာတဲ့ ယူနိုက်တက်စတားအန်တိုနီ

ဘရာဇီးနှင့်မန်ချက်စတာယူနိုက်တက်စတားအန်တိုနီကကာတာကမ္ဘာ့ဖလားကွင်းများအတွင်းဖွင့်ထား

တဲ့အဲယားကွန်းများကြောင့်နေထိုင်မကောင်းဖြစ်စေလျက်ရှိကြောင်းဖွင့်ဟလာပါတယ်။ဘရာဇီးတောင်ပံ

ကစားသမားဟာဆားဘီးယား၊ဆွစ်ဇာလန်တို့အားအနိုင်ရရှိကာဘရာဇီးတို့ရှုံးထွက်အဆင့်သို့တက်ရောက်

နိုင်ခဲ့တဲ့ပွဲများတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာဆားဘီးယားကိုအ

ဖွင့်ပွဲအနိုင်ရရှိပြီးနောက် နေထိုင်မကောင်းဖြစ်မှုနှင့်အတူဒဏ်ရာရရှိနေတဲ့နေမာ၊ဒါနီလိုတို့နှင့်အတူလေ့

ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ကက်စ်မီရိုနှင့်အင်တာဗျူးတွင်အန်တိုနီကကမ္ဘာ့ဖလားကွင်းများအတွင်း

ဖွင့်လှစ်ထားတဲ့အဲဗားကွန်းများကြောင့်နေထိုင်မကောင်းဖြစ်ရကြောင်းအပြစ်တင်လာပါတယ်။အသက်

၂၂နှစ်ရှိအန်တိုနီက “နည်းနည်းခက်ခဲတယ်။ရက်အနည်းငယ်လောက်နေလို့ထိုင်လို့မကောင်းဖြစ်ရတယ်။

ပြန်လည်ကောင်းမွန်လာခဲ့တယ်။ရာနှုန်းပြည့်ကောင်းလာတယ်။နေမကောင်းဖြစ်တာ။လည်ချောင်းနာ

တယ်။အဲယားကွန်းကြောင့်ပါ။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။အခြားကစားသမားတွေလည်း

ချောင်းဆိုး၊လည်ချောင်းနာကြတယ်။နေမကောင်းဖြစ်တော့ကျွန်တော့်အတွက်အရမ်းခက်ခဲရတယ်။ဒါ

ပေမဲ့အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ခွင့်ရလို့ဝမ်းသာတယ်”လို့ပြောကြားသွားပါတယ်။စပိန်အ

သင်းမှအယ်ဗာရိုမိုရာတာနှင့်ဒါနီကာဗာဂျယ်တို့မှာလည်းအဲယားကွန်းကြောင့်ပင်နေထိုင်မကောင်းဖြစ်

ခဲ့ကြကာကော်စတာရီကာကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ကြရပါတယ်။

ဘရာဇီးႏွင့္မန္ခ်က္စတာယူႏိုက္တက္စတားအန္တိုနီကကာတာကမာၻ႔ဖလားကြင္းမ်ားအတြင္းဖြင့္ထား

တဲ့အဲဗားကြန္းမ်ားေၾကာင့္ေနထိုင္မေကာင္းျဖစ္ေစလ်က္ရွိေၾကာင္းဖြင့္ဟလာပါတယ္။ဘရာဇီးေတာင္ပံ

ကစားသမားဟာဆားဘီးယား၊ဆြစ္ဇာလန္တို႔အားအႏိုင္ရရွိကာဘရာဇီးတို႔ရႈံးထြက္အဆင့္သို႔တက္ေရာက္

ႏိုင္ခဲ့တဲ့ပြဲမ်ားတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့သူဟာဆားဘီးယားကိုအ

ဖြင့္ပြဲအႏိုင္ရရွိၿပီးေနာက္ ေနထိုင္မေကာင္းျဖစ္မႈႏွင့္အတူဒဏ္ရာရရွိေနတဲ့ေနမာ၊ဒါနီလိုတို႔ႏွင့္အတူေလ့

က်င့္ခန္းဆင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။ကက္စ္မီ႐ိုႏွင့္အင္တာဗ်ဴးတြင္အန္တိုနီကကမာၻ႔ဖလားကြင္းမ်ားအတြင္း

ဖြင့္လွစ္ထားတဲ့အဲဗားကြန္းမ်ားေၾကာင့္ေနထိုင္မေကာင္းျဖစ္ရေၾကာင္းအျပစ္တင္လာပါတယ္။အသက္

၂၂ႏွစ္ရွိအန္တိုနီက “နည္းနည္းခက္ခဲတယ္။ရက္အနည္းငယ္ေလာက္ေနလို႔ထိုင္လို႔မေကာင္းျဖစ္ရတယ္။

ျပန္လည္ေကာင္းမြန္လာခဲ့တယ္။ရာႏႈန္းျပည့္ေကာင္းလာတယ္။ေနမေကာင္းျဖစ္တာ။လည္ေခ်ာင္းနာ

တယ္။အဲယားကြန္းေၾကာင့္ပါ။ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ဘူး။အျခားကစားသမားေတြလည္း

ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာၾကတယ္။ေနမေကာင္းျဖစ္ေတာ့ကြၽန္ေတာ့္အတြက္အရမ္းခက္ခဲရတယ္။ဒါ

ေပမဲ့အသင္းရဲ႕အေရးပါတဲ့အစိတ္အပိုင္းျဖစ္ခြင့္ရလို႔ဝမ္းသာတယ္”လို႔ေျပာၾကားသြားပါတယ္။စပိန္အ

သင္းမွအယ္ဗာ႐ိုမိုရာတာႏွင့္ဒါနီကာဗာဂ်ယ္တို႔မွာလည္းအဲယားကြန္းေၾကာင့္ပင္ေနထိုင္မေကာင္းျဖစ္

ခဲ့ၾကကာေကာ္စတာရီကာကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ၾကရပါတယ္။