
အသင်းမှာ ခေါင်းခေါက်ရွေးချယ်စရာ ထိပ်တန်းကစားသမားတွေ အုံနဲ့ကျင်းနဲ့ ရှိနေပြီဖြစ်တာကြောင့်
ဘရာဇီးဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မှာ ချန်ပီယံဆုရမယ့်အသင်းပဲလို့ ဘရာဇီးပ
ရိသတ်တွေ လေလုံးထွားနေကြ ပြီဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ် ဆွတ်ခူးထားတဲ့
ဘရာဇီးကို လက်ရှိမှာ နည်းပြတစ်တီက ဦးဆောင်နေပြီးသူ့မှာ ရွေးချယ်စရာ အဆင့်မီ ကစားသမား
တွေ ဒုနဲ့ဒေး ဖြစ်နေပါတယ်။လီဗာပူးရဲ့ အဓိက ဂိုးသမားဖြစ်တဲ့ အလစ်ဆန်၊ မန်ယူကွင်းလယ်လူ
ကက်စ်မီရိုတို့ကိုတောင် ရွေးရင်ကောင်း မလားဆိုတဲ့လေသံမျိုး မရှိသလို နေမာနဲ့ ဗီနီစီးယပ်စ်တို့
ကိုလည်း ကာတာ ဆီခေါ်သွားမယ်လို့ကျိန်းသေမပြောလောက်တဲ့အထိကို သူ့မှာ ကစားသမား
ကောင်းတွေ ရှိနေတာပါ။အသင်းရဲ့ အားနည်းချက်တချို့ကြောင့် ဖလားမရ နိုင်ဘူးလို့ ယူဆနေတဲ့
ပရိသတ်တချို့ရှိနေပေမယ့်အများစုကတော့ ဒီနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုဟာ ဘရာဇီးအတွက်ပဲ
လို့ ယုံကြည်နေတာပါ။နောက် ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အမှန်တကယ် ဖြစ်လာနိုင်တဲ့ လက်
ရွေးစင် အသင်းလူစာရင်းကိုလည်းပရိသတ်တွေက အခုကတည်းက ကြိုတင်ခန့်မှန်း နေကြပြီဖြစ်
ပါတယ်။အများစုခန့်မှန်းတဲ့ အသင်းထဲမှာ မန်ယူကွင်းလယ်လူ ကက်စ်မီရို မပါဝင်သလို စပါးတိုက်
စစ်မှူး ရစ်ချာလီဆန်လည်း မပါခဲ့ပါဘူး။ဒါ့အပြင် မန်ယူကနေ ခေါ်ယူလိုက်တဲ့ တောင်ပံကစားသ
မား အန်တိုနီကို တောင် ပရိသတ်တွေ စိတ်ကြိုက် မတွေ့ခဲ့ကြပါဘူး။အခုလိုမျိုး ကစားသမား
ကောင်းတွေ ရွေးချယ်စရာများလွန်းလို့ ဘရာဇီးပရိသတ်တွေဟာတွစ်တာပေါ်မှာ အခြားနိုင်ငံအ
သင်းပရိသတ်တွေအပေါ် လေလုံးထွားနေကြပါတယ်။‘’လူတွေက မပြောချင်လို့သာ မပြောကြတာ။
၂၀၀၂ ခုနှစ်ကတည်းက ဒီအသင်းကကမ္ဘာ့ အကောင်းဆုံးအသင်း ဖြစ်နေတာ’’ လို့ ဘရာဇီးပရိ
သတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။နောက်ထပ် တစ်ယောက်ကတော့ ‘’ဒီအသင်း
မျိုးကို ဘယ်ပြိုင်ဘက်အသင်းက အနိုင်ယူမှာလဲဗျာ’’ဆိုပြီး ရေးသားခဲ့ပါ တယ်။အထူးသဖြင့် ဘရာ
ဇီးမှာ ရွေးချယ်စရာ တိုက်စစ်မှူးတွေ အများအပြား ရှိနေတာဖြစ်ပြီးဖာမီနို၊ ရစ်ချာလီဆန်၊ အန်တို
နီ၊ မာတင်နယ်လီ၊ ကော်တင် ဟိုတို့လို ကစားသမားတွေအပြင်နေမာ၊ ဗီနီဆီးယပ်စ်တို့လို ကြယ်ပွင့်
တွေ ရှိနေတာကြောင့် ပရိသတ်တွေ ဇောင်းထနေတာလည်း ဖြစ်ပါတယ်။
အသင္းမွာ ေခါင္းေခါက္ေ႐ြးခ်ယ္စရာ ထိပ္တန္းကစားသမားေတြ အုံနဲ႔က်င္းနဲ႔ ရွိေနၿပီျဖစ္တာေၾကာင့္
ဘရာဇီးဟာ လာမယ့္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲႀကီး မွာ ခ်န္ပီယံဆုရမယ့္အသင္းပဲလို႔ ဘရာဇီးပ
ရိသတ္ေတြ ေလလုံးထြားေနၾက ၿပီျဖစ္ပါတယ္။ကမာၻ႔ဖလားခ်န္ပီယံဆုကို ၅ ႀကိမ္ ဆြတ္ခူးထားတဲ့
ဘရာဇီးကို လက္ရွိမွာ နည္းျပတစ္တီက ဦးေဆာင္ေနၿပီးသူ႔မွာ ေ႐ြးခ်ယ္စရာ အဆင့္မီ ကစားသမား
ေတြ ဒုနဲ႔ေဒး ျဖစ္ေနပါတယ္။လီဗာပူးရဲ႕ အဓိက ဂိုးသမားျဖစ္တဲ့ အလစ္ဆန္၊ မန္ယူကြင္းလယ္လူ
ကက္စ္မီ႐ိုတို႔ကိုေတာင္ ေ႐ြးရင္ေကာင္း မလားဆိုတဲ့ေလသံမ်ိဳး မရွိသလို ေနမာနဲ႔ ဗီနီစီးယပ္စ္တို႔
ကိုလည္း ကာတာ ဆီေခၚသြားမယ္လို႔က်ိန္းေသမေျပာေလာက္တဲ့အထိကို သူ႔မွာ ကစားသမား
ေကာင္းေတြ ရွိေနတာပါ။အသင္းရဲ႕ အားနည္းခ်က္တခ်ိဳ႕ေၾကာင့္ ဖလားမရ ႏိုင္ဘူးလို႔ ယူဆေနတဲ့
ပရိသတ္တခ်ိဳ႕ရွိေနေပမယ့္အမ်ားစုကေတာ့ ဒီႏွစ္ ကမာၻ႔ဖလားခ်န္ပီယံဆုဟာ ဘရာဇီးအတြက္ပဲ
လို႔ ယုံၾကည္ေနတာပါ။ေနာက္ ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ အမွန္တကယ္ ျဖစ္လာႏိုင္တဲ့ လက္
ေ႐ြးစင္ အသင္းလူစာရင္းကိုလည္းပရိသတ္ေတြက အခုကတည္းက ႀကိဳတင္ခန႔္မွန္း ေနၾကၿပီျဖစ္
ပါတယ္။အမ်ားစုခန႔္မွန္းတဲ့ အသင္းထဲမွာ မန္ယူကြင္းလယ္လူ ကက္စ္မီ႐ို မပါဝင္သလို စပါးတိုက္
စစ္မႉး ရစ္ခ်ာလီဆန္လည္း မပါခဲ့ပါဘူး။ဒါ့အျပင္ မန္ယူကေန ေခၚယူလိုက္တဲ့ ေတာင္ပံကစားသ
မား အန္တိုနီကို ေတာင္ ပရိသတ္ေတြ စိတ္ႀကိဳက္ မေတြ႕ခဲ့ၾကပါဘူး။အခုလိုမ်ိဳး ကစားသမား
ေကာင္းေတြ ေ႐ြးခ်ယ္စရာမ်ားလြန္းလို႔ ဘရာဇီးပရိသတ္ေတြဟာတြစ္တာေပၚမွာ အျခားႏိုင္ငံအ
သင္းပရိသတ္ေတြအေပၚ ေလလုံးထြားေနၾကပါတယ္။‘’လူေတြက မေျပာခ်င္လို႔သာ မေျပာၾကတာ။
၂၀၀၂ ခုႏွစ္ကတည္းက ဒီအသင္းကကမာၻ႔ အေကာင္းဆုံးအသင္း ျဖစ္ေနတာ’’ လို႔ ဘရာဇီးပရိ
သတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ေနာက္ထပ္ တစ္ေယာက္ကေတာ့ ‘’ဒီအသင္း
မ်ိဳးကို ဘယ္ၿပိဳင္ဘက္အသင္းက အႏိုင္ယူမွာလဲဗ်ာ’’ဆိုၿပီး ေရးသားခဲ့ပါ တယ္။အထူးသျဖင့္ ဘရာ
ဇီးမွာ ေ႐ြးခ်ယ္စရာ တိုက္စစ္မႉးေတြ အမ်ားအျပား ရွိေနတာျဖစ္ၿပီးဖာမီႏို၊ ရစ္ခ်ာလီဆန္၊ အန္တို
နီ၊ မာတင္နယ္လီ၊ ေကာ္တင္ ဟိုတို႔လို ကစားသမားေတြအျပင္ေနမာ၊ ဗီနီဆီးယပ္စ္တို႔လို ၾကယ္ပြင့္
ေတြ ရွိေနတာေၾကာင့္ ပရိသတ္ေတြ ေဇာင္းထေနတာလည္း ျဖစ္ပါတယ္။