ကနေဒါနဲ့ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို သူ့ကိုဘာကြောင့်ပေးလဲ မေးခွန်းထုတ်လာတဲ့ ကီဗင်ဒီဘရိုင်း

ကီဗင်ဒီဘရိုင်းဟာမနေ့ညတုန်းကကနေဒါကိုဘယ်လ်ဂျီယံက၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်ပွဲစဉ်

အလိုက်အကောင်းဆုံးကစားသမားဆုကို သူဘာကြောင့်ရရှိသလဲဆိုတာနဲ့ပတ်သက်ပြီးမေးခွန်းထုတ်

လာခဲ့ပါတယ်။ကီဗင်ဒီဘရိုင်းတို့ပါဝင်တဲ့ ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ဟာသူတို့ရဲ့နောက်ဆုံးကမ္ဘာ့

ဖလားမျှော်လင့်ချက်အဖြစ် ကနေဒါနှင့်ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲကစားခဲ့ရပါတယ်။ကနေဒါဟာ၁၉၈၆

ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာဖြစ်ပြီးဒုတိယအကြိမ်

မြောက်ကမ္ဘာ့ဖလားယှဉ်ပြိုင်လာတာလည်းဖြစ်ပါတယ်။ယင်းပွဲတွင်ဘယ်လ်ဂျီယံဟာဘူရူအာယီရဲ့တစ်

လုံးတည်းသောဂိုးဖြင့်ကနေဒါကို၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ဘယ်လ်ဂျီယံဟာကနေဒါကိုအ

လွယ်တကူအနိုင်ရခဲ့တာမဟုတ်ပါဘူး။ပထမပိုင်းတွင်ကနေဒါဟာပင်နယ်တီရရှိခဲ့ပြီးအယ်ဖွန်ဆိုဒါဗီးစ်

ရဲ့ကန်ချက်ကိုကော့တွိုက်စ်ကာကွယ်သွားခဲ့လို့သက်သာရာရခဲ့တာပါ။မနေ့ညပွဲတွင်ကနေဒါကပိုကောင်း

ခဲ့တာတွေ့ရပြီးကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ကီဗင်ဒီဘရိုင်းပါဝင်

တဲ့ဘယ်လ်ဂျီယံတို့ ကွင်းလယ်ပိုင်းအသာမရခဲ့ပါဘူး။ဒါပေမဲ့သူဟာပွဲအပြီးတွင်တော့ပွဲစဉ်အလိုက်အ

ကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ကီဗင်ဒီဘရိုင်းဟာယင်းဆုနှင့်ထိုက်တန်တယ်လို့ယူ

ဆခြင်းမရှိပါဘူး။ဒါကြောင့်လည်း၎င်းက “ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့တယ်လို့မထင်ဘူး။ဘာကြောင့်ဒီ

ဆုရသလဲမသိပါဘူး။ကျွန်တော့်အမည်ကြောင့်ရတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်”လို့ရိုးသားစွာဖွင့်ဟ

သွားခဲ့ပါတယ်။

ကီဗင္ဒီဘ႐ိုင္းဟာမေန႔ညတုန္းကကေနဒါကိုဘယ္လ္ဂ်ီယံက၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ပြဲစဥ္

အလိုက္အေကာင္းဆုံးကစားသမားဆုကို သူဘာေၾကာင့္ရရွိသလဲဆိုတာနဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္

လာခဲ့ပါတယ္။ကီဗင္ဒီဘ႐ိုင္းတို႔ပါဝင္တဲ့ ဘယ္လ္ဂ်ီယံေ႐ႊေရာင္မ်ိဳးဆက္ဟာသူတို႔ရဲ႕ေနာက္ဆုံးကမာၻ႔

ဖလားေမွ်ာ္လင့္ခ်က္အျဖစ္ ကေနဒါႏွင့္ကာတာကမာၻ႔ဖလားအဖြင့္ပြဲကစားခဲ့ရပါတယ္။ကေနဒါဟာ၁၉၈၆

ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္လာတာျဖစ္ၿပီးဒုတိယအႀကိမ္

ေျမာက္ကမာၻ႔ဖလားယွဥ္ၿပိဳင္လာတာလည္းျဖစ္ပါတယ္။ယင္းပြဲတြင္ဘယ္လ္ဂ်ီယံဟာဘူ႐ူအာယီရဲ႕တစ္

လုံးတည္းေသာဂိုးျဖင့္ကေနဒါကို၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။ဒါေပမဲ့ဘယ္လ္ဂ်ီယံဟာကေနဒါကိုအ

လြယ္တကူအႏိုင္ရခဲ့တာမဟုတ္ပါဘူး။ပထမပိုင္းတြင္ကေနဒါဟာပင္နယ္တီရရွိခဲ့ၿပီးအယ္ဖြန္ဆိုဒါဗီးစ္

ရဲ႕ကန္ခ်က္ကိုေကာ့တြိဳက္စ္ကာကြယ္သြားခဲ့လို႔သက္သာရာရခဲ့တာပါ။မေန႔ညပြဲတြင္ကေနဒါကပိုေကာင္း

ခဲ့တာေတြ႕ရၿပီးကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ကီဗင္ဒီဘ႐ိုင္းပါဝင္

တဲ့ဘယ္လ္ဂ်ီယံတို႔ ကြင္းလယ္ပိုင္းအသာမရခဲ့ပါဘူး။ဒါေပမဲ့သူဟာပြဲအၿပီးတြင္ေတာ့ပြဲစဥ္အလိုက္အ

ေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။ဒါေပမဲ့ကီဗင္ဒီဘ႐ိုင္းဟာယင္းဆုႏွင့္ထိုက္တန္တယ္လို႔ယူ

ဆျခင္းမရွိပါဘူး။ဒါေၾကာင့္လည္း၎က “ပြဲေကာင္းတစ္ပြဲကစားႏိုင္ခဲ့တယ္လို႔မထင္ဘူး။ဘာေၾကာင့္ဒီ

ဆုရသလဲမသိပါဘူး။ကြၽန္ေတာ့္အမည္ေၾကာင့္ရတာလည္းျဖစ္ေကာင္းျဖစ္လိမ့္မယ္”လို႔႐ိုးသားစြာဖြင့္ဟ

သြားခဲ့ပါတယ္။