ကစားသမားသစ် မာလစီယာဒေါသထွက်ခဲ့ခြင်းဟာ နားလည်မှုလွဲခဲ့တာသာဖြစ်ကြောင်း ဖြေရှင်းလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ကွင်းထဲမှာ အသင်းဖော်

တိုင်ရယ် မာလစီယာနဲ့ စကားများခဲ့တဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ ဘရူနိုဟာ ဒီရာသီ

မှာ ဟယ်ရီ မက်ဂွိုင်းယားမပါဝင်တဲ့ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာ ဖြစ်ပါ

တယ်။ ပေါ်တူဂီကွင်းလယ်လူဟာ အရင်တုန်းကလည်း မက်ဂွိုင်းယား၊ဗစ်တာ လင်ဒီလော့ဖ်တို့နဲ့ စ

ကားများခဲ့ဖူးပြီး၊ ထိုအရာဟာ ဘရူနိုရဲ့ အနိုင်ရလိုစိတ်ပြင်းထန်မှုကြောင့် ကောင်းတဲ့လက္ခဏာလို့

မှတ်ချက်ပေးခြင်းခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ ဘရူနိုရဲ့ ဆူငေါက်ခြင်းကို ခံလိုက်ရတာက

တော့ မန်ယူကစားသမားသစ် မာလစီယာဖြစ်ပြီး၊ ပြီးခဲ့တဲ့လတုန်းက လက်စတာစီးတီးအသင်းကို

၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ ထိုကိစ္စ‌ကြောင့် မာလစီယာဟာ သူ့အပေါ် စိတ်တိုခဲ့ကြောင်း

နဲ့ အခြေအနေကို ရှင်းပြလိုက်တဲ့အခါမှာတော့ နားလည်သွားခဲ့ကြောင်း ဖာနန်ဒက်စ်က ရှင်းပြလာ

ခဲ့ပါတယ်။ “ လူတွေက ကျွန်တော်ဟာ အသင်းဖော်တွေအပေါ် ဘယ်လိုမျိုး လက်တွေဝှေ့ရမ်းနေ

သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြတယ်။ လူတွေထင်သလိုမျိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး ”

“ ဒါတွေက လုံးဝအလိမ်တွေပါ။ ဘောလုံးတောင်းဖို့နဲ့ ဘယ်နေရာကို ဘောလုံးပေးရမလဲဆိုတာ

ပြောဖို့ ကျွန်တော့်ရဲ့ လက်တွေကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဘယ်တုန်းကမှ မုန်း

တီးတဲ့စိတ်မျိုးနဲ့ မပြောခဲ့ပါဘူး။ ဘောလုံးပေးရမယ့်ဟာကို မပေးတာမျိုး၊ ဒါမှမဟုတ် အကောင်း

ဆုံးဆုံးဖြတ်ချက် မချတာမျိုး၊ ဒါမှမဟုတ် နှစ်ယောက်- တစ်ယောက် ”“ အနေအထားမျိုးမှာ အ

သင်းဖော်ဆီ ဘောလုံးမပေးတာမျိုးတို့မှာ တစ်ခါတစ်လေ တစ်ယောက်ယောက်ကို ကျွန်တော်

အော်ငေါက်မိတတ်တာ မှန်ပါတယ်။ မာလစီယာဆိုရင် ကျွန်တော် ငေါက်လိုက်တာကြောင့် ကျွန်

တော့်အပေါ် အတော်လေးဒေါသထွက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘာပြောသလဲ သူ နား

မလည်ခဲ့ပါဘူး။ ကျွန်တော်က ‘ တိုင်ရယ်၊ မင်း‌ခေါင်းကိုမော့ပြီး ’ ”“ ‘ အခြားတစ်ဖက်ကိုလည်း

ကြည့်အုန်း ’ ဆိုပြီး အော်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ကျွန်တော် သူ့ဆီသွားပြီး သူ့ခေါင်းကို လက်

တင်ပြီးတော့ ‘ ငါ မင်းကို ဒေါသစိတ်နဲ့ အော်နေတာ မဟုတ်ဘူး၊ ငါက မင်းကို ကစားပုံပြောင်းဖို့

အော်နေတာ ’ ဆိုပြီး အေးအေးဆေးဆေးပဲ ‌ရှင်းပြခဲ့တယ်။ သူကလည်း ‘ ကျွန်တော်လည်း တောင်း

ပန်ပါတယ်၊ ကျွန်တော် ပင်ပန်းနေခဲ့တာကြောင့်ပါ ’ ဆိုပြီး ပြန်ပြောခဲ့တယ် ” လို့ ပြောပြခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္က ကြင္းထဲမွာ အသင္းေဖာ္

တိုင္ရယ္ မာလစီယာနဲ႔ စကားမ်ားခဲ့တဲ့ကိစၥကို ျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။ ဘ႐ူႏိုဟာ ဒီရာသီ

မွာ ဟယ္ရီ မက္ဂြိဳင္းယားမပါဝင္တဲ့ပြဲေတြမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတာ ျဖစ္ပါ

တယ္။ ေပၚတူဂီကြင္းလယ္လူဟာ အရင္တုန္းကလည္း မက္ဂြိဳင္းယား၊ဗစ္တာ လင္ဒီေလာ့ဖ္တို႔နဲ႔ စ

ကားမ်ားခဲ့ဖူးၿပီး၊ ထိုအရာဟာ ဘ႐ူႏိုရဲ႕ အႏိုင္ရလိုစိတ္ျပင္းထန္မႈေၾကာင့္ ေကာင္းတဲ့လကၡဏာလို႔

မွတ္ခ်က္ေပးျခင္းခံခဲ့ရပါတယ္။ အခုတစ္ႀကိမ္မွာေတာ့ ဘ႐ူႏိုရဲ႕ ဆူေငါက္ျခင္းကို ခံလိုက္ရတာက

ေတာ့ မန္ယူကစားသမားသစ္ မာလစီယာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့လတုန္းက လက္စတာစီးတီးအသင္းကို

၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာျဖစ္ပါတယ္။ ထိုကိစၥ‌ေၾကာင့္ မာလစီယာဟာ သူ႔အေပၚ စိတ္တိုခဲ့ေၾကာင္း

နဲ႔ အေျခအေနကို ရွင္းျပလိုက္တဲ့အခါမွာေတာ့ နားလည္သြားခဲ့ေၾကာင္း ဖာနန္ဒက္စ္က ရွင္းျပလာ

ခဲ့ပါတယ္။ “ လူေတြက ကြၽန္ေတာ္ဟာ အသင္းေဖာ္ေတြအေပၚ ဘယ္လိုမ်ိဳး လက္ေတြေဝွ႔ရမ္းေန

သလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာၾကတယ္။ လူေတြထင္သလိုမ်ိဳးက ဘယ္တုန္းကမွ မျဖစ္ခဲ့ပါဘူး ”

“ ဒါေတြက လုံးဝအလိမ္ေတြပါ။ ေဘာလုံးေတာင္းဖို႔နဲ႔ ဘယ္ေနရာကို ေဘာလုံးေပးရမလဲဆိုတာ

ေျပာဖို႔ ကြၽန္ေတာ့္ရဲ႕ လက္ေတြကို သုံးႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ဟာ ဘယ္တုန္းကမွ မုန္း

တီးတဲ့စိတ္မ်ိဳးနဲ႔ မေျပာခဲ့ပါဘူး။ ေဘာလုံးေပးရမယ့္ဟာကို မေပးတာမ်ိဳး၊ ဒါမွမဟုတ္ အေကာင္း

ဆုံးဆုံးျဖတ္ခ်က္ မခ်တာမ်ိဳး၊ ဒါမွမဟုတ္ ႏွစ္ေယာက္- တစ္ေယာက္ ”“ အေနအထားမ်ိဳးမွာ အ

သင္းေဖာ္ဆီ ေဘာလုံးမေပးတာမ်ိဳးတို႔မွာ တစ္ခါတစ္ေလ တစ္ေယာက္ေယာက္ကို ကြၽန္ေတာ္

ေအာ္ေငါက္မိတတ္တာ မွန္ပါတယ္။ မာလစီယာဆိုရင္ ကြၽန္ေတာ္ ေငါက္လိုက္တာေၾကာင့္ ကြၽန္

ေတာ့္အေပၚ အေတာ္ေလးေဒါသထြက္သြားခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဘာေျပာသလဲ သူ နား

မလည္ခဲ့ပါဘူး။ ကြၽန္ေတာ္က ‘ တိုင္ရယ္၊ မင္း‌ေခါင္းကိုေမာ့ၿပီး ’ ”“ ‘ အျခားတစ္ဖက္ကိုလည္း

ၾကည့္အုန္း ’ ဆိုၿပီး ေအာ္ခဲ့တာပါ။ ပြဲအၿပီးမွာေတာ့ ကြၽန္ေတာ္ သူ႔ဆီသြားၿပီး သူ႔ေခါင္းကို လက္

တင္ၿပီးေတာ့ ‘ ငါ မင္းကို ေဒါသစိတ္နဲ႔ ေအာ္ေနတာ မဟုတ္ဘူး၊ ငါက မင္းကို ကစားပုံေျပာင္းဖို႔

ေအာ္ေနတာ ’ ဆိုၿပီး ေအးေအးေဆးေဆးပဲ ‌ရွင္းျပခဲ့တယ္။ သူကလည္း ‘ ကြၽန္ေတာ္လည္း ေတာင္း

ပန္ပါတယ္၊ ကြၽန္ေတာ္ ပင္ပန္းေနခဲ့တာေၾကာင့္ပါ ’ ဆိုၿပီး ျပန္ေျပာခဲ့တယ္ ” လို႔ ေျပာျပခဲ့ပါတယ္။