
နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ခြောက်ယောက်အထိ ခေါ်ယူခဲ့ပြီး အောင်
မြင်တဲ့ အပြောင်းအရွှေ့ဈေးကွက်ပိုင်ထားခဲ့ပေမယ့်၊ တော့တင်ဟန်ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်
သူ အန်တိုနီယို ကွန်တီက အမှတ်ပေးဆုဖလားကို မမျှော်လင့်ကြဖို့ မန်ယူအသင်းကို ဥပမာပေးကာ
သူ့အသင်း ပရိသတ်တွေကို ပြောဆိုလိုက်ပါတယ်။မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက
ရာဖေးလ် ဗာရန်း၊ ဂျေဒန် ဆန်ချိုနဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပရိသတ်
တွေက အောင်မြင်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့်၊ ရာသီအကုန်မှာတော့ ထိပ်ဆုံး
လေးသင်းထဲတောင် မဝင်ခဲ့တာကို ကွန်တီက ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီနွေမှာ စပါးအသင်းဟာ
ဘစ်ဆူးမားအိုင်ဗန် ပယ်ရီဆစ်၊ ဂျက်စပန့်၊ ကလီးမန့် လန်းဂလတ်၊ ရစ်ချာလီဆန်နဲ့ ဖရေဆာ ဖော်
စတာတို့ကို ပေါင် ၉၄ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ထို့အတွက်ကြောင့် ပရိသတ်တွေက ချန်ပီယံဆု
ရှင်စာရင်းမှာ စပါးအသင်းကိုပါ ထည့်လာကြပါတယ်။ ဒါပေမယ့်လည်း ကွန်တီကတော့ “ ယူနိုက်
တက်အသင်းက ဥပမာအနေနဲ့ ရှိနေပါတယ်။ ဘောလုံးဆိုတာ တစ်ဦးတည်း ”“ ကစားရတဲ့အရာ
မဟုတ်ပါဘူး၊ တစ်ဦးထက် ပိုများပါတယ်၊ နှစ်ဦးနဲ့ ညီတူပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် ယူ
နိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဂျေဒန် ဆန်ချို၊ ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ ရာဖေးလ်
ဗာရန်းတို့ကို ခေါ်နိုင်ခဲ့ပေမယ့် အဆင့်ခြောက်ပဲ ရခဲ့တယ်။ နှစ်ရာသီအကြာက သူတို့ ဒုတိယရခဲ့
တယ်။ သူတို့က ဒီအပြောင်းအရွှေ့ကို ”“ ဖလားရဖို့အတွက် လုပ်တာဖြစ်ပေမယ့် အဆင့် ၆ ပဲရခဲ့
တယ်။ ဒီအခြေအနေတွေအားလုံးကို ခင်ဗျားတို့အနေနဲ့ ထည့်တွက်သင့်တယ်လို့ ကျွန်တော် မြင်
တယ်။ အင်္ဂလန်မှာ အနိုင်ရဖို့က ခက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်
တို့အနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတာမျိုး၊ ပြီးခဲ့တဲ့ရာသီကထက် ပိုတိုးတက်လာအောင် ကြိုးစားတာ
မျိုး ကျွန်တော်တို့ လုပ်ချင်တယ်၊ ဒါကသာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့
ပါတယ်။
ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကစားသမားသစ္ ေျခာက္ေယာက္အထိ ေခၚယူခဲ့ၿပီး ေအာင္
ျမင္တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိုင္ထားခဲ့ေပမယ့္၊ ေတာ့တင္ဟန္ေဟာ့စပါးအသင္းရဲ႕ နည္းျပျဖစ္
သူ အန္တိုနီယို ကြန္တီက အမွတ္ေပးဆုဖလားကို မေမွ်ာ္လင့္ၾကဖို႔ မန္ယူအသင္းကို ဥပမာေပးကာ
သူ႔အသင္း ပရိသတ္ေတြကို ေျပာဆိုလိုက္ပါတယ္။မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းက
ရာေဖးလ္ ဗာရန္း၊ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ခရစၥတီယာႏို ႐ိုနယ္ဒိုတို႔ကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ပရိသတ္
ေတြက ေအာင္ျမင္တဲ့ရာသီတစ္ခု ပိုင္ဆိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္၊ ရာသီအကုန္မွာေတာ့ ထိပ္ဆုံး
ေလးသင္းထဲေတာင္ မဝင္ခဲ့တာကို ကြန္တီက ရည္ၫႊန္းတာျဖစ္ပါတယ္။ ဒီေႏြမွာ စပါးအသင္းဟာ
ဘစ္ဆူးမားအိုင္ဗန္ ပယ္ရီဆစ္၊ ဂ်က္စပန႔္၊ ကလီးမန႔္ လန္းဂလတ္၊ ရစ္ခ်ာလီဆန္နဲ႔ ဖေရဆာ ေဖာ္
စတာတို႔ကို ေပါင္ ၉၄ သန္းနဲ႔ ဝယ္ယူခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္ ပရိသတ္ေတြက ခ်န္ပီယံဆု
ရွင္စာရင္းမွာ စပါးအသင္းကိုပါ ထည့္လာၾကပါတယ္။ ဒါေပမယ့္လည္း ကြန္တီကေတာ့ “ ယူႏိုက္
တက္အသင္းက ဥပမာအေနနဲ႔ ရွိေနပါတယ္။ ေဘာလုံးဆိုတာ တစ္ဦးတည္း ”“ ကစားရတဲ့အရာ
မဟုတ္ပါဘူး၊ တစ္ဦးထက္ ပိုမ်ားပါတယ္၊ ႏွစ္ဦးနဲ႔ ညီတူပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကဆိုရင္ ယူ
ႏိုက္တက္ဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေဂ်ဒန္ ဆန္ခ်ိဳ၊ ခရစၥတီယာႏို ႐ိုနယ္ဒိုနဲ႔ ရာေဖးလ္
ဗာရန္းတို႔ကို ေခၚႏိုင္ခဲ့ေပမယ့္ အဆင့္ေျခာက္ပဲ ရခဲ့တယ္။ ႏွစ္ရာသီအၾကာက သူတို႔ ဒုတိယရခဲ့
တယ္။ သူတို႔က ဒီအေျပာင္းအေ႐ႊ႕ကို ”“ ဖလားရဖို႔အတြက္ လုပ္တာျဖစ္ေပမယ့္ အဆင့္ ၆ ပဲရခဲ့
တယ္။ ဒီအေျခအေနေတြအားလုံးကို ခင္ဗ်ားတို႔အေနနဲ႔ ထည့္တြက္သင့္တယ္လို႔ ကြၽန္ေတာ္ ျမင္
တယ္။ အဂၤလန္မွာ အႏိုင္ရဖို႔က ခက္တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္
တို႔အေနနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတာမ်ိဳး၊ ၿပီးခဲ့တဲ့ရာသီကထက္ ပိုတိုးတက္လာေအာင္ ႀကိဳးစားတာ
မ်ိဳး ကြၽန္ေတာ္တို႔ လုပ္ခ်င္တယ္၊ ဒါကသာ ကြၽန္ေတာ္တို႔ရဲ႕ ပစ္မွတ္ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့
ပါတယ္။