ကစားသမားရော အသင်းဘက်ကပါမရောင်းချင်လို့ မပေးချင်တဲ့ဈေးခေါ်ထားခံရတဲ့ ရပ်ရှ်ဖို့ဒ်
Soccer Football - Premier League - Manchester City v Manchester United - Etihad Stadium, Manchester, Britain - March 6, 2022 Manchester United's Marcus Rashford reacts REUTERS/Craig Brough EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.
စပါးဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီးနောက် အပြောင်းအရွှေ့ကာလတွင်ကွန်တီအတွက် ငွေထုတ်
ပေးပါမယ်။ စပါးဟာ ခရိုအေးရှားတောင်ပံကစားသမား ပယ်ရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေး
းဖြင့်ခေါ်ယူထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ဝေ
ဖန်ခံနေရတဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စပါးအသင်းကကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အသင်းတာဝန်
ရှိသူတွေ နဲ့ကစားသမားကိုယ်တိုင်က ငြင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့
တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ၄ ဂိုးသာ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၂ ကြိမ်သာ
ပြုလုပ်နိုင်ခဲ့တာကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့သူလည်း ဖြစ်ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်
အရ ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ ရက်ရှ်ဖို့ဒ်အနေနဲ့ ခြေစွမ်းပြန်ပြ
နိုင်ဖို့အားလုံးက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ နေးရှင်းလိဂ်ကစားနေတဲ့အင်္ဂလန်အသင်းမှာ
ရွေးချယ်ခြင်းမခံရတဲ့ ရက်ရှ်ဖို့ဒ်ဟာ အနားယူဖို့လိုအပ်နေတယ်လို့လည်း အင်္ဂလန်နည်းပြ ဆောက်
ဂိတ်က ပြောဆိုခဲ့ပါတယ်။ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ရဲ့တန်ကြေးအား ပေါင်သန်း ၈၀ ခန့်သတ်မှတ်
ထားပြီး ၎င်းကို စပိန်နှင့် အီတလီမှ ကလပ်အသင်းများကများစွာစိတ်ဝင်စားနေကြကြောင်း အီတလီ
စူပါအေးဂျင့်ဖြစ်သူ ဒီဖန်တီကထုတ်ဖော်ပြောဆိုပါတယ်။ ယူ နိုက်တက်ဟာ လာမယ့် ဘောလုံးရာ
သီတွင်ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မြားဦးနေရာ၌ ပြောင်းလဲသုံးရန် စီစဉ်ထားကြောင်းလည်းသတင်းများ
ထွက်ပေါ်နေပါတယ်။ “အီတလီနဲ့ စပိန်မှာရှိတဲ့ ထိပ်တန်းအသင်းကြီးတွေက ရက်ရှ်ဖို့ဒ်ကို ခေါ်နိုင်
ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။သူတို့က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ လောက် သုံးချင်
တယ်။ယူနိုက်တက်က သန်း ၈၀ လောက် လိုချင်နေတော့ အပြောင်းအရွှေ့ကဖြစ်လာစရာ မရှိဘူး။
ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကိုလိုချင်တဲ့ အသင်းတွေအနေနဲ့ဒီလောက်ပိုက်ဆံ သုံးမှာမဟုတ်ဘူးလို့
ယူဆတယ်။ ဒါကြောင့် သူအိုးထရက်ဖို့ဒ်မှာ ဆက်ရှိမှာပါ။ ရက်ရှ်ဖို့ဒ်ကို ရောင်းပြီးသွားရင်လည်း
ပြန်အစားထိုးဖို့ဆိုတာ ယူနိုက်တက်အတွက် မလွယ်ဘူး”ဟုအီတလီ စူပါအေးဂျင့်ဖြစ်သူ ဒီဖန်တီက
ပြောပါတယ်။
တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ၎ ဂိုးသာ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၂ ကြိမ်သာ
ပြောပါတယ်။