ကစားသမားများပိုမိုစည်းလုံးလာစေရေးအတွက် ညဘက်နိုက်ကလပ်မတက်ဖို့ စည်းမျဉ်းချလိုက်တဲ့ PSG အားကစားဒါရိုက်တာသစ်
ပီအက်စ်ဂျီအားကစားဒါရိုက်တာသစ်လူးဝစ်ကမ်ပို့စ်ဟာပီအက်စ်ဂျီကစားသမားများအားညဖက်
ထွက်မကဲကြရန်ပိတ်ပင်လိုက်ပါတယ်။ယခင်တုန်းကမိုနာကိုနှင့်လိုင်လီတို့တွင်အလုပ်လုပ်ခဲ့ဖူးတဲ့
ကမ်ပို့စ်ဟာယခုနွေရာသီတွင်ပီအက်စ်ဂျီအားကစားဒါရိုက်တာအဖြစ်တာဝန်ယူလာသူဖြစ်ပါတယ်။
သူဟာကစားသမားခေါ်ယူအားဖြည့်ရာတွင်အလွန်ပါးနပ်သလို Parc des Princesသို့ပထမဆုံးချန်
ပီယံလိဂ်ဖလားသယ်ဆောင်လာနိုင်ရေးအတွက် ကစားသမားများအားတင်းကြပ်တဲ့စည်းမျဉ်းများ
ဖြင့်ကိုင်တွယ်နေပါတယ်။L’Equipe ရဲ့ဖော်ပြမှုအရသူဟာပဲရစ်ရှိနိုက်ကလပ်အမြောက်အမြားသို့
သွားရောက်ပြီး ပီအက်စ်ဂျီကစားသမားတို့လာရောက်ခြင်းရှိ/မရှိကြည့်ရှုခဲ့ပါတယ်။ပီအက်စ်ဂျီနည်း
ပြခရစ္စတိုဖီဂယ်တီယာမှာလည်းစည်းကမ်းတင်းကြပ်စွာကိုင်တွယ်တတ်သူအဖြစ်နာမည်ကြီးသူ
ဖြစ်ပါတယ်။သူဟာနံနက်စာနှင့်နေ့လည်စာစားစဉ်ကစားသမားများကို ဖုန်းအသုံးပြုခွင့်ပိတ်ပင်
ထားပြီးလည်းဖြစ်ပါတယ်။ယင်းသို့ပိတ်ပင်မှုကြောင့်ကစားသမားများအနေဖြင့်ပိုမိုစည်းလုံးကာနီး
နီးကပ်ကပ်ရှိလာမယ်လို့ယုံကြည်နေပါတယ်။ဒါ့အပြင်ပီအက်စ်ဂျီကစားသမားများဟာလေ့ကျင့်
ခန်းအစီအစဉ်သို့ နံနက်၈နာရီ၃၀မိနစ်နှင့်နံနက် ၈ နာရီ၄၅မိနစ်အတွင်းတွင်ရောက်လာရမည်ဖြစ်
ပြီးနောက်ကျပါကအိမ်ပြန်ရပါမယ်။