ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးစွမ်းဆောင်ရည်မှတ်တမ်းနဲ့ရင်ဆိုင်နေရတဲ့ဆန်ချို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင်(၇၃)သန်းတန် အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမားဆန်ချိုကတော့ အသင်းသစ်အတွက်ခြေစွမ်းမပြနိုင်သေးဘဲ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးစွမ်းဆောင်ရည်မှတ်တမ်းနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဒေ့ါမွန်အသင်းမှာကစားခဲ့တုန်းက ပြိုင်ပွဲစုံဂိုး(၅၀)သွင်း၊ ဂိုးဖန်တီးမှု(၆၄)ကြိမ်အထိပြုလုပ်ခဲ့တဲ့ ဆန်ချိုဟာ အခု ယူနိုက်တက်အသင်းမှာတော့ ပြိုင်ပွဲစုံ(၈)ပွဲကစားပြီးချိန်မှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိသေးဘဲ ဒါက သူ့ရဲ့ကစားသမားဘဝမှာ အဆိုးရွားဆုံးလည်းဖြစ်ခဲ့ပါတယ်။

ဒေ့ါမွန်အသင်းမှာ ဆန်ချို ဂိုးမသွင်း၊ ဂိုးဖန်တီးမှုမရှိပွဲဆက်အများဆုံးက (၇)ပွဲသာရှိခဲ့ပေမယ့် အခု ယူနိုက်တက်အသင်းမှာတော့ (၈)ပွဲအထိရှိလာပါပြီ။

ဆန်ချိုဟာ လက်ရှိအချိန်အထိ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ်(၅)ပွဲ၊ လူစားဝင်အဖြစ်(၃)ပွဲ၊ မိနစ်ပေါင်း(၄၀၃)မိနစ်အထိကစားခဲ့ပေမယ့် အဲဒီ(၈)ပွဲမှာ မိနစ်(၉၀)ပြည့်အောင်ကစားခွင့်ရခဲ့တာက ဝက်စ်ဟမ်းအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားတစ်ပွဲသာရှိခဲ့ပါတယ်။

အဲဒီ(၈)ပွဲမှာ ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၁၆)ဂိုးရှိခဲ့ပေမယ့်လည်း ဆန်ချိုကစားနေတဲ့အချိန်မှာ ဂိုးရခဲ့တာက (၅)ဂိုးသာရှိခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အခု အောက်တိုဘာလအတွင်းကစားဖို့ရှိနေတဲ့ အန်ဒိုရာ၊ ဟန်ဂေရီတို့နဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လက်ရွေးစင်အသင်းလူစာရင်းမှာ ဆန်ချိုကို ရွေးချယ်ခဲ့ပေမယ့်လည်း

သူက ဆန်ချိုဟာ ကံကောင်းလို့သာ လူစာရင်းထဲမှာပါဝင်ခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ဆောက်ဂိတ်က “ပြီးခဲ့တဲ့ယူနိုက်တက်အသင်းပွဲစဉ်တွေက ခြေစွမ်းအရ ဆန်ချိုဟာ အင်္ဂလန်အသင်းလူစာရင်းမှာပါဝင်ဖို့ထိုက်တန်ရဲ့လားလို့ မေးလာရင်တော့ No လို့ပဲဖြေရမှာပါ။

ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆန်ချိုကို အချိန်တစ်ခုပေးပြီးစောင့်ကြည့်သွားရမှာဖြစ်သလို သူဟာ ထိပ်တန်းအဆင့်ကိုရောက်ရှိလာမယ့်ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဆန်ချိုနဲ့တွေ့ဆုံစကားပြောပြီး အခု ယူနိုက်တက်အသင်းမှာ သူရုန်းကန်နေရတာကို ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါနဲ့ပရီးမီးယားလိဂ်ဆိုတာက အဆင့်အတန်းကွာခြားတဲ့လိဂ်နှစ်ခုဖြစ်ပြီး ဒေ့ါမွန်အသင်းက အသင်းကြီးတစ်သင်းဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်ဆိုတာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားဟန်နဲ့အသားကျအောင် ကြိုးစားဖို့လိုအပ်သလို ဘွန်ဒစ်လီဂါမှာ ဂိုးတွေသွင်း၊ ဂိုးဖန်တီးမှုတွေလုပ်သလိုမျိုး ပရီးမီးယားလိဂ်မှာအလွယ်တကူမဖြစ်နိုင်ပါဘူး”လို့ဆိုခဲ့ပါတယ်။

zawgyi

ကစားသမားဘဝတစ္ေလွ်ာက္ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္မွတ္တမ္းနဲ႔ရင္ဆိုင္ေနရတဲ့ဆန္ခ်ိဳ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပါင္(၇၃)သန္းတန္ အဂၤလန္ေတာင္ပံတိုက္စစ္ကစားသမားဆန္ခ်ိဳကေတာ့ အသင္းသစ္အတြက္ေျခစြမ္းမျပႏိုင္ေသးဘဲ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္မွတ္တမ္းနဲ႔ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ ေဒ့ါမြန္အသင္းမွာကစားခဲ့တုန္းက ၿပိဳင္ပြဲစုံဂိုး(၅၀)သြင္း၊ ဂိုးဖန္တီးမႈ(၆၄)ႀကိမ္အထိျပဳလုပ္ခဲ့တဲ့ ဆန္ခ်ိဳဟာ အခု ယူႏိုက္တက္အသင္းမွာေတာ့ ၿပိဳင္ပြဲစုံ(၈)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိေသးဘဲ ဒါက သူ႔ရဲ႕ကစားသမားဘဝမွာ အဆိုး႐ြားဆုံးလည္းျဖစ္ခဲ့ပါတယ္။

ေဒ့ါမြန္အသင္းမွာ ဆန္ခ်ိဳ ဂိုးမသြင္း၊ ဂိုးဖန္တီးမႈမရွိပြဲဆက္အမ်ားဆုံးက (၇)ပြဲသာရွိခဲ့ေပမယ့္ အခု ယူႏိုက္တက္အသင္းမွာေတာ့ (၈)ပြဲအထိရွိလာပါၿပီ။ ဆန္ခ်ိဳဟာ လက္ရွိအခ်ိန္အထိ ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားသမားအျဖစ္(၅)ပြဲ၊ လူစားဝင္အျဖစ္(၃)ပြဲ၊ မိနစ္ေပါင္း(၄၀၃)မိနစ္အထိကစားခဲ့ေပမယ့္ အဲဒီ(၈)ပြဲမွာ မိနစ္(၉၀)ျပည့္ေအာင္ကစားခြင့္ရခဲ့တာက ဝက္စ္ဟမ္းအသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ လိဂ္ဖလားတစ္ပြဲသာရွိခဲ့ပါတယ္။ အဲဒီ(၈)ပြဲမွာ ယူႏိုက္တက္အသင္း သြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၁၆)ဂိုးရွိခဲ့ေပမယ့္လည္း ဆန္ခ်ိဳကစားေနတဲ့အခ်ိန္မွာ ဂိုးရခဲ့တာက (၅)ဂိုးသာရွိခဲ့တာပါ။

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ အခု ေအာက္တိုဘာလအတြင္းကစားဖို႔ရွိေနတဲ့ အန္ဒိုရာ၊ ဟန္ေဂရီတို႔နဲ႔ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ ဆန္ခ်ိဳကို ေ႐ြးခ်ယ္ခဲ့ေပမယ့္လည္း သူက ဆန္ခ်ိဳဟာ ကံေကာင္းလို႔သာ လူစာရင္းထဲမွာပါဝင္ခဲ့တာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။

ေဆာက္ဂိတ္က “ၿပီးခဲ့တဲ့ယူႏိုက္တက္အသင္းပြဲစဥ္ေတြက ေျခစြမ္းအရ ဆန္ခ်ိဳဟာ အဂၤလန္အသင္းလူစာရင္းမွာပါဝင္ဖို႔ထိုက္တန္ရဲ႕လားလို႔ ေမးလာရင္ေတာ့ No လို႔ပဲေျဖရမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ ဆန္ခ်ိဳကို အခ်ိန္တစ္ခုေပးၿပီးေစာင့္ၾကည့္သြားရမွာျဖစ္သလို သူဟာ ထိပ္တန္းအဆင့္ကိုေရာက္ရွိလာမယ့္ကစားသမားတစ္ေယာက္ဆိုတာ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ ဆန္ခ်ိဳနဲ႔ေတြ႕ဆုံစကားေျပာၿပီး အခု ယူႏိုက္တက္အသင္းမွာ သူ႐ုန္းကန္ေနရတာကို ဘယ္လိုမ်ိဳးကူညီေပးႏိုင္မလဲဆိုတာ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

ဘြန္ဒစ္လီဂါနဲ႔ပရီးမီးယားလိဂ္ဆိုတာက အဆင့္အတန္းကြာျခားတဲ့လိဂ္ႏွစ္ခုျဖစ္ၿပီး ေဒ့ါမြန္အသင္းက အသင္းႀကီးတစ္သင္းျဖစ္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ဆိုတာ ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကစားဟန္နဲ႔အသားက်ေအာင္ ႀကိဳးစားဖို႔လိုအပ္သလို ဘြန္ဒစ္လီဂါမွာ ဂိုးေတြသြင္း၊ ဂိုးဖန္တီးမႈေတြလုပ္သလိုမ်ိဳး ပရီးမီးယားလိဂ္မွာအလြယ္တကူမျဖစ္ႏိုင္ပါဘူး”လို႔ဆိုခဲ့ပါတယ္။