ကစားသမားတွေရဲ့ လုပ်ခလစာကို ကိုယ်ပိုင်ငွေကြေးထဲကစိုက်ထုတ်ပေးမိလို့ အရေးယူမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ရွန်းနီ

ဒါဘီအသင်းနဲ့ ပူပူနွေးနွေးလမ်းခွဲထားတဲ့ နည်းပြ ဝိန်းရွန်းနီဟာ သူ့ရဲ့ကိုယ်ပိုင်

ငွေကြေးထဲကနေ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာကို

စိုက်ထုတ်ပေးခဲ့လို့ အရေးယူပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ရွန်းနီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ဒါဘီနည်းပြ ရာထူးကနေ နှုတ်

ထွက်ခဲ့ပြီးဖြစ်ပါတယ်။ဒါဘီဟာ ဘဏ္ဍာရေးနဲ့ပိုင်ဆိုင်မှုအခက်အခဲတွေကြားထဲ

မှာ ရုန်းကန်နေရပြီး အသင်းနည်းပြ၊ ဝန်ထမ်းနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာ

တွေကို ပေးချေဖို့ အခက်အခဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဇန်နဝါရီ

အပြောင်းအရွှေ့မှာတည်းက အသင်းရဲ့ခြေစွမ်းရှိကြယ်ပွင့်တွေကို ပြိုင်ဘက်တွေ

နဲ့ ပရီးမီးယားလိဂ်အသင်းတွေထံ လွယ်လွယ်ကူကူ လက်လွှတ်ခဲ့ရပါတယ်။ဒါ့

အပြင် ရွန်းနီကိုလည်း ပရီးမီးယားလိဂ်ကလပ် အဲဗာတန်က နည်းပြအဖြစ် ခန့်အပ်

ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရွန်းနီကိုယ်တိုင်က ပယ်ချခဲ့ပြီး ရမှတ်လျှော့ပြစ်ဒဏ်ချ

မှတ်ခံထားရတဲ့ ဒါဘီနဲ့သာ နောက်ဆုံးအချိန်ထိ ရုန်းကန်ခဲ့ရပါတယ်။ ဒါဘီက

လည်း ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ လိဂ်ချန်ပီယံရှစ်ကနေ အင်္ဂလန်လိဂ်ဝမ်း

ကို တန်းဆင်းခဲ့ရပါတယ်။ဒါ့အပြင် ဒါဘီဟာ မေလအတွက် ဝန်ထမ်းတွေနဲ့က

စားသမားတွေရဲ့ လုပ်ခလစာကို ပေးချေနိုင်ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း

ရွန်းနီက သူ့ရဲ့ကိုယ်ပိုင်ငွေကြေးထဲကနေ ယူရို (၁.၈) သန်းဝန်းကျင် စိုက်ထုတ်ပေး

ပြီး ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။ ရွန်းနီအနေနဲ့ ဒါကို လျှို့ဝှက်လုပ်ဆောင်ခဲ့

ရပြီး အခုချိန်မှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က သိရှိသွားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အက်ဖ်အေဘက်က ရွန်းနီကို စီးပွားရေးအရ ဥပဒေကို ချိုး

ဖောက်ခဲ့တာပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြစ်ဒဏ်သာ

ထင်ရှားခဲ့ရင်တော့ ရွန်းနီအနေနဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရွ

န်းနီရဲ့စေတနာတွေက သူ့ဆီကို ဝေဒနာအဖြစ်နဲ့ ပြန်လာခဲ့ပြီး သူ့ရဲ့ကိုယ်စားလှယ်

ဘက်ကတော့ ရွန်းနီအနေနဲ့ အမှားအယွင်းတစုံတခု ကျူးလွန်ထားတာမျိုးမရှိဘူး

လို့ ငြင်းဆန်ထားပါတယ်။

ဒါဘီအသင္းနဲ႔ ပူပူေႏြးေႏြးလမ္းခြဲထားတဲ့ နည္းျပ ဝိန္း႐ြန္းနီဟာ သူ႔ရဲ႕ကိုယ္ပိုင္

ေငြေၾကးထဲကေန အသင္းဝန္ထမ္းေတြနဲ႔ ကစားသမားေတြရဲ႕ လုပ္ခလစာကို

စိုက္ထုတ္ေပးခဲ့လို႔ အေရးယူျပစ္ဒဏ္ခ်မွတ္မႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

႐ြန္းနီဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကပဲ ဒါဘီနည္းျပ ရာထူးကေန ႏႈတ္

ထြက္ခဲ့ၿပီးျဖစ္ပါတယ္။ဒါဘီဟာ ဘ႑ာေရးနဲ႔ပိုင္ဆိုင္မႈအခက္အခဲေတြၾကားထဲ

မွာ ႐ုန္းကန္ေနရၿပီး အသင္းနည္းျပ၊ ဝန္ထမ္းနဲ႔ ကစားသမားေတြရဲ႕ လုပ္ခလစာ

ေတြကို ေပးေခ်ဖို႔ အခက္အခဲျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ေဘာလုံးရာသီရဲ႕ ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕မွာတည္းက အသင္းရဲ႕ေျခစြမ္းရွိၾကယ္ပြင့္ေတြကို ၿပိဳင္ဘက္ေတြ

နဲ႔ ပရီးမီးယားလိဂ္အသင္းေတြထံ လြယ္လြယ္ကူကူ လက္လႊတ္ခဲ့ရပါတယ္။ဒါ့

အျပင္ ႐ြန္းနီကိုလည္း ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္က နည္းျပအျဖစ္ ခန္႔အပ္

ဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ႐ြန္းနီကိုယ္တိုင္က ပယ္ခ်ခဲ့ၿပီး ရမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်

မွတ္ခံထားရတဲ့ ဒါဘီနဲ႔သာ ေနာက္ဆုံးအခ်ိန္ထိ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါဘီက

လည္း ၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာ လိဂ္ခ်န္ပီယံရွစ္ကေန အဂၤလန္လိဂ္ဝမ္း

ကို တန္းဆင္းခဲ့ရပါတယ္။ဒါ့အျပင္ ဒါဘီဟာ ေမလအတြက္ ဝန္ထမ္းေတြနဲ႔က

စားသမားေတြရဲ႕ လုပ္ခလစာကို ေပးေခ်ႏိုင္ျခင္းမရွိပါဘူး။ အဲ့ဒါေၾကာင့္လည္း

႐ြန္းနီက သူ႔ရဲ႕ကိုယ္ပိုင္ေငြေၾကးထဲကေန ယူ႐ို (၁.၈) သန္းဝန္းက်င္ စိုက္ထုတ္ေပး

ၿပီး ျပႆနာကို ေျဖရွင္းေပးခဲ့ပါတယ္။ ႐ြန္းနီအေနနဲ႔ ဒါကို လွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့

ရၿပီး အခုခ်ိန္မွာေတာ့ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္က သိရွိသြားခဲ့ပါတယ္။

အဲ့ဒါေၾကာင့္လည္း အက္ဖ္ေအဘက္က ႐ြန္းနီကို စီးပြားေရးအရ ဥပေဒကို ခ်ိဳး

ေဖာက္ခဲ့တာပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။ ျပစ္ဒဏ္သာ

ထင္ရွားခဲ့ရင္ေတာ့ ႐ြန္းနီအေနနဲ႔ အေရးယူမႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ႐ြ

န္းနီရဲ႕ေစတနာေတြက သူ႔ဆီကို ေဝဒနာအျဖစ္နဲ႔ ျပန္လာခဲ့ၿပီး သူ႔ရဲ႕ကိုယ္စားလွယ္

ဘက္ကေတာ့ ႐ြန္းနီအေနနဲ႔ အမွားအယြင္းတစုံတခု က်ဴးလြန္ထားတာမ်ိဳးမရွိဘူး

လို႔ ျငင္းဆန္ထားပါတယ္။