
ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေကို မြန်မြန်ဆန်ဆန်ခေါ်ယူမလား ဒါမှမဟုတ်
ရင် သူ့ရဲ့အနာဂတ်ကို စဉ်းစားရတော့မယ်လို့ ရော်နယ်ဒိုက နီးစပ်သူတွေကို ပြောဆိုခဲ့
တယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုသတင်းထွက်လာမှုနဲ့အတူ တ
ဖက်မှာလည်း ဘိုင်ယန်မြူးနစ်က ရော်နယ်ဒိုရဲ့အနေအထားကိုစောင့်ကြည့်နေကာ လီဝန်
ဒေါစကီးနေရာကို အစားထိုးဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ Bee Sports က ဖော်ပြ
ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိစျေးကွက်အတွင်း အသင်းဘက်
ကလုပ်ဆောင်နေမှုတွေကို တော်တော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်
ကလည်း သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ အသင်းကိုမကျေနပ်တဲ့သဘောမျိုးလို့ ယူဆရတဲ့ ပြော
ဆိုမှုတွေကို ရေးသားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး အသင်းပရိသတ်တွေကတော့ ရော်နယ်
ဒို ထွက်ခွာမယ့်အပေါ် စိုးရိမ်လာကြပါပြီ။ ဘိုင်ယန်ကတော့ မာနေးကို ခေါ်ယူထားပြီးဖြစ်ပေ
မယ့် လီဝန်ဒေါစကီးက အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားလို့ အခက်တွေ့နေတာဖြစ်
ပါတယ်။ ထွက်ခွင့်မပေးနိုင်ဘူးလို့ ပြောဆိုထားပေမယ့် ကစားသမားကတော့ သူနဲ့ဘိုင်ယန်
တို့ကြားမှာ ဇာတ်လမ်းပြတ်သွားပြီလို့ လူသိရှင်ကြားပြောဆိုထားကာ ဘာစီလိုနာကလည်း
ဒုတိယအကြိမ်အဖြစ် လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီအချိန်
မှာပဲ ဘိုင်ယန်က ရော်နယ်ဒိုကို မျက်စိကျလာတာဖြစ်ပြီး ယူနိုက်တက်က အခြေအနေတွေ
ကို စောင့်ကြည့်နေတယ်လို့ ယူဆရပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဘိုင်ယန်က ထိပ်သီး
အသင်းတသင်း၊ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်မှု၊ လိဂ်အသစ်ဆိုတဲ့ ဆွဲဆောင်နိုင်မှုတွေ
ရှိနေလို့ အမှန်တကယ်သာ ယူနိုက်တက်ကနေ သူ ထွက်ခွာချင်တယ်ဆိုရင်တော့ စဉ်းစားစ
ရာကောင်းတဲ့ အသင်းတသင်းအဖြစ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ လက်ရှီအချိန်ထိ စျေး
ကွက်အတွင်း ကစားသမားတဦးမှ မခေါ်နိုင်သေးတာဖြစ်ပါတယ်။ ကစားသမားတဥိးအတွက်
ကို တော်တော်လေးကြာမြင့်အောင် လုပ်ဆောင်နေရပြီး ဆွဲဆောင်နိုင်စွမ်းလည်း နည်းပါး
လာတဲ့ အသင်းတသင်းအဖြစ် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ယူႏိုက္တက္အေနနဲ႔ ကစားသမားသစ္ေတြကို ျမန္ျမန္ဆန္ဆန္ေခၚယူမလား ဒါမွမဟုတ္
ရင္ သူ႔ရဲ႕အနာဂတ္ကို စဥ္းစားရေတာ့မယ္လို႔ ေရာ္နယ္ဒိုက နီးစပ္သူတြေကို ေျပာဆိုခဲ့
တယ္လို႔ Express သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ဒီလိုသတင္းထြက္လာမႈနဲ႔အတူ တ
ဖက္မွာလည္း ဘိုင္ယန္ျမဴးနစ္က ေရာ္နယ္ဒိုရဲ႕အေနအထားကိုေစာင့္ၾကည့္ေနကာ လီဝန္
ေဒါစကီးေနရာကို အစားထိုးဖို႔အတြက္ ပစ္မွတ္ထားေနတယ္လို႔ Bee Sports က ေဖာ္ျပ
ခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ လက္ရွိေစ်းကြက္အတြင္း အသင္းဘက္
ကလုပ္ေဆာင္ေနမႈေတြကို ေတာ္ေတာ္ေလးစိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္
ကလည္း သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာ အသင္းကိုမေက်နပ္တဲ့သေဘာမ်ိဳးလို႔ ယူဆရတဲ့ ေျပာ
ဆိုမႈေတြကို ေရးသားခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး အသင္းပရိသတ္ေတြကေတာ့ ေရာ္နယ္
ဒို ထြက္ခြာမယ့္အေပၚ စိုးရိမ္လာၾကပါၿပီ။ ဘိုင္ယန္ကေတာ့ မာေနးကို ေခၚယူထားၿပီးျဖစ္ေပ
မယ့္ လီဝန္ေဒါစကီးက အသင္းကေန ထြက္ခြာဖို႔ေတာင္းဆိုထားလို႔ အခက္ေတြ႕ေနတာျဖစ္
ပါတယ္။ ထြက္ခြင့္မေပးႏိုင္ဘူးလို႔ ေျပာဆိုထားေပမယ့္ ကစားသမားကေတာ့ သူနဲ႔ဘိုင္ယန္
တို႔ၾကားမွာ ဇာတ္လမ္းျပတ္သြားၿပီလို႔ လူသိရွင္ၾကားေျပာဆိုထားကာ ဘာစီလိုနာကလည္း
ဒုတိယအႀကိမ္အျဖစ္ လီဝန္ေဒါစကီးအတြက္ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ဒီအခ်ိန္
မွာပဲ ဘိုင္ယန္က ေရာ္နယ္ဒိုကို မ်က္စိက်လာတာျဖစ္ၿပီး ယူႏိုက္တက္က အေျခအေနေတြ
ကို ေစာင့္ၾကည့္ေနတယ္လို႔ ယူဆရပါတယ္။ ေရာ္နယ္ဒိုအတြက္ေတာ့ ဘိုင္ယန္က ထိပ္သီး
အသင္းတသင္း၊ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚႏိုင္မႈ၊ လိဂ္အသစ္ဆိုတဲ့ ဆြဲေဆာင္ႏိုင္မႈေတြ
ရွိေနလို႔ အမွန္တကယ္သာ ယူႏိုက္တက္ကေန သူ ထြက္ခြာခ်င္တယ္ဆိုရင္ေတာ့ စဥ္းစားစ
ရာေကာင္းတဲ့ အသင္းတသင္းအျဖစ္ရွိေနပါတယ္။ ယူႏိုက္တက္ဟာ လက္ရွီအခ်ိန္ထိ ေစ်း
ကြက္အတြင္း ကစားသမားတဦးမွ မေခၚႏိုင္ေသးတာျဖစ္ပါတယ္။ ကစားသမားတဥိးအတြက္
ကို ေတာ္ေတာ္ေလးၾကာျမင့္အောင္ လုပ္ေဆာင္ေနရၿပီး ဆြဲေဆာင္ႏိုင္စြမ္းလည္း နည္းပါး
လာတဲ့ အသင္းတသင္းအျဖစ္ ရွိေနခဲ့ၿပီလည္း ျဖစ္ပါတယ္။