
ဗီလာနှင့်အင်္ဂလန်စတားဟောင်းဂါဘီအဘွန်လဟော်ကခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရရှိတဲ့ယူနိုက်တက်
ရဲ့ပရီးမီးယားလိဂ်ပွဲတွင်အနီကတ်ပြသခြင်းခံခဲ့ရတဲ့ ကက်စ်မီရိုကိုဖမ်းဆီးသင့်ကြောင်းပြောကြားလာပါ
တယ်။အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာဘရူနိုဖာနန်ဒက်စ်၊မားကပ်စ်ရက်ဖို့ဒ်တို့ရဲ့ဂိုးဖြင့်ပဲလေ့စ်ကို
၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲချိန်မိနစ်၇၀မှာပဲလေ့စ်ရဲ့ဂျက်ဖရီရှလော့ပ်ကယူနိုက်တက်
တောင်ပံကစားသမားအန်တိုနီကိုကွင်းဘေးရှိကြော်ငြာဘုတ်တွင်တိုက်မိကြောင့်ပြုလုပ်လိုက်ပြီးနောက်
နှစ်ဖက်ကစားသမားများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။ဒိုင်လူကြီးအင်ဒရေမာရီနာဟာရှလော့ပ်ကို
အဝါကတ်ပြသခဲ့ပေမဲ့လည်း VAR ရဲ့ညွှန်ကြားချက်ဖြင့်ကက်စ်မီရိုကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
ကက်စ်မီရိုဟာပဲလေ့စ်ရဲ့ဝဲလ်ဟုချ်ကိုလည်ပင်းညှစ်မှုကြောင့်အနီကတ်ပြသခံခဲ့ရတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာတစ်ယောက်အလျှော့ဖြင့်ကစားရပြီးနောက်၇၆မိနစ်တွင်ရှလော့ရဲ့ချေပဂိုးပေးခဲ့ရပေမဲ့
အနိုင်ဂိုးကိုထိန်းထားနိုင်ခဲ့ပါတယ်။အဘွန်လဟော်က “ဝဲလ်ဟုချ်ကိုလုပ်ပုံကကက်စ်မီရိုဟာသူကိုယ်သူ
UFC ကဘရော့ခ်လက်စ်နာလို့ထင်နေပုံရတယ်။ဒီလုပ်ရပ်အတွက်သူ့ကိုဖမ်းသင့်တယ်။ခင်ဗျားတို့လည်း
သိတဲ့အတိုင်းဒီပွဲကိုကလေးတွေလည်းကြည့်နေတာ။ပြိုင်ဘက်ကိုကက်စ်မီရိုလုပ်တာကလေးတွေလည်း
တွေ့ကြမှာပဲ”လို့ပြောကြားသွားပါတယ်။ဒါပေမဲ့နောက်ဆုံးထွက်ပေါ်လာတဲ့သက်သေအထောက်အထားရ
ကက်စ်မီရိုနှင့်ဝဲလ်ဟုချ်တို့ဟာရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်ရယ်မောစကားပြောကာထွက်ခွာသွားခဲ့ကြ
တာတွေ့ရပါတယ်။ကက်စ်မီရိုဟာယင်းအနီကတ်ကြောင့်သုံးပွဲပယ်ခံရမှာဖြစ်ပြီးလိဒ်(အိမ်ကွင်း/အဝေး
ကွင်း)ပွဲနှင့်လက်စတာပွဲတို့ကိုလွဲမှာဖြစ်ပါတယ်။ဒါပေမဲ့သူဟာဖေဖော်ဝါရီလ၂၆ရက်နေ့နယူးကာဆယ်နှင့်
ခါရာဘောင်ဖလားဗိုလ်လုပွဲတွင်ပါဝင်လာပါမယ်။
ဗီလာႏွင့္အဂၤလန္စတားေဟာင္းဂါဘီအဘြန္လေဟာ္ကခရစၥတယ္ပဲေလ့စ္ကိုအႏိုင္ရရွိတဲ့ယူႏိုက္တက္
ရဲ႕ပရီးမီးယားလိဂ္ပြဲတြင္အနီကတ္ျပသျခင္းခံခဲ့ရတဲ့ ကက္စ္မီ႐ိုကိုဖမ္းဆီးသင့္ေၾကာင္းေျပာၾကားလာပါ
တယ္။အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာဘ႐ူႏိုဖာနန္ဒက္စ္၊မားကပ္စ္ရက္ဖို႔ဒ္တို႔ရဲ႕ဂိုးျဖင့္ပဲေလ့စ္ကို
၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ပြဲခ်ိန္မိနစ္၇၀မွာပဲေလ့စ္ရဲ႕ဂ်က္ဖရီရွေလာ့ပ္ကယူႏိုက္တက္
ေတာင္ပံကစားသမားအန္တိုနီကိုကြင္းေဘးရွိေၾကာ္ျငာဘုတ္တြင္တိုက္မိေၾကာင့္ျပဳလုပ္လိုက္ၿပီးေနာက္
ႏွစ္ဖက္ကစားသမားမ်ား႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကပါတယ္။ဒိုင္လူႀကီးအင္ဒေရမာရီနာဟာရွေလာ့ပ္ကို
အဝါကတ္ျပသခဲ့ေပမဲ့လည္း VAR ရဲ႕ၫႊန္ၾကားခ်က္ျဖင့္ကက္စ္မီ႐ိုကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။
ကက္စ္မီ႐ိုဟာပဲေလ့စ္ရဲ႕ဝဲလ္ဟုခ်္ကိုလည္ပင္းညႇစ္မႈေၾကာင့္အနီကတ္ျပသခံခဲ့ရတာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္ဟာတစ္ေယာက္အေလွ်ာ့ျဖင့္ကစားရၿပီးေနာက္၇၆မိနစ္တြင္ရွေလာ့ရဲ႕ေခ်ပဂိုးေပးခဲ့ရေပမဲ့
အႏိုင္ဂိုးကိုထိန္းထားႏိုင္ခဲ့ပါတယ္။အဘြန္လေဟာ္က “ဝဲလ္ဟုခ်္ကိုလုပ္ပုံကကက္စ္မီ႐ိုဟာသူကိုယ္သူ
UFC ကဘေရာ့ခ္လက္စ္နာလို႔ထင္ေနပုံရတယ္။ဒီလုပ္ရပ္အတြက္သူ႔ကိုဖမ္းသင့္တယ္။ခင္ဗ်ားတို႔လည္း
သိတဲ့အတိုင္းဒီပြဲကိုကေလးေတြလည္းၾကည့္ေနတာ။ၿပိဳင္ဘက္ကိုကက္စ္မီ႐ိုလုပ္တာကေလးေတြလည္း
ေတြ႕ၾကမွာပဲ”လို႔ေျပာၾကားသြားပါတယ္။ဒါေပမဲ့ေနာက္ဆုံးထြက္ေပၚလာတဲ့သက္ေသအေထာက္အထားရ
ကက္စ္မီ႐ိုႏွင့္ဝဲလ္ဟုခ်္တို႔ဟာ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီးေနာက္ရယ္ေမာစကားေျပာကာထြက္ခြာသြားခဲ့ၾက
တာေတြ႕ရပါတယ္။ကက္စ္မီ႐ိုဟာယင္းအနီကတ္ေၾကာင့္သုံးပြဲပယ္ခံရမွာျဖစ္ၿပီးလိဒ္(အိမ္ကြင္း/အေဝး
ကြင္း)ပြဲႏွင့္လက္စတာပြဲတို႔ကိုလြဲမွာျဖစ္ပါတယ္။ဒါေပမဲ့သူဟာေဖေဖာ္ဝါရီလ၂၆ရက္ေန႔နယူးကာဆယ္ႏွင့္
ခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ပါဝင္လာပါမယ္။