ကစားကွက်အသစ်နဲ့အတူ ခြေစွမ်းပြခဲ့ကြတဲ့ ယူနိုက်တက်ကစားသမားများအကြောင်း ဂယ်ရီနဗီးပြောပြန်ပြီ…

Sky Sports ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့

မန်ချက်စတာယူနိုက်တက်နာမည်ကျော်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်က

လီဗာပူးလ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ချာတိတ်လေးတစ်ယောက်လိုကစားခဲ့ရပေမယ့်၊

စပါးအသင်းနဲ့ပွဲမှာတော့ (၅-၃-၂)ကစားကွက်ကြောင့် ခြေစွမ်းပြနိုင်ခဲ့တယ်လို့

သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားဟာ (၄-၂-၃-၁)ကစားကွက်

တစ်မျိုးတည်းကို တောက်လျှောက်အသုံးပြုခဲ့ပေမယ့် စပါးနဲ့ပွဲမှာတော့

တိုက်စစ်မှာ စီရော်နယ်လ်ဒိုနဲ့ကာဗာနီကို တွဲဖက်ကစားပြီး (၅-၃-၂)

ကစားကွက်အပြောင်းအလဲနဲ့ပွဲထွက်ခဲ့တာဖြစ်သလို စီရော်နယ်လ်ဒိုရော၊

ကာဗာနီပါ ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်က “(၅-၃-၂)

ကစားကွက်ပြောင်းလဲဖို့၊ ဆန်ချို၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ကို အရန်ခုံထိုင်ခိုင်းဖို့

အစီအစဉ်တွေက ဆိုးလ်ရှားရဲ့အစီအစဉ်မဟုတ်တာ အသေအချာပါပဲ။

သူက ပြီးခဲ့တဲ့(၃၇)ပွဲမှာ (၄-၂-၃-၁)ကစားကွက်ကိုပဲ သုံးခဲ့ပြီး (၅-၃-၂)

ကစားကွက်အသုံးပြုတာက ဆိုးလ်ရှားရဲ့အစီအစဉ်မဟုတ်လောက်ပါဘူး။

ဒါပေမဲ့ ဒီကစားကွက်အပြောင်းအလဲက စီရော်နယ်လ်ဒိုအတွက်အကျိုးရှိစေခဲ့ပြီး

သူနဲ့တွဲဖက်ကစားမယ့်ကာဗာနီရှိနေတာကြောင့် အရင်ပွဲတွေကလို

ဖိအားမများတော့ဘဲ အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

” (၅-၃-၂)ကစားကြက္က စီေရာ္နယ္လ္ဒိုအတြက္ အဆင္ေျပခဲ့တယ္ ” ဂယ္ရီနဗီးလ္

Sky Sports ႐ုပ္သံမွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ေဆာင္႐ြက္ေနတဲ့

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္က

လီဗာပူးလ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ခ်ာတိတ္ေလးတစ္ေယာက္လိုကစားခဲ့ရေပမယ့္၊

စပါးအသင္းနဲ႔ပြဲမွာေတာ့ (၅-၃-၂)ကစားကြက္ေၾကာင့္ ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔

သုံးသပ္ေျပာဆိုလိုက္ပါတယ္။ ဆိုးလ္ရွားဟာ (၄-၂-၃-၁)ကစားကြက္

တစ္မ်ိဳးတည္းကို ေတာက္ေလွ်ာက္အသုံးျပဳခဲ့ေပမယ့္ စပါးနဲ႔ပြဲမွာေတာ့

တိုက္စစ္မွာ စီေရာ္နယ္လ္ဒိုနဲ႔ကာဗာနီကို တြဲဖက္ကစားၿပီး (၅-၃-၂)

ကစားကြက္အေျပာင္းအလဲနဲ႔ပြဲထြက္ခဲ့တာျဖစ္သလို စီေရာ္နယ္လ္ဒိုေရာ၊

ကာဗာနီပါ ေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။ ဂယ္ရီနဗီးလ္က “(၅-၃-၂)

ကစားကြက္ေျပာင္းလဲဖို႔၊ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္၊ ရပ္ရွ္ဖို႔ဒ္တို႔ကို အရန္ခုံထိုင္ခိုင္းဖို႔

အစီအစဥ္ေတြက ဆိုးလ္ရွားရဲ႕အစီအစဥ္မဟုတ္တာ အေသအခ်ာပါပဲ။

သူက ၿပီးခဲ့တဲ့(၃၇)ပြဲမွာ (၄-၂-၃-၁)ကစားကြက္ကိုပဲ သုံးခဲ့ၿပီး (၅-၃-၂)

ကစားကြက္အသုံးျပဳတာက ဆိုးလ္ရွားရဲ႕အစီအစဥ္မဟုတ္ေလာက္ပါဘူး။

ဒါေပမဲ့ ဒီကစားကြက္အေျပာင္းအလဲက စီေရာ္နယ္လ္ဒိုအတြက္အက်ိဳးရွိေစခဲ့ၿပီး

သူနဲ႔တြဲဖက္ကစားမယ့္ကာဗာနီရွိေနတာေၾကာင့္ အရင္ပြဲေတြကလို

ဖိအားမမ်ားေတာ့ဘဲ အေကာင္းဆုံးကစားႏိုင္ခဲ့တာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm

newsathitnews

munitedfannewss