ကက်စမဲရိုးကို အနီကဒ်ပေးတာနဲ့ပတ်သက်ပြီးမျှမျှတတလုပ်ပေးသင့်တယ်လို့ ဆိုလာတဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဥ်မှာ

ကတ်စ်မဲရိုး အနီကဒ်ထိခဲ့တာနဲ့ ပတ်သက်ပြီး VAR ကို ဝေဖန်လိုက်ကာ၊ ပဲလေ့စ်တိုက်စစ်မှူး ဂျော်ဒန်

အရူးလည်း အနီကဒ်ပြခံခဲ့ရသင့်တယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းအတွက်ဂိုးတွေကို ဘရူ

နို ဖာနန်ဒက်စ်နဲ့ မားကပ် ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး၊ ပွဲကစားချိန် မိနစ် ၇၀ လောက်မှာတောင်

ပံကစားသမား ဂျက်ဖရီ ရှလပ်က အန်တိုနီအပေါ် ဝင်‌ရောက်ဖြတ်ထုတ်ပုံကြမ်းရာကနေ အလုံးအရင်းဖြစ်

သွားကြပြီး၊ ကတ်စ်မဲရိုးက ‌‌ဝေလ်ဟူးဂတ်စ်ကို လည်ပင်းညှစ်ခဲ့တာကြောင့် အနီကဒ်ပြခံခဲ့ရတာဖြစ်ပြီး၊

အရူးကလည်း ဖရက်ဒ်ကို အဆိုပါအပြုအမူမျိုးလုပ်ခဲ့ပေမယ့်၊ ကွင်းလယ်ဒိုင်က မည်သည့်အရေးယူမှုမျိုး

မှ မလုပ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အနီကဒ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ တန်ဟန့်က” ဒီအသင်းက

တစ်ယောက်အတွက်တစ်ယောက်ရပ်တည်ပေးကြတယ်ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်၊ အသင်းထဲမှာ

ကောင်းတဲ့စိတ်ဓါတ်ရှိနေတယ်၊ ကိုယ့်ဘက်က ကစားသမားတစ်ဦး ဆိုးဆိုးရွားရွားဒဏ်ရာရသွားမာကို သူ

တို့တွေ လက်မခံကြဘူး။ သူတို့က အတူတကွစည်းလုံးနေကြတာပါ၊ ဒါပေမယ့် ဒါပေါ့ စိတ်ခံစားချက်တွေ

ကိုတော့ ထိန်းရမာပေါ့၊ ဒါပေမယ့် ဒီအခြေအနေမျိုးမှာ အဲ့ဒီလိုထိန်းနိုင်ဖို့” အရမ်းခက်ခဲပါတယ်။ တစ်ဖက်

ကစားသမားရဲ့ ဒီပြစ်ဒဏ်ကျုးလွန်မှုက အရမ်းဆိုးပါတယ်၊ အန်တိုနီအနေနဲ့ ဆိုးဆိုးရွားရွားဒဏ်ရာရသွား

နိုင်တယ်၊ ဒီကကွင်းက ပရိသတ်စင်နဲ့ နီးနေတာကို ခင်ဗျားတို့လည်း သိမာပါ။ ပြီးတော့ ဒီအနေအထားမှာ

တစ်ဖက်ကစားသမားတွေကော၊ မန်ယူကစားသမားတွေကော ပါဝင်ခဲ့ကြတာပါ၊ ကတ်စ်မဲရိုးတစ်ဦးတည်

း မဟုတ်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။ ဆက်လက်၍ ဖရက်ဒ်ရဲ့ လည်ပင်းကိုညှစ်ခဲ့တဲ့ အရူး‌အနေနဲ့လည်း

အနီကဒ်ထိသင့်သလားလို့မေးတဲ့အခါ တန်ဟန့်က တစ်ချက်ပြုံးလိုက်ပြီး ” အဲ့ဒီဟာကမှ ကတ်စ်မဲရိုးဟာ

ထက်တောင် ပိုဆိုးသေးတယ်လို့ ပြောလို့ရပါတယ်။ ကတ်စ်မဲရိုးကကျတော့ တစ်ချက်လောက်အသိစိတ်

လွတ်သွားပြီး၊ သူ လုပ်လိုက်မိတာက တကယ်ကိုခဏလေးပါပဲ။ ဒါပေမယ့် အရူးလုပ်တာကလည်း ‌သေ

ချာပေါက် အနီပါပဲ။ VAR အနေနဲ့ မျှမျှတတဆုံးဖြတ်သင့်တယ် ” လို့ ဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟန႔္က မေန႔ညက ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲစဥ္မွာ

ကတ္စ္မဲ႐ိုး အနီကဒ္ထိခဲ့တာနဲ႔ ပတ္သက္ၿပီး VAR ကို ေဝဖန္လိုက္ကာ၊ ပဲေလ့စ္တိုက္စစ္မႉး ေဂ်ာ္ဒန္

အ႐ူးလည္း အနီကဒ္ျပခံခဲ့ရသင့္တယ္လို႔ ဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ဂိုးေတြကို ဘ႐ူ

ႏို ဖာနန္ဒက္စ္နဲ႔ မားကပ္ ရက္ရွ္ဖို႔ဒ္တို႔က သြင္းယူေပးခဲ့ၾကၿပီး၊ ပြဲကစားခ်ိန္ မိနစ္ ၇၀ ေလာက္မွာေတာင္

ပံကစားသမား ဂ်က္ဖရီ ရွလပ္က အန္တိုနီအေပၚ ဝင္‌ေရာက္ျဖတ္ထုတ္ပုံၾကမ္းရာကေန အလုံးအရင္းျဖစ္

သြားၾကၿပီး၊ ကတ္စ္မဲ႐ိုးက ‌‌ေဝလ္ဟူးဂတ္စ္ကို လည္ပင္းညႇစ္ခဲ့တာေၾကာင့္ အနီကဒ္ျပခံခဲ့ရတာျဖစ္ၿပီး၊

အ႐ူးကလည္း ဖရက္ဒ္ကို အဆိုပါအျပဳအမူမ်ိဳးလုပ္ခဲ့ေပမယ့္၊ ကြင္းလယ္ဒိုင္က မည္သည့္အေရးယူမႈမ်ိဳး

မွ မလုပ္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ အနီကဒ္နဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါ တန္ဟန႔္က” ဒီအသင္းက

တစ္ေယာက္အတြက္တစ္ေယာက္ရပ္တည္ေပးၾကတယ္ဆိုတာ ခင္ဗ်ားတို႔ ျမင္ႏိုင္ပါတယ္၊ အသင္းထဲမွာ

ေကာင္းတဲ့စိတ္ဓါတ္ရွိေနတယ္၊ ကိုယ့္ဘက္က ကစားသမားတစ္ဦး ဆိုးဆိုး႐ြား႐ြားဒဏ္ရာရသြားမာကို သူ

တို႔ေတြ လက္မခံၾကဘူး။ သူတို႔က အတူတကြစည္းလုံးေနၾကတာပါ၊ ဒါေပမယ့္ ဒါေပါ့ စိတ္ခံစားခ်က္ေတြ

ကိုေတာ့ ထိန္းရမာေပါ့၊ ဒါေပမယ့္ ဒီအေျခအေနမ်ိဳးမွာ အဲ့ဒီလိုထိန္းႏိုင္ဖို႔” အရမ္းခက္ခဲပါတယ္။ တစ္ဖက္

ကစားသမားရဲ႕ ဒီျပစ္ဒဏ္က်ဳးလြန္မႈက အရမ္းဆိုးပါတယ္၊ အန္တိုနီအေနနဲ႔ ဆိုးဆိုး႐ြား႐ြားဒဏ္ရာရသြား

ႏိုင္တယ္၊ ဒီကကြင္းက ပရိသတ္စင္နဲ႔ နီးေနတာကို ခင္ဗ်ားတို႔လည္း သိမာပါ။ ၿပီးေတာ့ ဒီအေနအထားမွာ

တစ္ဖက္ကစားသမားေတြေကာ၊ မန္ယူကစားသမားေတြေကာ ပါဝင္ခဲ့ၾကတာပါ၊ ကတ္စ္မဲ႐ိုးတစ္ဦးတည္

း မဟုတ္ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။ ဆက္လက္၍ ဖရက္ဒ္ရဲ႕ လည္ပင္းကိုညႇစ္ခဲ့တဲ့ အ႐ူး‌အေနနဲ႔လည္း

အနီကဒ္ထိသင့္သလားလို႔ေမးတဲ့အခါ တန္ဟန႔္က တစ္ခ်က္ၿပဳံးလိုက္ၿပီး ” အဲ့ဒီဟာကမွ ကတ္စ္မဲ႐ိုးဟာ

ထက္ေတာင္ ပိုဆိုးေသးတယ္လို႔ ေျပာလို႔ရပါတယ္။ ကတ္စ္မဲ႐ိုးကက်ေတာ့ တစ္ခ်က္ေလာက္အသိစိတ္

လြတ္သြားၿပီး၊ သူ လုပ္လိုက္မိတာက တကယ္ကိုခဏေလးပါပဲ။ ဒါေပမယ့္ အ႐ူးလုပ္တာကလည္း ‌ေသ

ခ်ာေပါက္ အနီပါပဲ။ VAR အေနနဲ႔ မွ်မွ်တတဆုံးျဖတ္သင့္တယ္ ” လို႔ ဆိုခဲ့ပါတယ္။