အာဆင်နယ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကလပ်ရဲ့စီမံကိန်းတွင်မပါဝင်တော့တဲ့ကစား သမား၉ဦးအထိရောင်းချကာပေါင်သန်း၆၀အထိ ရရှိရန်ရည်မှန်းထားပါတယ်။အာဆင်နယ်ဟာချန်ပီယံ လိဂ်ဝင်ခွင့်ရရှိရေးတိုက်ပွဲဝင်ရန်အတွက်နွေရာသီတွင်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၅၀အထိ သုံးရန်စီစဉ်ထားပါတယ်။ဒါပေမဲ့အာဆင်နယ်ဟာကစားသမားအချို့တို့ကိုရောင်းချပြီးအသုံးစရိတ်ရရှိ ရန်လုပ်ဆောင်သွားပါမယ်။အာဆင်နယ်ဟာမက်တီယိုဂွန်ဒူဇီနှင့်ကွန်စတင်တီနို့စ်မာဗရိုပါနို့စ်တို့ကိုမာ ဆေးလ်နှင့်စတုဂတ်သို့ရောင်းချပြီးပေါင်၁၂သန်းရှာဖွေထားပြီးဖြစ်ပါတယ်။အာဆင်နယ်ဟာဟက်တာ ဘယ်လီရန်၊လူကပ်စ်တိုရီရာ၊ဘန်းလီယို၊အိန်စလေမိုက်လန်းနေးလ်နှင့်ပါဘလိုမာရီတို့ကိုရောင်းချသွာ းပါဦးမယ်။အာတီတာဟာ လာမယ့်ရာသီတွင်ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားမှုနဲ့အတူ ဂိုးသမားမဟုတ်တဲ့ ကစားသမား ၂၂ ဦးအထိရှိရန်လိုအပ်ကြောင်းနည်းစနစ်ဒါရိုက်တာအီဒူးကိုပြောကြားတောင်းဆိုထား ပြီးဖြစ်ပါတယ်။တဖက်တွင်အာဆင်နယ်ဟာလာကာဇက်တီနှင့်အက်ဒီနကီတာတို့ကို အလွတ်ပြောင်း ရွှေ့ကြေးဖြင့်လက်လွှတ်ရပါမယ်။အာဆင်နယ်ဟာမိုဟာမက်အယ်နီနီကိုတစ်နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီးနောက် အသင်းတွင်စီနီယာကစားသမား၁၆ဦးသာရှိပါတယ်။ဒါပေမဲ့အာဆင်နယ်ဟာ အငှားဖြင့်သွားကစားနေတဲ့ဆာလီဘာနှင့်ရိုက်စ်နေဆင်တို့ပြန်လာနိုင်မှုကြောင့်တောင့်တင်းလာပါမယ်။ တဖက်တွင်အာတီတာဟာလူငယ်ကစားသမားများဖြစ်ကြတဲ့ချာလီပါတီနို၊မီဂွယ်အဇီး၊အိုမာရီဟတ် ချင်ဆန်တို့ကိုအခွင့်အရေးပေးသွားပါမယ်။ဒါပေမဲ့အာတီတာဟာယခုနွေရာသီတွင်တိုက်စစ်မှူးနှစ်ဦး၊ အလယ်တန်းကစားသမားတစ်ဦးနှင့်နောက်တန်းအစွန်လူတစ်ဦးအပါအဝင်စုစုပေါင်း ထိပ်တန်းကစား သမားလေးဦးခေါ်ယူလိုနေပါတယ်။အာဆင်နယ်ရဲ့ပစ်မှတ်ထဲတွင်ရိုးမားတိုက်စစ်မှူးတမ်မီအေဘရာ […]